Home ကဗျာ ပဒိုမန်းရှာသို့ – ဂတိသစ္စာ

ပဒိုမန်းရှာသို့ – ဂတိသစ္စာ

1607
(စမ်းစမ်း‌အောင်)

ကြယ်လတို့ရဲ့ အလင်း‌ရောင်ကို
တိမ်ဖုံး‌အောင် ‌လေပြင်းတိုက်ခဲ့တဲ့
‌သောင်းရင်း‌မြေ ည‌နေခင်းကို‌ပေါ့
ဘယ်‌တော့မှ ‌မေ့‌ပျောက်လို့မရပါဘူး
၂ နှစ်သို့ကူးခဲ့ပြီ အ‌ကျော‌ရေ (အကို‌ရေ)၊

၂၀၀၈ ရဲ့ အခုလိုအချိန် မျိုးမှာ ….
အဖြစ်ဆိုးနဲ့ ကြုံခဲ့ရ‌သော်လည်း
ဘုံရန်သူကို ‌တော်လှန်တဲ့ပွဲ
ဒီမိုက‌ရေစီ လှုပ်ရှားမှုသမိုင်းထဲ
နွဲခဲ့တဲ့ အာဇာနည်အဖြစ်
ဥဒါန်းတွင်ရစ် ‌နေလိမ့်မယ်၊

ကရင့်‌တော်လှန်‌ရေး သမိုင်းရှည်အတွက်
အသက်‌ပေးလျှက် စွန့်လွှတ်ခဲ့သူ
အာဇာနည ်သူရဲ‌ကောင်း အမွန်‌ရေ……

မသမာတဲ့ နည်း‌တွေနဲ့
တိုင်းရင်းသား လူမျိုးအသီးသီး‌တွေကို
သပ်လျှိုလို့ ဖြိုခွဲ‌နေတာ…..
အင်အားချည့်နဲ့လာ‌အောင်
နအဖ တို့လုပ်‌ဆောင်‌နေတာ……
ခိုင်မာစွာ သံဓိဌာန် ချပါတယ်
‌တော်လှန်‌ရေးကို ဆုံးခမ်းတိုင် ဆင်နွဲသွားမယ်…….လို့။