Home ထိပ်တန်းသတင်း ဘိတ်ထားဝယ်ခရိုင်မှ စစ်‌ပြေးဒုက္ခသည်များ ကျန်းမာ‌ရေးချို့တဲ့‌နေ

ဘိတ်ထားဝယ်ခရိုင်မှ စစ်‌ပြေးဒုက္ခသည်များ ကျန်းမာ‌ရေးချို့တဲ့‌နေ

1697
မတ်လ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌တောင်ပိုင်း ဘိတ်ထားဝယ်ခရိုင်ဘက်တွင် နအဖထိုးစစ်‌ကြောင့် ‌တောထဲ‌တောင်ထဲ ထွက်‌ပြေးပုန်း‌အောင်း‌နေ ‌သော ပြည်တွင်းစစ်‌ပြေးဒုက္ခသည်များကို နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့မှ သွား‌ရောက်‌ဆေးကုသမှု ရပ်တန့်သွား‌သော‌ကြောင့် လက်ရှိအချိန်တွင် ကျန်းမာ‌ရေးချို့တဲ့ကာ ‌ရောဂါအမျိုးမျိုး ခံစား‌နေရသည်ဟု သိရသည်။

ဘိတ်ထားဝယ်ခရိုင် သရက်‌ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)၊ မယ်‌ငေါခီးဂွင်ရှိ အဆိုပါ စစ်‌ပြေးဒုက္ခသည်များအတွင်း ငှက်ဖျား နှင့် ဝမ်း‌လျှော‌ရောဂါအပြင် တခြား‌ရောဂါများ ဖြစ်ပွား‌နေသည်ဟု နယ်‌မြေခံတဦးက ‌ပြောသည်။

၎င်းက “အဲဒီ‌ဒေသ‌တွေမှာ ‌ရောဂါ‌တွေက‌တော့ အမြဲတမ်းဖြစ်‌နေတယ်။ ဒါ‌ပေမယ့် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေး လုပ် သား‌တွေ မသွားဖြစ်တဲ့‌နောက်ပိုင်းမှာ ‌တော်‌တော်အ‌ခြေအ‌နေ ဆိုးလာတယ်။ ‌တောထဲ‌တောင်ထဲဖြစ်‌နေ‌တော့ ငှက်ဖျား‌ရောဂါ အဖြစ်များတယ်။ ‌နောက် ဝမ်း‌လျှောနဲ့ တခြား‌ရောဂါ‌တွေလည်း ဖြစ်တယ်။ က‌လေး‌သေဆုံးမှု‌တွေလည်းရှိတယ်”ဟု ‌ပြောသည်။

အဆိုပါ‌ရောဂါများ‌ကြောင့် ‌သေဆုံးသူအ‌ရေအတွက် အ‌သေအချာ မသိရှိရ‌သေး‌သော်လည်း ထို‌ဒေသတွင် အိမ်‌ခြေ ၃၀‌ကျော်မှ လူဦး‌ရေ ၁၀၀‌ကျော်ရှိပြီး လတ်တ‌လောအချိန်တွင် လူဦး‌ရေ ၇၅ရာခိုင်နှုန်းခန့် ယင်း‌ရောဂါများ ကူးစက်ခံစားလျှက်ရှိရာ အများ စုက က‌လေးငယ်များဖြစ်ကြသည်ဟု သိရသည်။

ထို‌ဒေသတွင် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)က သတ်မှတ်ထားသည့် လူဦး‌ရေစံနှုန်း မပြည့်မီ သည့်အတွက်‌ကြောင့် ‌ဆေး‌ပေးခန်းမဖွင့်သည့်အပြင် ကျန်းမာ‌ရေးဆိုင်ရာ သွား‌ရောက်‌ဆေးကုသမှုကို လွန်ခဲ့သည့် ၂၀၀၈ခုနှစ် က ရပ်တန့်လိုက်ပြီဖြစ်‌ကြောင်း ဘိတ်ထားဝယ်ခရိုင် BPHWT မှ တာဝန်ရှိသူတဦးက ‌ပြောသည်။

သူက “အရင်တုန်းက‌တော့ ကျ‌နော်တို့ Mobile Clinic တခု သွားဖွင့်ထားတာရှိပါတယ်။ ‌ဆေးပစ္စည်း သယ်ယူပို့‌ဆောင်‌ရေး အ ခက်အခဲ‌ကြောင့်ရယ်။ ‌နောက်တခုက လူဦး‌ရေအရမ်းနည်း‌နေ‌တော့ ကျ‌နော်တို့(Back Pack)က သတ်မှတ်ထားတဲ့ လူဦး‌ရေနဲ့ မကိုက်ညီတဲ့အခါမှာ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်က ကျ‌နော်တို့ ကျန်းမာလုပ်သားအဖွဲ့‌တွေ မသွားဖြစ်‌တော့ဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)အဖွဲ့၏ ‌ပေါ်လစီအရ နယ်‌မြေ‌ဒေသတခုတွင် လူဦး‌ရေ ၂,၀၀ဝ အထက်ရှိမှာသာ ‌ဆေး‌ပေးခန်း ဖွင့်လှစ်ရမည်ဖြစ်ပြီး Mobile Clinic ဆိုလျှင် လူဦး‌ရေ ၃၀ဝမှ ၅၀ဝအထက်ရှိရမည်ဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိအချိန်တွင် အဆိုပါ စစ်‌ပြေးဒုက္ခသည်များအတွက် ကျန်းမာ‌ရေး ‌ဆေးကုသမှု၊ စားနပ်ရိက္ခာနှင့် လုံခြုံ‌ရေးတို့ အဓိက လိုအပ်ပြီး ‌ဆေးကုသမှုများနှင့် ပတ်သက်၍ မြန်မာပြည်လွတ်‌မြောက်‌ရေးအဖွဲ့ (FBR)မှ ရံဖန်ရံခါ သွား‌ရောက်လုပ်‌ဆောင်‌ပေး လျှက်ရှိသည် ဟု သိရသည်။

အဆိုပါ စစ်‌ပြေးဒုက္ခသည်များသည် သရက်‌ချောင်း(ကစယ်ဒို)မြို့နယ် အ‌ရှေ့ဘက်ခြမ်းရှိ ပ‌လောက်ရွာသားများဖြစ်ကြပြီး လွန် ခဲ့သည့် ၁၉၉၇ခုနှစ်က နအဖစစ်တပ်များက ‌ကေအဲန်ယူ တပ်မဟာ(၄)အား တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု ‌ကြောင့် ယခုအချိန်ထိ ‌တော‌တောင်ထဲ ထွက်‌ပြေးပုန်း‌ရှောင်ခဲ့ကြသူများဖြစ်သည်။