Home သတင်း ခရိုင်အဆင့် ကရင်လူငယ်ညီလာခံ ပြီးစီး

ခရိုင်အဆင့် ကရင်လူငယ်ညီလာခံ ပြီးစီး

1742
မတ်လ ၁၃ရက်။ (‌ကေအိုင်စီ)

ကရင်လူငယ်အစည်းအရုံး(‌ကေဝိုင်အို)၏ ဒူးပလာယာခရိုင် ညီလာခံကို ကရင်ပြည်နယ်၊ ဝင်း‌ရေးမြို့နယ်အတွင်း၌ ယ‌နေ့ မတ် လ ၁၃ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

အဆိုပါ ခရိုင်အဆင့် ညီလာခံကို မတ်လ ၁ဝရက်‌နေ့မှစ၍ ‌လေးရက်တိုင်တိုင် ကျင်းပခဲ့ရာ မြို့နယ်‌လေးမြို့နယ်မှ ကိုယ်စား လှယ်များနှင့် ‌လေ့လာသူများ စုစု‌ပေါင်း ၆၀‌ကျော် တက်‌ရောက်ခဲ့ကြ‌သော်လည်း ကျုံဒိုးမြို့နယ်မှာ တက်‌ရောက်နိုင်ခြင်းမရှိဟု ‌ကေဝိုင်အို ဗဟိုမှ ဥက္ကဌ ‌စောလှထွန်းက ‌ပြောသည်။

သူက “ဒူးပလာယာခရိုင်ထဲမှာ မြို့နယ် ၅ခုရှိတဲ့အနက် ‌ကော့ကရိတ်၊ နို့တ‌ကော(ကြာအင်းဆိပ်ကြီး)၊ ဝင်း‌ရေး၊ နို့ဖိုးမြို့နယ်က ကိုယ်စားလှယ်‌တွေ ညီလာခံကို တက်‌ရောက်ခဲ့ကြတယ်။ ကျုံဒိုးမြို့နယ်က‌တော့ အ‌ခြေအ‌နေအရ မတက်‌ရောက်နိုင်ခဲ့ဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ ညီလာခံတွင် ‌ရှေ့လုပ်ငန်းစဉ်အဖြစ် ဆုံးဖြတ်ချက် ၁၅ချက်ကို ချမှတ်ခဲ့ကြရာ အရည်အချင်း ပြည့်ဝသည့်လူငယ်များ ‌မွေးထုတ်သွားရန်၊ ဌာနဆိုင်ရာတွင် လူငယ်အင်အား ဖြည့်ဆည်းသွားရန်၊ ခရိုင်အတွင်း သစ်‌တောပြုန်းတီးလာမှု‌ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလုပ်‌ဆောင်သွားရန် စသည်တို့ ပါရှိသည်ဟု ၎င်းညီလာခံသို့ ကိုယ်တိုင် သတင်းသွား‌ရောက် ရယူခဲ့သူ ‌ကေအိုင်စီသတင်း‌ထောက် နန်းထူးစံက ‌ပြောသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် ဒူးပလာယာခရိုင် ‌ကေဝိုင်အို ညီလာခံသည် စတုတ္ထအကြိမ်‌မြောက်ဖြစ်ပြီး ဥက္ကဌ ‌စောမိုးအဲဒို့၊ ဒုဥက္ကဌ ‌စောတာပဆဲ၊ အတွင်း‌ရေးမှူး စ‌ဖော့‌အောင်းကိန်း၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောသာဝါး အပါအဝင် အမှု‌ဆောင် ၉ဦးကို ‌ရွေး ‌ကောက်တင်‌မြှောက်ခဲ့ကြသည်ဟု သိရသည်။

ကရင်လူငယ်အစည်းအရုံး(‌ကေဝိုင်အို)ကို ၁၉၈၉ ခုနှစ်၊ ‌မေလ (၂၃)ရက်‌နေ့တွင် မာနယ်ပ‌လောနယ်‌မြေတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ခရိုင်ညီလာခံသို့ ‌ကေဝိုင်အို ဗဟို ဥက္ကဌ ‌စောလှထွန်းနှင့် ဒုဥက္ကဌ ‌စော‌ဝေထူးတို့ တက်‌ရောက်ခဲ့ကြသည်။