Home သတင်း ဇွဲကပင် ပညာဒါနအသင်း အစည်းအ‌ဝေးကြီး ‌အောင်မြင်စွာပြီးဆုံး

ဇွဲကပင် ပညာဒါနအသင်း အစည်းအ‌ဝေးကြီး ‌အောင်မြင်စွာပြီးဆုံး

1917
ဇန်နဝါရီ ၈ရက်။ ‌စောအဲ‌ခေါင် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့အ‌ခြေစိုက် ဇွဲကပင်ပညာဒါနအသင်း(‌ကေဒီ‌အေ) Karen Dana(Donation) Association-KDA ၏ ၁ဝကြိမ်‌မြောက် အစည်းအ‌ဝေးကြီးကို ဇန်နဝါရီလ ၃ရက်‌နေ့တွင် ‌အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

အဆိုပါအစည်းအ‌ဝေးကို ဘန်‌ကောက်မြို့၊ နွန်ထဘူရီရှိ ဝတ်နခွန်းအင်‌ကျောင်းတိုက်တွင် ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ်ကရင်လူ ငယ်များအတွက် ကရင်ပြည်တွင်းတွင် ပညာ‌ရေးဌာနတခု ‌ပေါ်ထွန်းလာရန်နှင့် ပြည်ပတွင် ပညာသင်ကြား‌နေသည့် ကရင်ရဟန်း သံဃာများအား ပံ့ပိုးကူညီနိုင်ရန် ထိုအစည်းအ‌ဝေးကို ကျင်းပရခြင်းဖြစ်သည်ဟု ‌ကေဒီ‌အေ တာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ‌ပြော ဆိုသည်။

“အသင်းအ‌နေနဲ့က လက်ရှိ ပြည်ပမှာ လက်လှမ်းမှီရာ ကရင့်သံဃာ ၃၅ပါးကို တနှစ်တကြိမ် ‌ထောက်ပံ့တယ်။ ‌နောက်ပြီး ကရင် ပြည်နယ်မှာ ကရင်လူငယ်‌တွေအတွက် ပညာ‌ရေးဌာနတခု ‌ပေါ်ထွန်းလာဖို့အတွက် ဆက်လက်လုပ်‌ဆောင်သွားဖို့ ရှိပါတယ်။ နိုင်ငံ တကာ‌ရောက်‌နေတဲ့ အလှူရှင်‌တွေကိုလည်း ဖိတ်‌ခေါ်တယ်”ဟု ‌ပြောဆိုသည်။
KDA 10th meeting at Bangkok (Edit)
အဆိုပါအစည်းအ‌ဝေးကို ‌ကေဒီ‌အေ နယကကြီး အရှင်ဦးကုမရအပါအဝင် ကရင့်ရဟန်း သံဃာ‌တော်များ၊ ‌ကေဒီ‌အေ အသင်းဝင် များနှင့် ဧည့်ပရိသတ်များ စုစု‌ပေါင်း ၁၀၀ဝနီးပါးခန့် တက်‌ရောက်ခဲ့သည်ဟု သိရှိရသည်။

အစည်းအ‌ဝေးကို ၆လတကြိမ်‌ခေါ်ယူကျင်းပခြင်းဖြစ်ပြီး ယခုတကြိမ်အစည်းအ‌ဝေးသည် အသင်းသူအသင်းသားမျာ၏ စည်းစည်း လုံးလုံးဖြင့် ‌ဆောင်ရွက်ခဲ့ခြင်း‌ကြောင့် ‌အောင်မြင်မှုရှိသည်ဟု ‌ကေဒီ‌အေ အသင်းပိုင် ဘ‌လော့ဝက်ဆိုက်ဘ် စာမျက်နှာတွင် ‌ရေးသား ‌ဖော်ပြထားသည်။

ဇွဲကပင် ပညာဒါနအသင်းသည် လက်ရှိ ထိုင်းနိုင်ငံ‌တောင်ပိုင်း ဟတ်ယိုင်မြို့နှင့် ဘန်‌ကောက်မြို့ပြင်တ‌နေရာတွင် အသင်းဌာနခွဲများ ဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲ့ဝင်စုစု‌ပေါင်း ၃၀၀‌ကျော်ရှိပြီဖြစ်သည်။

‌ကေဒီ‌အေ အသင်းကို လွန်ခဲ့သည့် ၂၀၀၅ခုနှစ်က ဘန်‌ကောက်မြို့တွင် တည်‌ထောင်ခဲ့ပြီး ပညာတတ် ကရင်ရဟန်း‌တော်များနှင့် မျိုးဆက်သစ်လူငယ်များ ‌ပေါ်ထွန်းလာရန်၊ အမျိုးဘာသာသာသနာနှင့် ယဉ်‌ကျေးမှုအ‌မွေအနှစ်များကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန် နှင့် ကရင်အမျိုးသားများ၏ ဘာသာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေးဆိုင်ရာ အသိဉာဏ်များ ဖွံ့ဖြိုးတိုးတက်လာ‌စေရန် ရည်ရွယ်တည် ‌ထောင်ခဲ့ခြင်းဖြစ်သည်။