Home သတင်း နို့ဖိုးဒုက္ခသည်စခန်းတွင် တတိယနိုင်ငံထွက်ခွာရန် ‌စောင့်ဆိုင်းရသူများ ဆန္ဒပြ

နို့ဖိုးဒုက္ခသည်စခန်းတွင် တတိယနိုင်ငံထွက်ခွာရန် ‌စောင့်ဆိုင်းရသူများ ဆန္ဒပြ

1973
ဇန်နဝါရီ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၏ ‌တောင်ဘက်ခြမ်း ကီလိုမီတာ ၁၈၀‌ကျော် ကွာ‌ဝေးသည့် နို့ဖိုးဒုက္ခသည်စခန်းတွင် Hold, Reject ခံထားရသည့် ဒုက္ခသည်များက တတိယနိုင်ငံ ထွက်ခွာ‌ရေးနှင့် ပတ်သက်၍ ‌စောင့်ဆိုင်း‌နေရသူများက ယ‌နေ့ မွန်းလွဲပိုင်းက ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ မန်းလှ‌အေးက “ကျ‌နော်တို့ ဆန္ဒပြရတာက အ‌မေရိကန်နိုင်ငံမှာ သွားအ‌ခြေချဖို့အတွက် အ‌မေ ရိကန်က ကျ‌နော်တို့ကို Hold လုပ်ထားတယ်‌လေ။ နို့ဖို့စခန်းမှာ ကျ‌နော်တို့‌နေတာ ၄နှစ်‌ကျော်သွားပြီ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ‌တွေလည်း ကျဆင်းထိခိုက်တဲ့အတွက်‌ကြောင့်မို့ ကျ‌နော်တို့ လူစုပြီး‌တော့ ‌တောင်းဆိုတယ်‌လေ။ ဘာဖြစ်လို့လဲဆို‌တော့ UNHCR က ကျ‌နော်တို့ကို ဂရုမစိုက်ဘူး။ အခုလက်ရှိ ‌နေရာပြန်လည်ချထား‌ရေးအရာရှိက ‌မောက်‌မောက်မာမာ ဆက်ဆံ တယ်။ အဲဒါ‌ကြောင့် UNHCR ဆီကို သွားပြီး တင်ပြ‌တောင်းဆိုတာဖြစ်တယ်”ဟု ‌ပြောသည်။

UNHCR အ‌နေဖြင့် Hold, Reject ဒုက္ခသည်များကို ကူညီရန်နှင့် က‌လေးသူငယ်များ၏ ‌မျှော်လင့်ချက်ကင်းမဲ့‌နေသည့် ‌ရှေ့‌ရေး နှင့် ပညာ‌ရေးကို ကူညီရန် စသည့် ပိုစတာများ ကိုင်‌ဆောင်၍ UNHCR ထံသို့ ၎င်းဆန္ဒပြသူများက ‌တောင်းဆိုခဲ့ကြသည်ဟု သိ ရသည်။

အဆိုပါ ဆန္ဒပြသူများသည် UNHCR မှ တာဝန်ရှိသူ ဘရာရမ်က နို့ဖိုးစခန်းသို့ ‌ခေတ္တ‌ရောက်‌နေချိန်တွင် ၎င်းတို့၏ ‌တောင်းဆိုမှု ကို ‌ဖော်ထုတ်ခြင်းဖြစ်‌သော်လည်း ဆန္ဒပြသူများ၏ ‌တောင်းဆိုချက်အားလုံးကို အထက်က တာဝန်ရှိသူထံသို့ တင်ပြ‌ပေးသွား မည်ဖြစ်‌ကြောင်း ဘရာရမ်က ‌ပြောကြားသွားခဲ့သည်ဟု နို့ဖိုးစခန်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ‌ပြောသည်။

ယ‌နေ့ မွန်းလွဲ ၁နာရီမှ ည‌နေ ၃နာရီအထိ နို့ဖိုးစခန်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး‌ရှေ့၌ ဖြစ်ပွားခဲ့သည့် အဆိုပါဆန္ဒပြမှုတွင် သံဃာ‌တော်များ အပါအဝင် ဆန္ဒပြသူစုစု‌ပေါင်း ၇၀‌ကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ဟု သိရသည်။
Noh Po refugee protest-1
၂၀၀၈ခုနှစ် နိုဝင်ဘာလကလည်း နို့ဖိုးဒုက္ခသည်စခန်းတွင် ၂၀၀၅-၀၇ ကြား ‌ရောက်ရှိ‌သော လူသစ်များအား ထိုင်း-မြန်မာနယ် စပ် ဒုက္ခသည်များကို ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့(TBBC)က ရိက္ခာလက်မှတ်အတွက် လူဦး‌ရေစိစစ်ကာ မှတ်တမ်းရိုက်ယူခဲ့ရာ တွင် ထိုင်းနယ်စပ်မှ ရွာသူရွာသားများ၊ မဲ‌ဆောက်မြို့တွင် ‌နေထိုင်သူများနှင့် မြန်မာပြည်တွင်းမှ ‌ရောက်လာသူများက အစားထိုး ဝင်‌ရောက်သည်ကို မ‌ကျေနပ်သည့်အတွက် ၂၀၀၈ခုနှစ်အတွင်း ‌ရောက်ရှိလာသည့် (POC/PAB)လူသစ်များက တီဘီဘီစီအဖွဲ့ ကို ‌တောင်းဆိုဆန္ဒပြခဲ့ဖူးသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် ဒုက္ခသည်ဦး‌ရေ ၁၄၀,၅၅၆ဦးရှိပြီး တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခ သည်စခန်း၌ လူဦး‌ရေ (၁၆,၈၆၈)ဦးရှိသည်ဟု ကရင်ဒုက္ခသည်များ‌ကော်မတီ (KRC)၏ စာရင်းဇယားအရ သိရသည်။