Home သတင်း ‌ရွှေ့‌ပြောင်း‌ဒေသမှ မြန်မာက‌လေးငယ်များ ‌ပျော်ပွဲရွှင်ပွဲ စု‌ပေါင်းကျင်းပ

‌ရွှေ့‌ပြောင်း‌ဒေသမှ မြန်မာက‌လေးငယ်များ ‌ပျော်ပွဲရွှင်ပွဲ စု‌ပေါင်းကျင်းပ

1704
‌ဖေ‌ဖော်ဝါရီလ ၁၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ‌ရွှေ့‌ပြောင်းမြန်မာစာသင်‌ကျောင်းများမှ က‌လေးများက နိုင်ငံတကာ က‌လေးများ‌နေ့၊ မြန်မာက‌လေး များ‌နေ့နှင့် (၉၅)နှစ်‌မြောက် ဗိုလ်ချုပ်‌အောင်ဆန်း ‌မွေး‌နေ့တို့အတွက် ‌ပျော်ပွဲရွှင်ပွဲ ပြုလုပ်ကာ ယ‌နေ့ စု‌ပေါင်းကျင်းပခဲ့ကြသည်။

ထိုအခမ်းအနားကို က‌လေးအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မှု‌ကော်မတီ (မြန်မာနိုင်ငံ)က “က‌လေးများ ဖွံ့ဖြိုးတိုးတက်မှုမှ ငြိမ်းချမ်းသာယာ‌သော လူမှုပတ်ဝန်းကျင်သို့” ‌ဆောင်ပုဒ်ဖြင့် ကြီးမှူးကျင်းပခြင်းဖြစ်ပြီး က‌လေးများက ၎င်းတို့၏ အခွင့်အ‌ရေးကို အပြည့်အဝခံစားနိုင်‌ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု (Children Develop-ment Centre)မှ ‌ကျောင်းအုပ်ဆရာကြီး မန်း ‌ရွှေနှင်းက ယခုလို ‌ပြောဆိုသည်။

“ခါတိုင်းနှစ်ဆိုရင် နိုင်ငံတကာက‌လေးများ‌နေ့ တခုတည်းကိုပဲ ကျ‌နော်တို့ ကျင်းပ‌လေ့ရှိတယ်။ ဒီနှစ်ကျ‌တော့ နိုင်ငံတကာ က‌လေးများ‌နေ့၊ မြန်မာနိုင်ငံက‌လေးများ‌နေ့ အပါအဝင် ဗိုလ်ချုပ်‌အောင်ဆန်းရဲ့ ‌မွေး‌နေ့ကိုပါ တခါတည်း စု‌ပေါင်းပြီး ကျ‌နော်တို့ ကျင်းပတယ်။ ရည်ရွယ်ချက်က‌တော့ က‌လေးအချင်းချင်း ရင်းနှီးမှု‌တွေ၊ အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်မှု အခန်းကဏ္ဍ‌တွေ ပြသနိုင်ဖို့နဲ့ တဖက်ကလည်း က‌လေး‌တွေရဲ့ အခွင့်အ‌ရေး‌တွေကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် ဖြစ်တယ်”ဟု ဆိုသည်။

အဆိုပါ ‌ပျော်ပွဲရွှင်ပွဲကို မနက် ၈နာရီမှ ည‌နေ ၅နာရီအထိ သတ်မှတ်ထားကာ ‌ရွှေ့‌ပြောင်းမြန်မာစာသင်‌ကျောင်း ၆၂‌ကျောင်းမှ က‌လေးလူငယ် ၃,၀၀ဝ ဝန်းကျင်ခန့် တက်‌ရောက်ဆင်နွှဲကြပြီး က‌လေးများနှင့် ပတ်သက်သည့် ‌ဟော‌ပြောပွဲ၊ ဆို၊ က၊ ‌ရေး၊ တီး ပြိုင်ပွဲနှင့် ကစားနည်းအမျိုးမျိုးတို့ကို လုပ်‌ဆောင်‌ပေးခဲ့ကြသည်။

ထိုပွဲတွင် ပါဝင်ခဲ့သူ အသက် ၇နှစ်အရွယ်ရှိ စီဒီစီ‌ကျောင်းသူ မသိန်းဖြူက “‌ပျော်လည်း ‌ပျော်တယ်။ ‌မောလည်း ‌မောတယ်။ သူငယ်ချင်းအများကြီးနဲ့ သမီး ကစားရတယ်။ ပူ‌ဖေါင်း‌လေး‌တွေလည်း အများကြီးရတယ်။ ဒီလိုဖြစ်‌မြောက်‌အောင် ကျင်းပ‌ပေး တဲ့ ဆရာ/ဆရာမ‌တွေကို သမီးအရမ်းပဲ ‌ကျေးဇူးတင်တယ်”ဟု ‌ပြောသည်။

P1030073

အဆိုပါပွဲတွင် က‌လေးများနှင့်အတူ ပါဝင်ကစားသည့် Foundation for Education Development (FED) အဖွဲ့မှ ရန်မျိုးနိုင် က “အခုလို က‌လေး‌ပျော်တာကို မြင်ရ‌တော့ အရမ်း‌ပျော်တယ်‌ပေါ့ဗျာ။ သူတို့‌တွေ အများစုက မိဘနဲ့ ခွဲခွာ‌နေတဲ့ က‌လေး‌တွေ ဖြစ်တယ်။ မြန်မာပြည်ဆို သူတို့‌တွေ ဒီလို လွတ်လွတ်လပ်လပ် အခွင့်အ‌ရေးမျိုး ကစားရတာမှ မဟုတ်တာ”ဟု ‌ပြောသည်။

နိုင်ငံတကာ က‌လေးများ‌နေ့အား က‌လေးများ ရသင့်ရထိုက်သည့် အခွင့်အ‌ရေးများကို အတူပူး‌ပေါင်းပါဝင် လုပ်‌ဆောင်ရန် ရည် ရွယ်၍ ၁၉၅၉ခုနှစ်၊ နိုဝင်ဘာလ ၂ဝရက်‌နေ့တွင် နိုင်ငံ‌ပေါင်း ၁၉၃နိုင်ငံက အတည်ပြု လက်မှတ်‌ရေးထိုးခဲ့သည်။

တဆက်တည်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ သမဂ (ဗကသ)နှင့် SAW ‌ကျောင်းမှ က‌လေးငယ်များက ဗမာ့ လွတ်လပ်‌ရေးဖခင်ကြီး ဗိုလ်ချုပ်‌အောင်ဆန်း၏ ၉၅နှစ်‌မြောက် ‌မွေး‌နေ့ပွဲနှင့် မြန်မာနိုင်ငံက‌လေးများ‌နေ့ကို မဲ‌ဆောက်မြို့ရှိ ၎င်း တို့၏‌ကျောင်းများ၌ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။