Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1823
အသစ်အ‌ဟောင်း အမှန်အမှားကို ‌ဖွေရှာ၍

ရွက်‌ဟောင်း‌ကြွေလျှင် ရွက်သစ်‌လောင်းတတ်သလို နှစ်‌ဟောင်းကုန်လျှင်လည်း နှစ်သစ်သို့ ‌ပြောင်းစမြဲပင် ဖြစ်သည်။

အကူးအ‌ပြောင်း ကာလတခုကို ဖြတ်သန်းသည့်အချိန်တွင် ‌ပျော်ရွှင်မှုများကို စွန့်ပစ်ခဲ့ရသလို ဝမ်းနည်း‌ကြေကွဲမှုများကိုလည်း ချန်ထားခဲ့ရတတ်သည်။ သို့‌သော် ‌နေရာသစ်၊ အချိန်သစ်ကို ‌ပြောင်းလဲ‌ရောက်ရှိတိုင်းလည်း အ‌ဟောင်းတို့နှင့် မတူကွဲပြားသည် ချည်းသာ ဖြစ်‌ပေါ်လာသည်ဟု တထစ်ချ သတ်မှတ်ယူဆ‌နေ၍လည်း မရ‌ပေ။

နှစ်ဆန်းမ‌ရောက်ခင် ကမ္ဘာသူကမ္ဘာသားများမှာ အလုပ်အားလပ်ချိန်၊ အနားယူချိန်၊ ရက်ရှည်ခွင့်ယူချိန် စသဖြင့် လူ့အဖွဲ့အစည်း အတွင်း သတ်မှတ်မှု တစုံတရာဖြင့် ရှုတ်‌ထွေးခဲ့သမျှ စိတ်အာရုံကို ‌ပေါ့ပါးလန်းဆန်း‌အောင် ဖန်တီးရယူကြသည်။ လူမျိုး၊ ဘာ သာ၊ တိုင်းပြည်အလိုက် ‌ပျော်ရွှင်မှုများကို ရှာ‌ဖွေလုပ်‌ဆောင်တတ်ကြ‌သော်လည်း ‌ပျော်ရွှင်မှုကို လူတိုင်း မရရှိတတ်ကြ။

ယခုလို နှစ်‌ဟောင်း၊ နှစ်သစ် ‌ရွှေ့‌ပြောင်းကာလတွင် စိတ်ချမ်းသာစရာများ ကြုံကြိုက်ကာ ဖြတ်သန်းလာခဲ့ကြသူများရှိသလို စိတ်မချမ်း‌မြေ့စရာများကို ရင်ဆိုင်ခံစားကြရသူများလည်း အနည်းနှင့်အများ ရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်‌နေ့က ကျ ‌ရောက်ခဲ့သည့် ကရင်တိုင်းရင်းသားများ၏ ၂၇၄၉နှစ်‌မြောက် နှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို ‌နေရာအနှံ့အပြားတွင် တည်ငြိမ်‌အေးချမ်း စွာ ပြုလုပ်လာခဲ့ကြ‌သော်လည်း ဖာပွန်မြို့၌မူ မထင်မှတ်ဘဲ ဗုံး‌ပေါက်ကွဲကာ ‌သေ‌ကြေပျက်စီးခဲ့ရသည်။

နှစ်သစ်သို့ မကူး‌ပြောင်းမှီစပ်ကြား နာရီပိုင်းကာလတွင် ဖြစ်ပွားခဲ့သည့်အတွက် ထိခိုက်သူများ၏ မိသားစုများ၊ ‌ဆွေမျိုးများနှင့် မြို့သူမြို့သားများအဖို့ ထိတ်လန့်တုန်လှုပ် ‌ကြေကွဲခဲ့ရသည်။ ဤလုပ်ရပ်အ‌ပေါ် လက်ရှိ မြန်မာစစ်အစိုးရကလည်း ၎င်းတို့ကို ‌တော်လှန်ဆန့်ကျင်‌နေသည့် ‌ကေအဲန်ယူ၏လက်ချက်ဟု စွပ်စွဲထုတ်ပြန်ခဲ့သလို ‌ကေအဲန်ယူဘက်ကလည်း ‌သေဆုံးထိခိုက်သူ ပြည်သူများအတွက် ဝမ်းနည်း‌ကြေကွဲခြင်းများနှင့်အတူ မိမိတို့ လုပ်‌ဆောင်ခြင်းမဟုတ်‌ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းပြည်ပရှိ လူထုမှာ ထိုဂယက်‌ကြောင့် မည်သူ့အား ယုံကြည်ကိုးစားရမည်ကို ဇ‌ဝေဇဝါ ဖြစ်‌နေရသည်။ ၎င်းတို့၏ စိတ် ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နာမ်ဒြပ်နှစ်ခုစလုံးမှာ ခိုကိုးရာမဲ့ဖြစ်လျှက် ဆန်းသစ်သည့် အ‌တွေးအ‌ခေါ်များလည်း ကုန်ဆုံးခဲ့သည့် နှစ် ‌ဟောင်းများနှင့်အတူ စုံလုံးမြှုပ်ခဲ့ရသည်။ ‌လေယူရာတိမ်း ယိမ်း ဆိုသလို အပြန်အလှန် ပြစ်တင်မှုများ၊ ထင်မြင်ချက်များ၊ စည်း ရုံးလှုံ့‌ဆော်မှုများ၊ ပုတ်ခတ်‌ဝေဖန်မှုများအကြားတွင်လည်း မလူးသာမလွန့်သာ ဖြစ်‌နေကြသည်။

လူထုအ‌နေဖြင့် မတည်ငြိမ်၊ မလုံခြုံသည့် လူမှုအသိုင်းအဝိုင်းအတွင်း မည်သူ့ကိုမှ ပုံချအားကိုး‌နေ၍ မရ။ လူထုသည် လူထုကို သာ ယုံကြည်ရာဖြစ်၍ ယင်းသို့ ဖြစ်ပျက်လာသမျှ ‌ပျော်ရွှင်၊ ဝမ်းနည်းမှုတို့ကို လုပ်‌ဆောင်ခဲ့သည့် သမိုင်းတရားခံ အစစ်အမှန်ကို နှစ်သစ်မကူး‌ပြောင်းခင် ကိုယ်တိုင် ရှာ‌ဖွေ‌ဖော်ထုတ်သွားမှသာ လုပ်ကြံဖန်တီး၊ ရိုက်ခတ်မှုစက်ကွင်းမှ လွတ်ကင်းနိုင်မည် ဖြစ် သည်။