Home သတင်း ကရင်သတင်းဌာနကို ထိုင်းအာဏာပိုင်များ ဝင်‌ရောက်

ကရင်သတင်းဌာနကို ထိုင်းအာဏာပိုင်များ ဝင်‌ရောက်

2013
‌ဖေ‌ဖော်ဝါရီလ ၄ရက်။ ‌ကေအိုင်စီ

ယ‌နေ့နံနက် ၆နာရီတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ကရင်သတင်းဌာန(‌ကေအိုင်စီ)ကို ထိုင်းစစ်တပ်နှင့် ရဲများက ဝင်‌ရောက်စစ် ‌ဆေးမှု ပြုလုပ်ခဲ့သည်။

အင်အား ၂ဝဦး‌ကျော်ရှိသည့်ရှိ အဆိုပါထိုင်းအာဏာပိုင်များသည် ‌ကေအဲန်ယူမှ ပဒို‌စော‌ဒေးဗစ်သက‌ဘော ‌နေထိုင်ခဲ့သည့်အ ခန်းနှင့် ‌ကေအိုင်စီရုံး နှစ်ခန်းကို တရားဝင် လာ‌ရောက်‌မေးမြန်းခွင့်စာရွက်နှင့် ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

အချိန် တစ်နာရီကြာ ဝင်‌ရောက်စစ်‌ဆေးရာတွင် ၎င်းတို့ယူ‌ဆောင်လာသည့် ဝင်‌ရောက်စစ်‌ဆေးပိုင်ခွင့်စာထဲ၌ မူးယစ်‌ဆေးဝါး နှင့် လက်နက်ပစ္စည်း သို‌လှောင်ထားမှု ရှိမရှိကို လာ‌ရောက်စစ်‌ဆေးခြင်းဖြစ်သည်ဟု ‌ရေးသားထား‌ကြောင်း သိရသည်။

ယင်းသို့‌ရောက်ရှိလာသူများမှာ ‌ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် ထိုင်းစစ်တပ်(‌ချော‌ခေါ)နှင့် ယူနီ‌ဖောင်းဝတ်ထားသည့် ထိုင်းရဲများဖြစ်ပြီး ‌သော့ခတ်ထားသည့် ‌ကေအိုင်စီရုံးကို အတင်းဝင်‌ရောက်ကာ ရုံးအတွင်းရှိ ရုံးသုံးပစ္စည်းများနှင့် စာရွက်စာ တမ်း ထားသိုမှုများကို ဓာတ်ပုံရိုက်ယူသွားခဲ့သည်။

ရှာ‌ဖွေခံရသည့် ‌ကေအိုင်စီ ပစ္စည်းအချို့
ရှာ‌ဖွေခံရသည့် ‌ကေအိုင်စီ ပစ္စည်းအချို့

လွန်ခဲ့သည့် နှစ်ရက်က ထို‌နေရာကို ထိုင်းစစ်တပ်မှ တပ်ကားဖြင့် လာ‌ရောက်ကာ ရုံးခန်းအပြင်ဖက်မှာ ဓာတ်ပုံရိုက်ယူသွားခဲ့ပြီး ‌နောက်ဆက်တွဲအဖြစ် ယခုလို ဝင်‌ရောက်စစ်‌ဆေးလာခြင်းဖြစ်သည်။

ထို‌နေရာရှိ ပဒို‌ဒေးဗစ်သက‌ဘော ‌နေထိုင်ခဲ့သည့်အခန်းကို ထိုင်းရဲနှင့် စစ်တပ်များက ၂၀၀၈ခုနှစ်၊ ပဒိုမန်းရှာလားဖန်း လုပ်ကြံခံ ရပြီး‌နောက်ပိုင်းတွင် တကြိမ်၊ ၂၀၀၉ခုနှစ် ‌အောက်တိုဘာလ ၂၇ရက်‌နေ့က ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးခဲ့ဘူး‌သော်လည်း ‌ကေအိုင်စီရုံးကို ယခုလို ဝင်‌ရောက်စစ်‌ဆေးမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။