Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များရဲ့ စကားလက်‌ဆောင်

လူငယ်များရဲ့ စကားလက်‌ဆောင်

1847

Naw Zin Min Htet‌နော်ဇင်မင်းထက် – ၂၂နှစ်
ပညာ – ဆယ်တန်း‌အောင်
ဝါသနာ – နိုင်ငံ‌ရေး

ကျမက ဘီးလင်းမြို့နယ်၊ မြစ်ကျိုး‌ကျေးရွာကပါ။ လက်ရှိမှာ ကျမတို့ မိဘ‌တွေနဲ့ မယ်လဒုက္ခသည်စခန်းမှာ‌နေပါတယ်။ မြစ် ကျိုးရွာမှာ မူလတန်း‌ကျောင်းပဲရှိ‌တော့ ‌လေးတန်းအထိပဲ ပညာသင်ပြီး အလယ်တန်းကို မြို့မှာမထားနိုင်လို့ ၂၀၀ဝခုနှစ်မှာ မဲ့ ‌ခေါင်ခါးဒုက္ခသည်စခန်းက ဗမာနိုင်ငံလုံးဆိုင်ရာ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (‌အေဘီအက်စ်ဒီအက်ဖ်)ဖွင့်တဲ့ အ ထက်တန်း‌ကျောင်းမှာ ၇တန်းအထိ ‌ကျောင်းတက်ခဲ့တယ်။ ၂၀၀၄ခုနှစ်မှာ မဲ့‌ခေါင်ခါးက‌နေ မယ်လအူးစခန်းသစ်ကို ‌ပြောင်းပြီး ၉တန်း‌အောင်ခဲ့တယ်။
ဒုက္ခသည်စခန်းမှာ ‌ကျောင်းတက်တာ မြန်မာပြည်နဲ့စာရင် အ‌တော်‌ကောင်းပါတယ်။ ‌ကျောင်းစာ‌တွေအပြင် အခြားပြင်ပ ဗဟု သုတစာ‌တွေလည်း သိခွင့်ရတယ်။ ဒါ့အပြင် ဒုက္ခသည်မှာ ‌ကျောင်းသုံးပစ္စည်းကအစ ဘာမှ ပူစရာမလိုဘူး‌လေ။ ကျမက‌တော့ ဒုက္ခသည်မှာ ‌ကျောင်းတက်ခွင့်ရတာ ‌ကျေနပ်တယ်။ ၂၀၀၇ခုနှစ်မှာ ရွာတ‌ခေါက်ပြန်‌ရောက်‌တော့ သူငယ်တန်းက‌နေ ‌လေးတန်းအ ထိ မြန်မာ၊ အဂင်္လိပ်စာနဲ့ သချင်္ာကို ရွာမှာ ကျမ တနှစ်‌လောက် သင်‌ပေးခဲ့တယ်။ ၂၀၀၈ခုနှစ် မတ်လမှာ ဆယ် တန်းတက်ဖို့ မယ်လစခန်းကို တက်လာပြီး တလအကြာ ရွာမှာ အဖွားကို စစ်တပ်က ပစ်သတ်လိုက်တယ်။ ရွာထဲမှာ နအဖ စစ်တပ်နဲ့ ‌ကေအဲန်အယ်လ်‌အေတပ်‌တွေ တိုက်ပွဲဖြစ်ချိန် အိမ်‌အောက်က တွင်းထဲကို အကာအကွယ်ယူဖို့ ဆင်းလာတဲ့ ကျမ အဖွားကို နအဖ စစ်သားတ‌ယောက်က ပစ်သတ်လိုက်ပါတယ်။ အဖွားဆုံးပြီး မကြာခင် ကျမ မိဘ‌တွေလည်း ရွာမှာမ‌နေ‌တော့ ဘဲ မယ်လစခန်းကို လာခဲ့လိုက်တယ်။
ကျမ ဆယ်တန်း‌အောင်‌တော့ (COERR)လို့ ‌ခေါ်တဲ့ လူမှုအဖွဲ့အစည်းတခုမှာ သုံးလ အလုပ်ဝင်လုပ်‌သေးတယ်။ ဒါ‌ပေမယ့် ကျမ စိတ်ထက်သန်တာက နိုင်ငံ‌ရေးပါ။ ဒါ‌ကြောင့် ဒီမိုက‌ရေစီဖွံ့ဖြိုးတိုးတက်‌ရေးအင်အားစု(အဲန်ဒီဒီ)က ဖွင့်တဲ့ ၆လကြာ နိုင်ငံ ‌ရေးသင်တန်းတခုကို ကျမ တက်ခဲ့ရတယ်။ ဒီသင်တန်းဟာ ကျမအတွက် အကျိုးရှိ‌ပေမယ့် မပြည့်စုံ‌သေး‌တော့ နိုင်ငံ‌ရေးနဲ့ ပတ်သက်ပြီး ဆက်လက် သင်ယူအုံးမှာပါ။
ကျမကို နိုင်ငံ‌ရေးစိတ်ဝင်စား‌အောင် တွန်းပို့‌ပေးတာက မြန်မာနိုင်ငံကို အုပ်ချုပ်‌နေတဲ့ နအဖ စစ်အာဏာရှင်‌တွေပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အ‌ခြေအ‌နေကိုကြည့်ရင် ကျမတို့နိုင်ငံက မလွတ်လပ်‌သေး‌တော့ ဒီအချိန်မှာ ကျမတို့ နိုင်ငံ‌ရေး မလုပ်လို့မဖြစ် ဘူး။ ဒီက‌နေ့ ပြည်တွင်းပြည်ပမှာရှိတဲ့ လူငယ်‌တွေနဲ့ နယ်စပ်တ‌လျှောက်က လူငယ်‌တွေလည်း ဘယ်‌နေရာပဲ‌ရောက်‌နေ‌နေ ကိုယ့်နိုင်ငံနဲ့ လူမျိုးကို မ‌မေ့ကြဘဲ တတ်စွမ်းသမျှ တ‌ထောင့်တ‌နေရာက‌နေ ပါဝင်ကူညီကြဖို့ ‌ပြောချင်ပါတယ်။

Saw Thein EhKalu‌စောသိန်းအဲ့ကလု – ၂၆နှစ်
ပညာ – ‌ခေါင်း‌ဆောင်မှုနဲ့ စီမံခန့်ခွဲမှု‌ကျောင်း‌အောင်
ဝါသနာ – ‌တော်လှန်‌ရေးသမား

ကျ‌နော်က ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ထဲညာ့ဒဲရွာကပါ။ ညီအကို ၅‌ယောက်ရှိပါတယ်။ မိဘ‌တွေက‌တော့ ရွာမှာပဲ‌နေပြီး ‌တောင်ယာလုပ်ငန်းကိုပဲ အသက်‌မွေးဝမ်း‌ကျောင်းအဖြစ် အဓိက လုပ်ကိုင်ကြတယ်။ ကျ‌နော်က ရွာမှာ ၂တန်းအထိ၊ ၁၉၉၆ ခုနှစ်မှာ မဲ‌ခေါင်ခါးဒုက္ခသည်စခန်းက အမှတ်(၁)အထက်တန်း‌ကျောင်းမှာ ၅တန်းအထိ ‌ကျောင်းတက်ခဲ့တယ်။ ၂၀၀၃ခုနှစ်မှာ စခန်းထဲက ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တပ်ဦး(‌အေဘီအက်စ်ဒီအက်ဖ်)‌ကျောင်းမှာပဲ ဆယ်တန်း‌အောင် ခဲ့တယ်။ ပြီး‌တော့ မယ်လအူးစခန်းက ‌ခေါင်း‌ဆောင်မှုနဲ့ စီမံခန့်ခွဲမှု‌ကျောင်းကို ၂နှစ် ဆက်တက်ခဲ့တယ်။
ကျ‌နော် ငယ်ငယ်တုန်းက ပန်းချီပဲ ဝါသနာပါတယ်။ ကြီးလာ‌တော့ ‌တော်လှန်‌ရေးပဲ လုပ်ချင်လာတယ်။ ဘာဖြစ်လို့ ဒီလို ‌ပြောင်းသွားလဲဆို‌တော့ ကိုယ့်ရွာမှာ လူငယ်အများစုဟာ ကိုယ်နဲ့ မလိုက်ဖက်ဘဲ လူကြီး‌တွေနဲ့အတူ အလုပ်လုပ်ရတယ်။ ‌ကျောင်းလည်းမ‌နေရဘူး။ တိုင်းပြည်မှာ လူထု‌တွေဟာ လွတ်လွတ်လပ်လပ် သွားလာ၊ လုပ်ကိုင်စား‌သောက်လို့ မရဘူး။ ဒါ ‌ကြောင့် ‌တော်လှန်‌ရေးအလုပ်ကို ကျ‌နော်တို့မှမလုပ်ရင် အ‌ခြေအ‌နေ‌တွေက ပိုဆိုးလာပြီး ကျ‌နော်တို့လူမျိုးလည်း ‌ပျောက်သွား နိုင်တယ်။ ဒီအလုပ်ကို တတ်နိုင်သမျှ လုပ်‌ဆောင်သွားရမှာပဲ။ ကျ‌နော်တို့‌ခေါင်း‌ဆောင်ဖြစ်တဲ့ ပဒိုမန်းရှာလုပ်ကြံခံရပြီး‌နောက် လူငယ်‌တွေဟာ ပဒိုမန်းရှာလို ‌ခေါင်း‌ဆောင်‌ကောင်း‌တွေ အများကြီး လိုအပ်ပါတယ်။ လက်ရှိ‌တော်လှန်‌ရေး အ‌ခြေအ‌နေကို ကြည့်မယ်ဆိုရင် ပဒိုမန်းရှာရှိစဉ် ကာလထက် သိပ်ပြီး အားမရတာ‌တော့အမှန်ပဲ။
ဒါ‌ပေမဲ့ ဝါရင့်နိုင်ငံ‌ရေးသမား‌တွေ အများကြီးရှိကြပါ‌သေးတယ်။ ဒါ‌ကြောင့် ဖြစ်နိုင်ရင် လူငယ်‌တွေကို နိုင်ငံရပ်ခြားမှာ ပညာ ‌တော်သင်အဖြစ် ပို့သင့်တယ်။ နိုင်ငံ‌ရေးကို စာ‌တွေ့‌ရော၊ လက်‌တွေ့ပါ လုပ်မယ်ဆိုရင်‌တော့ ပို‌ကောင်းမယ်။ အချိန်ကုန်လည်း သက်သာတယ်။ တချို့လူငယ်‌တွေ တတိယနိုင်ငံထွက်သွားတာဟာ သူတို့ရဲ့ ဘဝလိုအပ်ချက်နဲ့ ပညာ‌ရေးအတွက် သွားကြ တာပဲ။ တတိယနိုင်ငံထွက်သွားတဲ့သူဖြစ်‌စေ၊ ‌တော်လှန်‌ရေးလုပ်‌နေတဲ့သူဖြစ်‌စေ တ‌နေ့ကျရင် ကိုယ့်လူမျိုးအတွက် အကျိုးရှိ မှာပဲလို့ ယုံကြည်တယ်။
ကျ‌နော်တို့ လူငယ်‌တွေဟာ အနာဂတ်မှာ တိုင်းပြည်ရဲ့ အင်အားဖြစ်ပြီး ‌ခေါင်း‌ဆောင်တာဝန်ကို ဆက်ခံရမယ်။ ဒါ‌ကြောင့် သိ သင့်သိထိုက်တာ‌တွေကို ‌လေ့လာကြပါ။ မိမိကိုယ်ကို တန်ဖိုးရှိတဲ့လူတ‌ယောက်လို ‌နေကြပါ။ ဘာမှနားမလည်၊ ဘာမှမ‌လေ့ လာရင်‌တော့ ‌နောင်တချိန် တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာမှ‌မျှော်လင့်ချက်ရှိ‌တော့မှာ မဟုတ်ဘူး။ ဒါ‌ကြောင့် အကျိုးမရှိတဲ့ အလုပ်‌တွေနဲ့ အချိန်မဖြုန်းကြပါနဲ့။ ကိုယ့်တာဝန်ကို ကိုယ်တိုင်လုပ်ကြပါလို့‌ပြောချင်ပါတယ်။