Home ကဗျာ နှလုံး‌သွေး မရပ်သ၍

နှလုံး‌သွေး မရပ်သ၍

1929

• ‌ကော်သူး‌လေ အ‌မေ‌ရေ…
‌သောင်ရင်းနဲ့ သံလွင်လို
အ‌မေ့ရဲ့ ပါးပြင်မှာ
စီးခဲ့တဲ့ မျက်ရည်မြစ်နှစ်စင်းဟာ
ပါးကွက်သနပ်ခါးအလှပျက်ခဲ့တာ
‌ခြောက်ဆယ်တနှစ်‌တောင် ပြည့်‌နေပြီ‌နော်….၊

• ‌ကော်သူး‌လေ အ‌မေ‌ရေ…
“တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေး”တို့အ‌ရေးတဲ့
ကရင်ပြည်နယ် သံ‌တောင်မြို့ အထက်တန်းက
မူလတန်းပြ ဆရာမ ‌နော်မူး‌ဂေကို မုဒိမ်းကျင့်သတ်ခဲ့တာ
သံ‌တောင် ခလရ ၁၂၄က စစ်သား‌တွေပါ
‌ဘောဂလိကြီးမြို့နယ် ပြည်သူ့‌ဆေးရုံက
သူနာပြုဆရာမ ‌နော်အုံးကြည်ကို
‌သေနတ်‌တေ့ အဝတ်အစားချွတ်ခိုင်းပြီး
ကာရာအို‌ကေ သီချင်းဆိုကခိုင်းတာ
စကခ(၅)မှူး ဗိုလ်မှူးကြီး ခင်‌မောင်ဆင့်ပါ
ဒါ‌တွေဟာ
လှပတဲ့ အိမ်မက်ကဗျာမဟုတ်ဘူး ‌ကောသူး‌လေအ‌မေ‌ရေ
တကယ့်ဖြစ်ရပ်မှန်‌တွေပါ…၊

• ရှိ‌သေးတယ် အ‌မေ‌ကော်သူး‌လေ‌ရေ
“နယ်စပ်‌ဒေသဖွံ့ဖြိုး‌ရေးနဲ့ ‌ဈေးကွက်စီးပွား‌ရေး”တဲ့
၃၈မိုင်သာ ရှည်တဲ့ ‌တောင်ငူ ‌ဘောဂလိကြီးကားလမ်း‌ပေါ်မှာ
လုံခြုံ‌ရေးစစ်တပ်ဂိတ် ဆယ်ဂိတ်မက ချထားပြီး
ပြည်သူလူထုဆီက ‌ငွေညစ် ဓါးပြတိုက်‌နေတာ
နအဖ စစ်တပ်ပါ
ဒါ‌တွေဟာ သံ‌တောင်မြို့နယ်က ဖြစ်ရပ်တချို့‌တွေပါ
အ‌မေ့ရဲ့‌ကော်သူး‌လေတခုလုံးမှာဆို
‌ပြောမဆုံး‌ပေါင် ‌တောသုံး‌တောင် ဖြစ်‌နေမှာပါ…၊

• ‌ကော်သူး‌ရေ အ‌မေ‌ရေ
ရဲ‌ဘော်မန်းရှာက ‌ပြောခဲ့တယ်‌နော်
ဒီပဋိပက္ခဟာ မဟာဗမာစစ်အုပ်စုက
ကရင်တမျိုးသားလုံးကို ရာသက်ပန်ဖိနှိပ်၊ ကျွန်ပြုချင်လို့ ဖြစ်လာတဲ့ ပဋိပက္ခပါ၊
ဒါ‌ကြောင့် သားတို့စစ်ကို မုန်း‌ပေမဲ့
ခုခံစစ်ကို ဆင်နွဲ‌နေရတာပါ၊
ရှိပါ‌စေ‌တော့ ‌ကော်သူး‌လေ အ‌မေ‌ရေ
အ‌မေ့ရဲ့ ကျမျက်ရည်‌တွေကို မ‌ကြေညာ‌တော့ဘူး
ယုံကြည်ရာလမ်းကိုဘဲ သားတို့ဆက်‌လျှောက်မယ်၊
‌ကော်ခို‌စောဘဦးကြီး မိန့်မှာချက်အတိုင်း
တစ်ခါသာရှိတဲ့ ကရင့်လက်နက်ကိုင်‌တော်လှန်‌ရေးကို
ဆုံးခမ်းတိုင်အထိ
စစ်အာဏာရှင် မပြုတ်‌သေးသ၍
နှလုံး‌သွေးမရပ်သ၍
သားစဉ်‌မြေးဆက် ဆက်တိုက်မယ်….။

၆၁နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့၊
ရဲ‌ဘော်မန်းရှာလားဖန်းနှင့် အာဇာနည်များကို ဦးညွတ်ဂုဏ်ပြုလျှက်
ရဲ‌ဘော် ကလိုက‌ဆောရိုမဲ
အမှတ် (၂) ‌တောင်ငူခရိုင်