Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်‌နေရာယူ

‌ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်‌နေရာယူ

1768
ဒီဇင်ဘာလ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်းရှိ ‌ကေအဲန်ယူ တပ်မဟာ (၅)နယ်‌မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ဝင်‌ရောက် ‌နေရာယူ‌နေသည်ဟု သတင်းရရှိသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀ဝရှိ‌သော ဒီ‌ကေဘီ‌အေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀ဝ ‌ကျော် ထပ်ဖြည့်ကာ ‌နောက်ထပ်အင်အား ၄၀ဝ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင် နအဖ စစ်တပ် တပ် မ(၄၄)မှ တပ်ရင်း ၂ရင်းကို စစ်ကူ‌တောင်းထား‌ကြောင်းလည်း ‌ကေအဲန်ယူ တပ်မဟာ(၅) ‌ပြော‌ရေးဆိုခွင့် ရှိသူ ဗိုလ်မှူး‌စောကလယ်ဒိုက ‌ပြောသည်။

သူက “ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက ကျ‌နော်တို့ သိရတဲ့အတိုင်းဆိုရင် ဒီ‌ကေဘီ‌အေ တပ်အင်အား ၁၀၀‌ကျော် ထပ်‌ခေါ်ထားပြီး‌တော့ လှဂွန်းပြို့(ခိုသွီထာ့)မှာ ‌နေရာယူတယ်။ ‌နောက်ထပ် ထပ်‌ခေါ်ဖို့လည်း ရှိ‌သေးတယ်။ ‌နောက်ပြီး‌တော့ နအဖ တပ်ရင်း ၂ရင်းကို လည်း စစ်ကူ‌ခေါ်တယ်လို့ ကျ‌နော်တို့သိရတယ်။ သူတို့လုပ်ငန်း(‌ရွှေနဲ့သစ် ထုတ်လုပ်ဖို့)နဲ့ ပတ်သက်ပြီး‌တော့ လုံခြုံ‌ရေး ထပ်တိုးတာလား။ အခုလိုဝင်လာ တာ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီး‌တော့ လှုပ်ရှားမှုတခုခု လုပ်ဖို့လား‌တော့ ကျ‌နော် မ‌ပြောနိုင်‌သေးဘူး” ဟု ‌ပြောသည်။

၎င်းတပ်ရင်းတို့ ‌ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို မသိရှိရ‌သေး‌သော်လည်း လတ်တ‌လောအချိန်တွင် နအဖစစ်တပ်မှ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၂၁)နှင့် ဌာနချုပ်(၃)တို့ ပူး‌ပေါင်း၍ ၎င်းတို့တပ်စခန်း တည်ရှိရာ ဖာ့‌ဝေါ်၊ လယ်မူပ‌လော၊ ‌ဆောမူပ‌လော၊ ‌ဆောထာ့ စသည့်‌နေရာများတွင် စစ်တပ်ရိက္ခာ ပို့‌ဆောင်မှုများ လုပ်‌ဆောင်‌နေဆဲဖြစ်‌ကြောင်း ဗိုလ်မှူး‌စောကလယ်ဒိုက ဆက်‌ပြောသည်။

၎င်းအပြင် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ် အမှတ်(၇)နှင့် အမှတ်(၅)မှ တပ်ရင်း(၃)ရင်းကလည်း ‌ကေအဲန် ယူ ထိန်းချုပ်ရာနယ်‌မြေဖြစ်သည့် ရှိုးကျိုးနှင့် ‌ခေးပူတို့နယ်‌မြေတို့တွင် ယခုရက်ပိုင်းအတွင်း ‌ရောက်ရှိ‌နေပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူး‌ဒေသ အ‌ခြေစိုက် ဒီ‌ကေဘီ‌အေ ဗဟိုဌာချုပ်သို့ ‌ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်‌မေးမြန်းရန် ကြိုးပမ်းခဲ့‌သော်လည်း တာဝန်ယူ တုန့်ပြန်‌ဖြေကြားမည့်သူ မရှိပါ။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလက ‌ရွှေတူး‌ဖော်‌ရေးနှင့် သစ်ထုတ်လုပ်‌ရေးလုပ်ငန်းအ တွက် အ‌ကြောင်းပြကာ တပ်အင်အား ၆၀၀‌ကျော်နှင့်အတူ ‌ကေအဲန်ယူ တပ်မဟာ (၅)နယ်‌မြေ ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား ဘီးလင်း‌ချောင်းနားတွင် ဝင်‌ရောက်‌နေရာယူခဲ့‌သော်လည်း လူထုအ‌ပေါ် ဖိအား ‌ပေးမှု တစုံတရာ မရှိ‌သေး‌ပေ။

‌ကေအဲန်ယူ တပ်မဟာ ၅နယ်‌မြေတွင် ယခုနှစ် ပွင့်လင်းရာသီမှစ၍ ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် နအဖ စစ်တပ်များနှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ တို့အကြား တရက် တကြိမ်၊ နှစ်ရက်တကြိမ် ‌ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

၎င်းအပြင် ယခုလ ၁၉ရက်‌နေ့ကလည်း ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေရှိ ‌ကေအဲန်အယ်လ်‌အေ တပ် ရင်း(၂၀၁)မှ တပ်ခွဲတခွဲနှင့် နအဖ ခမရ(၅၄၇)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၂ဦး ကျဆုံးကာ တပ်စု မှူးတဦး၊ တပ်ကြပ်ကြီးတဦး အပါအဝင် ‌လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူသတင်းအရ သိရ သည်။