Home သတင်း တပ်စခန်းမှ ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

တပ်စခန်းမှ ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

1493
မတ်လ ၂ရက်။ ‌ကေအိုင်စီ

‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့ ည‌နေပိုင်းတွင် အိမ်‌ခြေ ၂၀ဝနီးပါးရှိ‌သော ‌ရေသိုးကြီး ‌ကျေးရွာထဲသို့ နအဖ ခမရ(၄၂၇)တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လူ‌နေအိမ်‌ခြေ အနည်းငယ် ထိခိုက်ပျက်စီး သွားခဲ့သည်ဟု ‌ဒေသသတင်းများအရ သိရသည်။

ဗိုလ်မှူးချုပ်‌ကျော်‌အေး ဦးစီးသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၇) လက်‌အောက်ခံတပ်ရင်းဖြစ်သည့် ခမရ(၄၂၇)တပ်ဖွဲ့သည် ၎င်းတို့ တပ်စွဲထားရာ ‌ရေသိုးကြီးစခန်းမှ ‌ရေသိုးကြီးရွာတွင်းသို့ လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ပြီး ‌နောက်တ‌နေ့တွင် အဆိုပါ တပ်ဖွဲ့က ရွာထဲသို့ ဝင်‌ရောက်ကာ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူ၍ ရွာသူရွာသားများအား ‌ကေအဲန်ယူက ပစ်ခတ်ခြင်းဖြစ် ‌ကြောင်း အတင်းအကြပ် ထွက်ဆိုခိုင်းခဲ့သည်ဟု ‌ဒေသခံတဦးက ယခုလို ‌ပြောသည်။

“အဲဒီည‌နေ ၄နာရီဝန်းကျင်‌လောက်မှာ ခမရ(၄၂၇)က သူတို့ရဲ့ ‌ရေသိုးကြီးစခန်းက‌နေပြီး ‌ရေသိုးကြီးရွာထဲကို လက်နက်ကြီးနဲ့ ၁ဝလုံး‌လောက် လှမ်းပစ်တယ်။ ရွာသား‌တွေက ဗုံးကျင်း‌တွေထဲ ဝင်ပုန်း‌တော့ လူကို မထိခိုက်‌ပေမဲ့ အိမ် ၄လုံး လက်နက်ကြီးထိ လို့ ပျက်သွားတယ်။ ‌နောက်တ‌နေ့မှာ စစ်တပ်က ရွာထဲဝင်လာပြီး ပျက်စီးတာ‌တွေကို ဓာတ်ပုံရိုက်ယူတယ်။ ‌နောက်ပြီး ‌ကေအဲန် ယူက လာပစ်တာလို့ ရွာသား‌တွေကို ‌ပြောခိုင်းတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ‌ကေအဲန်ယူ တပ်မဟာ(၂)မှ တပ်ဖက်အရာရှိတဦးက “အခု လက်နက်ကြီး ပစ်ချခံရတဲ့ ‌ကျေးရွာက နအဖ ထိန်းချုပ်ထားတဲ့ နယ်‌မြေ‌တွေပဲ။ ‌ကေအဲန်ယူမှ မသွားနိုင်တာ။ ရွာသား‌တွေက‌တော့ သူတို့ခိုင်းရင် ‌ခေါင်းညိတ်ရတာပဲ။ ဒါနဲ့ပဲ သူတို့(နအဖ)က သတင်းမီဒီယာ‌တွေမှာ လုပ်ကြံအမြတ်ထုတ်မှာ‌ပေါ့”ဟု ဆိုသည်။

၎င်းအပြင် ယခုလ (၂၃)နှင့် (၂၅)ရက်‌နေ့ကလည်း နအဖ ခလရ(၂၆၁)တပ်ဖွဲ့က ထန်းတပင်မြို့နယ်အတွင်းရှိ တိပ်ပု၊ ဇင်းဘို (‌ဆော်မူဒဲ)အပြင် ‌ရေသိုးကြီးအ‌ရှေ့ခြမ်းရှိ ရွာပုန်းရွာ‌ရှောင်‌နေရာများနှင့် ‌တောင်ငူ-ကတိုင်တိ ကားလမ်းတ‌လျှောက် လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

နအဖတပ်များ ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရခြင်းမှာ ၎င်းတို့၏ နယ်‌မြေစိုးမိုး‌ရေး စီမံချက်တခုဖြစ်ပြီး ‌နွေရာသီတွင် ‌ဒေသ ခံများ၏ စိုက်ခင်းနှင့် ဥယျာဉ်ခြံများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်‌လေ့ရှိသလို ၂၀၀၉ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလကလည်း အလားတူ ပစ်ခတ်မှု‌ကြောင့် အမျိုးသမီးနှင့် က‌လေးသူငယ်အချို့ ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

အလားတူ ဇန်နဝါရီလ ၁၉ရက်‌နေ့ကလည်း ဖာပွန်ခရိုင်၊ ‌ခေးပူဂွင်တွင် စကခ(၂၁)မှ ခမရ(၃၈၇)၏ ပစ်ခတ်မှု‌ကြောင့် ‌ကျောင်း သားငယ် တဦး ‌သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်တွင် ယခင်က ဗိုလ်မှူးချုပ်ခင်‌မောင်ဆင့် ဦးစီးသည့် စကခ(၅) လက်‌အောက်ခံတပ်များ လှုပ်ရှား ခဲ့‌သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ဗိုလ်မှူးချုပ်‌ကျော်‌အေး ဦး‌ဆောင်သည့် စကခ(၇) လက်‌အောက်ခံ တပ်ရင်းများက ‌ပြောင်း‌ရွှေ့ဝင်‌ရောက်လာခဲ့သည်။