Home သတင်း ပဒိုမန်းရှာ ၂နှစ်ပြည့် နှစ်ပတ်လည် ပြုလုပ်

ပဒိုမန်းရှာ ၂နှစ်ပြည့် နှစ်ပတ်လည် ပြုလုပ်

423
ဖေဖော်ဝါရီလ ၁၅ရက်။ ကေအိုင်စီ

လုပ်ကြံသတ်ဖြတ်ခံရ၍ ကျဆုံးသွားသည့် ကေအဲန်ယူ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ ၂နှစ်ပြည့် နှစ်ပတ် လည်အထိမ်းအမှတ်ကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် နယ်စပ်နှင့် ပြည်ပနိုင်ငံများ၌ အသီးသီး ပြုလုပ်ခဲ့ကြသည်ဟု သိရ သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် တော်လှန်ရေးရဲဘော်ရဲဘက်များက ပဒိုမန်းရှာအတွက် ဆွမ်းကပ်လှူဒါန်း ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းများအပြင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ကလည်း မဟာမိတ်အဖွဲ့အစည်းများအနေဖြင့် အောက်မေ့ဖွယ် အခမ်းအနားကို အကျဉ်းချုံးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျားနိုင်ငံ ဆစ်ဒနီနှင့် မဲလ်ဘုမ်းမြို့များတွင် လည်း ၎င်းတို့နီးစပ်ရာ အသိုင်းအ၀ိုင်းများအလိုက် ပဒိုမန်းရှာ၏ တော်လှန်ရေးနှင့် ဒီမိုကရေစီအရေး လုပ်ဆောင်ခဲ့မှုများကို ပြန် ပြောင်းပြောဆိုရင်း အမှတ်တရ အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ကြသည်ဟု သိရသည်။

သြစတြေးလျားနိုင်ငံ၊ မဲလ်ဘုမ်းမြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် သံဃာတော်တပါးက ပဒိုမန်းရှာလားဖန်းသည် မြန်မာ ပြည်ဒီမိုကရေစီနှင့် ကရင့်တော်လှန်ရေးတွင် ခေါင်းဆောင်တယောက်ဖြစ်သလို မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးတပ်ပေါင်းစုနှင့် ကရင့်တော်လှန်ရေးတွင်လည်း အလေးစားခံရသည့် ထင်ရှားသူတယောက်ဖြစ်၍ သူလို ခေါင်းဆောင်ကောင်းကို လေးစားဂုဏ် ပြုထိုက်ကြောင်း မြွက်ကြားသွားခဲ့သည်။

သြစတြေးလျားနိုင်ငံ၊ မဲလ်ဘုမ်းမြို့မှ ဆွမ်းကပ်ပွဲ
သြစတြေးလျားနိုင်ငံ၊ မဲလ်ဘုမ်းမြို့မှ ဆွမ်းကပ်ပွဲ

ပဒိုမန်းရှာ၏ သားသမီးများကလည်း ဖခင်ဖြစ်သူ၏ ၂နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ထား ရာ၌ ၎င်းတို့အနေဖြင့် ပဒိုမန်းရှာကိုယ်တိုင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သည့် ကရင်အမျိုးသားအတွင်း စည်းလုံးညီညွှတ် ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကေအဲန်ယူကို စွန့်ခွာသွားသူ ကရင်များအား ၎င်းတို့နှင့် ပြန်လာ လက်တွဲကြပါရန် ဖိတ်ခေါ်ထားသည်။

ဂျာပန်နိုင်ငံ၊ တိုဂျိုမြို့
ဂျာပန်နိုင်ငံ၊ တိုဂျိုမြို့

လွန်ခဲ့သည့် ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် အမည်မသိ သေနတ်သမားနှစ်ဦးက အသက် ၆၅နှစ်အရွယ် ပဒို မန်းရှာအား မဲဆောက်မြို့ရှိ ၎င်း၏နေအိမ်တွင် လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့သည်။