Home သတင်း ဒုက္ခသည် မိသားစု (၃)စု ‌နေရပ်ပြန်

ဒုက္ခသည် မိသားစု (၃)စု ‌နေရပ်ပြန်

1707
‌ဖေ‌ဖော်ဝါရီလ ၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထာ့‌ဆောင်ယန်းမြို့နယ်၊ နိုဘိုး‌ကျေးရွာ ဒုက္ခသည်စခန်းရှိ ကရင်စစ်‌ပြေးဒုက္ခသည် မိသားစု ၃စုကို ယ‌နေ့မနက် ၉နာရီခွဲတွင် ထိုင်းနယ်စပ်လုံခြုံ‌ရေး ထာ့ဟန်ဖန်းအဖွဲ့က မြန်မာဘက်ခြမ်းရှိ လယ့်‌ပေါ်ဟဲ‌နေရာသို့ ပြန်ပို့လိုက်သည်ဟု ‌ကေအိုင်စီက စုံစမ်း သိရှိရသည်။

ထိုင်းစစ်တပ်အာဏာပိုင်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် နိုဘိုးဒုက္ခသည်များကို ‌ဖေ‌ဖော်ဝါရီလ ၅ရက်မှ ၁၅ရက်အတွင်း အကုန်ပြန်ပို့မည်ဟု ‌ပြောဆိုထားခဲ့ပြီး‌နောက် ယခုလို ပြန်ပို့ခြင်းအစီအစဉ်ကို စတင်လုပ်‌ဆောင်ခြင်းဖြစ်သည်။

Ler Per hel 3

‌ကေဝိုင်အိုအဖွဲ့ဝင် လူငယ်တဦးက “ဒီ‌နေ့ ပြန်ပို့ခံရတဲ့ မိသားစုသုံးစုမှာ လူဦး‌ရေ (၁၃)‌ယောက်ဆို‌ပေမယ့် အဲဒီထဲမှာ ‌ယောက်ျား နှစ်‌ယောက်ကလွဲပြီး ကျန်တဲ့ အိမ်‌ထောင်သည်အမျိုးသမီး၊ အပျို‌ပေါက်အရွယ် မိန်းခ‌လေးနဲ့ က‌လေးငယ်‌တွေချည်းပဲ တဖက် ကမ်းကို ပြန်ကူးသွားတယ်။ အဲဒီအထဲမှာ (၆)လသားအရွယ် က‌လေးတ‌ယောက်လည်း ပါတယ်”ဟု ‌ပြောသည်။

ပြန်ပို့ခံရသည့်မိသားစုများထဲမှ အမျိုးသားနှစ်ဦးမှာ မြန်မာနိုင်ငံဘက်ခြမ်း ‌သောင်ရင်းမြစ်တဘက်ကမ်းသို့ မကူး‌သေးဘဲ အမျိုး သမီးနှင့် က‌လေးများကိုသာ အရင်ပြန်နှင့်‌စေသည်ဟု သိရသည်။

သို့‌သော် တဘက်ကမ်းသို့ ‌ရောက်သွားသည့် ၎င်းအမျိုးသမီးနှင့် က‌လေးငယ်များသည် အပြန်လမ်း၌ မိုင်းဗုံးများအကြား ‌ကျော် ဖြတ်ရမည့်အ‌ရေး မဝံ့မရဲဖြစ်ကာ ထိုင်းဘက်ခြမ်းကို ပြန်သွားချင်‌ကြောင်း‌ပြောရာ ဒီ‌ကေဘီ‌အေ စစ်သားတဦးက “ပြန်လာရင် ပြန်လာ‌ပေါ့။ ပြန်လာပြီးမှ ပြန်သွားတာ မကြိုက်ဘူး။ ဒီလိုလုပ်လို့ မရဘူး”ဟု ‌ပြော‌ကြောင်း မျက်မြင်သက်‌သေတဦးက ‌ပြော သည်။

ယ‌နေ့ပြန်ပို့ခံရသည့် မိသားစု ၃စုမှာ (၁)ဖားမီးကလယ်(မပြန်)၊ ‌နော်မူးကျူး၊ ‌နော်ခင်‌လေးချစ်၊ ‌နော်ချလယ်နှင့် သူမ၏ ၆လ သားက‌လေး။ (၂)‌စောကလယ်ထူး(မပြန်)၊ ‌နော်က‌လောခီး၊ ‌နော်က‌လောမူး၊ ‌စောဖားက‌လော။ (၃)လားခုမိုး၊ ‌စော‌ကျော်ဖိုး၊ ‌စောဖားသဒါးနှင့် ‌နော်မုမုတို့ ဖြစ်ကြသည်။

အဆိုပါ ထိုင်းနယ်စပ်လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များသည် ယ‌နေ့မနက်ပိုင်းမှစ၍ ၎င်းတို့၏ စစ်ယူနီ‌ဖောင်းကို မဝတ်ဆင်ဘဲ သာမန်အ ရပ်ဝတ်ဖြင့်ပင် ဒုက္ခသည်များပြန်ရာလမ်းတ‌လျှောက်တွင် လုံခြုံ‌ရေးချထားကာ သွားလာသူများကို စစ်‌ဆေး‌မေးမြန်းလျှက်ရှိ သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယင်းသို့ ဒုက္ခသည်များအား ပြန်လည်ပို့‌ဆောင်ရာတွင် နိုဘိုးရွာသားများ၏ ကားများဖြင့် ‌လှေဆိပ်သို့ ပို့‌ဆောင်‌ပေးခဲ့ပြီး မြန်မာ ဘက်ကမ်းမှ ဒီ‌ကေဘီ‌အေ တပ်ရင်း(၇)မှ တပ်ခွဲမှူးအဆင့်ရှိသူတဦးက ‌စောင့်ကြို‌ပေး‌နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ရက်‌နေ့တွင် ထိုင်းနယ်စပ်လုံခြုံ‌ရေး(ထာ့ဟန်ဖန်း)တပ်ဖွဲ့ဝင်များသည် နိုဘိုး‌ကျေးရွာမှ ဒုက္ခသည် ၅ဝ ဦးကို ‌ခေါ်‌ဆောင်ကာ လယ့်‌ပေါ်ဟဲ‌နေရာသို့ ပြန်လည်ကြည့်ရှုခဲ့ပြီး‌နောက် ယခု ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းတွင် ပြန်လည်ပို့‌ဆောင် ခြင်းဖြစ်သည်။