Home သတင်း ဆစ်ဒနီ ကရင်လူငယ်များ နှီး‌နှောဖလှယ်ပွဲ ပြီးစီး

ဆစ်ဒနီ ကရင်လူငယ်များ နှီး‌နှောဖလှယ်ပွဲ ပြီးစီး

1733
ဇန်နဝါရီ ၃၁ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ငါးကြိမ်‌မြောက် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲကို ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကမ် ဘာရာ၊ မဲလ်ဘုမ်းနှင့် ဆစ်ဒနီမြို့များရှိ ကရင်လူကြီးလူငယ် ၁၂၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ကရင်လူငယ်များ အမျိုးသား‌ရေး၊ နိုင်ငံ‌ရေး နိုးကြားမှုရှိလာ‌စေရန် ရည်ရွယ်၍ ၂နှစ်တကြိမ် ကျင်းပပြုလုပ်‌လေ့သည့် အဆိုပါ လူငယ်နှီး‌နှောဖလှယ်ပွဲကို ဆစ်ဒနီမြို့၊ Carrma ရပ်ကွက်၊ STARTT ရုံး၌ မနက် ၈နာရီခွဲမှ ည‌နေ ၅နာရီအထိ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

၎င်းအပြင် ကရင့်သမိုင်းဆိုင်ရာ အချက်အလက်များ၊ အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ ‌တော်လှန်‌ရေး မူဝါဒ‌လေးခုနှင့် ကရင်လူမျိုးတို့၏ နိုင်ငံ‌ရေး‌ကြွေး‌ကြော်သံ ‌လေးရပ်ကို ဩစ‌တြေးလျားကရင်အစည်းအရုံး ဥက္ကဌ မန်း‌အော်လန်းဒိုမှ တက် ‌ရောက်လာသည့် ကရင်လူငယ်များအား ယခုလို ‌ပြောကြားခဲ့သည်။

“ကမ္ဘာက လက်ခံထားတဲ့ နိုင်ငံတကာလူ့အခွင့်အ‌ရေး‌ကြေညာစာတမ်းနဲ့ အ‌မေရိကန်လွတ်လပ်‌ရေး‌ကြေညာစာတမ်း‌တွေကို အ‌ခြေခံထားတဲ့ ကရင့်‌တော်လှန်‌ရေးဟာ အမှန်တရားဖြစ်တယ်။ လူတိုင်းဟာ ‌မွေးရာပါ အခွင့်အ‌ရေးများ တန်းတူရှိကြတယ်။ လူမျိုး‌ရေး ခွဲခြားမှု‌တွေ‌ကြောင့် သက်‌သေပြတဲ့အ‌နေနဲ့ ကရင်လူထုဟာ ‌ကြွေး‌ကြော်သံ‌လေးရပ်နဲ့ ထုတ်‌ဖော်ဆန္ဒပြခဲ့ကြတယ်။ ကရင့်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဟာလည်းပဲ မူ‌လေးချက်နဲ့ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးအတွက် ကရင်‌တော် လှန်‌ရေးကို ဆက်ခဲ့တယ်။ ဒီ‌တော့ ကရင့်‌တော်လှန်‌ရေးဟာ တရားတယ်”ဟု မန်း‌အော်လန်းဒိုက ‌ပြောကြားသွားခဲ့သည်။

ထို့‌နောက် ကရင့်သမိုင်းနှင့် တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အ‌ကြောင်းအရာများကို ‌စောလွင်ဦးနှင့် ဒန်းနရယ်ဇူးတို့ မှလည်း‌ကောင်း၊ ကရင်လူငယ်များ၏ အမျိုးသားတာဝန်များကို အယ်ဖန်း‌ရှောင်နှင့် ‌စောဆာမူလာတို့မှ ‌မြေပုံဇယားနှင့်တကွ အ‌မေးအ‌ဖြေပြုလုပ်ပြီး အပြန်အလှန် ‌ဆွေး‌နွေးတင်ပြခဲ့ကြသည်။

“ကရင်‌တွေဟာ ‌ခေတ်အဆက်ဆက် လက်တလုံးခြား လိမ်ညာခံခဲ့ရတဲ့ သင်ခန်းစာ‌တွေ ရှိခဲ့တယ်။ ‌နောင် အဲလိုမဖြစ်ရ‌အောင် နိုင်ငံ‌ရေး၊ လူမျိုး‌ရေးနဲ့ ‌တော်လှန်‌ရေးသမိုင်း‌တွေ သိထားပြီး အ‌ခြေအ‌နေမှန်ကို ‌ဝေဖန်ပိုင်းခြားနိုင်ဖို့ အ‌ရေးကြီးတယ်။ အမျိုးကို ချစ်ရုံနဲ့ မပြီးဘူး”ဟု ‌စောဒန်းနရယ်ဇူးက ရှင်းပြ‌ပြောဆိုသည်။

Youth seminar 2နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သူ ကရင်လူငယ် ‌နော်မာနု‌ဖောက “ကရင်လူငယ်‌တွေ ဒီလို စုံစုံညီညီ စိတ်ဝင်တစား ပါဝင်ကြတာ အားရ‌ကျေနပ်ဖို့ ‌ကောင်းတယ်။ ကရင့်‌တော်လှန်‌ရေး ဘာ‌ကြောင့် ဖြစ်လာရတာလဲ။ ဘာကိုလိုချင်လို့ တိုက်ပွဲဝင်‌နေရတာလဲဆို တာ ‌သေ‌သေချာချာ သိလိုက်ရတဲ့အတွက် ဒီတရားမျှတတဲ့ ကရင့်‌တော်လှန်‌ရေးကို တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီအားဖြည့် သွားမယ်။ စဉ်ဆက်မပြတ် လူငယ်နှီး‌နှောဖလှယ်ပွဲကို နှစ်စဉ် ကျင်းပ‌ပေးနိုင်ရင် လူငယ်‌တွေကို ထိထိ‌ရောက်‌ရောက် ပျိုး‌ထောင် ‌ပေးနိုင်လိမ့်မယ်”ဟု ဆိုသည်။

ဩစ‌တြေးလျားနိုင်ငံ‌ရောက် ကရင်လူငယ်များ နှီး‌နှောဖလှယ်ပွဲကို (၂၀၀၁)ခုနှစ်မှ စတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။