Home သတင်း ဘန်ကီမွန်းကို ‌ကေအဲန်ယူ ‌မေတ္တာရပ်ခံ

ဘန်ကီမွန်းကို ‌ကေအဲန်ယူ ‌မေတ္တာရပ်ခံ

1575
မတ်လ ၅ရက်။ ‌စောခါးစူးညား။ (‌ကေအိုင်စီ)

ကရင်ပြည်သူများအား ရန်သူသဖွယ် တိုက်ခိုက်‌နေသည့် နအဖ စစ်အစိုးရကို ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအ‌နေဖြင့် ဟန့်တား‌ပေးပါရန် ‌မေတ္တာရပ်ခံသည့် ‌ကြေညာချက်စာတ‌စောင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)က ယမန်‌နေ့၌ ထုတ်ပြန်လိုက်သည်။

စစ်အစိုးရ၏ တိုက်ခိုက်ခြင်းခံ‌နေရသည့် ကရင်လူထုများကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ‌ဒေသတွင်းလူထုများအ‌နေ ဖြင့် ကိုယ့်အ‌ရေးလို သ‌ဘောထားကာ စာနာ‌ထောက်ထား ‌ဖြေရှင်း‌ပေးရန် ရည်ရွယ်၍ ‌ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး ‌စောလှ‌ငွေက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“နအဖက ထိုးစစ်‌တွေပြုလုပ်ပြီး တိုင်းရင်းသား‌တွေကို ညှင်းပမ်းနှိပ်စက်တယ်။ အခု မြန်မာနိုင်ငံ ပြည်တွင်းထဲမှာ အိုင်ဒီပီ ‌တွေကလည်း ‌တောထဲမှာ ဒုက္ခ‌ရောက်‌နေကြတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းထဲက ဒုက္ခသည်‌တွေဟာ လည်း သူတို့ရဲ့ဘဝရပ်တည်ချက်ဟာ မ‌သေချာ မ‌ရေရာ စိုးရိမ်‌နေရတဲ့ အ‌နေအ ထားမှာ ရှိတယ်။ ဒါ‌တွေကို ကျ‌နော်တို့ မီး‌မောင်းထွန်းပြချင်လို့ပါ။ ကုလအ‌နေနဲ့လည်း ဒီထက် နအဖ စစ်အစိုးရကို ထိ‌ရောက်တဲ့ ဖိအားမှု‌တွေ ‌ပေးသင့်တယ်”ဟု သူက ‌ပြောသည်။

ဆက်လက်၍ သူက ‌ကေအဲန်ယူသည် ဒီမိုကရက်တစ်အဖွဲ့အစည်းဖြစ်သည့်အတွက် မြန်မာ့နိုင်ငံ‌ရေးကို ဒီမိုက‌ရေစီ နည်းကျကျ ‌ဖြေရှင်းလို‌ကြောင်း၊ ‌ကေအဲန်ယူသည် ပြည်သူအတွင်းမှ ‌ပေါက်ဖွားလာသည့် ‌တော်လှန်‌ရေးအဖွဲ့အစည်းဖြစ် သည့်အတွက် ‌တော်လှန်း‌ရေးကို ဆုံးခန်းတိုင် ‌အောင်ပွဲရသည်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်‌ကြောင်းနှင့် စစ် အစိုးရ အင်အားကြီးသည်ကို ‌ကြောက်မ‌နေဘဲ အမှန်တရားဘက်က မားမားမတ်မတ်ရပ်တည်သွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုသည်။

မြန်မာ့ပြည်တွင်းစစ် နှစ်(၆၀)‌ကျော်ကြာလာသည်နှင့်အမျှ အလားတူ ‌မေတ္တာရပ်ခံချက်၊ ပန်ကြားချက်များ ကုလသမဂ္ဂသို့ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ကုလသမဂ္ဂအ‌နေဖြင့် စစ်အစိုးရအား ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲစားပွဲခုံသို့ ‌ရောက်‌အောင် ဆက်လက်စွမ်း ‌ဆောင်‌ပေးနိုင်ရန်ကိုလည်း ‌ကေအဲန်ယူ ‌ကြေညာချက်တွင် ‌ရေးသားထားသည်။

ထို့အပြင် ‌ကေအဲန်ယူက ကရင်ပြည်သူများကို စစ်အစိုးရတပ် တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း မစ္စတာ ဘန်ကီမွန်း ထုတ်‌ဖော်‌ပြောကြားလိုက်သည့်အ‌ပေါ် ကြိုဆို‌သော်လည်း ယင်းအ‌ကြောင်းတခုတည်းဖြင့် ပြည့်စုံလုံ ‌လောက်လိမ့်မည် မဟုတ်‌သေး‌ကြောင်း ထုတ်ပြန်‌ကြေညာချက်တွင် ပါရှိသည်။