Home သတင်း အခွန်တိုး၍ သစ်လုပ်ငန်းရှင်များ တွက်‌ခြေမကိုက်

အခွန်တိုး၍ သစ်လုပ်ငန်းရှင်များ တွက်‌ခြေမကိုက်

1634
ဒီဇင်ဘာလ ၃ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ၊ ဝင်း‌ရေးမြို့နယ်၊ မဲ့ကသာဂွင်တွင် သစ်ထုတ်လုပ်‌နေ‌သော သစ်လုပ်ငန်းရှင်များသည် နယ်စပ်ရှိ လက်နက် ကိုင်အဖွဲ့အချို့၏ အခွန်တိုး‌တောင်းလာမှု‌ကြောင့် အမြတ်အစွန်းမရှိဘဲ ဖြစ်‌နေရသည်ဟု ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်များက ‌ပြောသည်။

“အဖွဲ့အစည်း‌တွေ အကုန်လုံးက သူတို့ရှုံးတယ်ဆိုပြီး အ‌ကောက်ထပ် တင်လိုက်တဲ့အတွက် ကျ‌နော်တို့ သစ်လုပ်တဲ့လူ‌တွေ မကိုက်ဘူး ဖြစ်သွား တယ်။ ကျ‌နော်တို့က ‌ငွေတိုးနဲ့ ယူပြီး‌တော့ လုပ်ရတယ်ဆို‌တော့ ရှုံးရင်လည်း ကားခ‌လေး တချို့တဝက်စားရတယ်ဆို‌တော့ ကျ‌နော်တို့က ရပ်လို့ မရဘဲ မမြတ်လည်း ဆက်လုပ်ရတာ‌ပေါ့။ ကျ‌နော့်မှာ အလုပ်သမား‌တွေ အများကြီးရဲ့ စားဝတ်‌နေ‌ရေးကရှိ‌တော့ ဆက်မလုပ်ရင် မဖြစ်ဘူး‌လေ။ ရှုံး ရှုံးမြတ်မြတ် မဖြစ်မ‌နေ လုပ်ရမှာ‌ပေါ့”ဟု ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်ကြီးတဦးက ‌ပြောသည်။

မွန်လူမျိုး အခြားသစ်လုပ်ငန်းရှင်ကြီးတဦးကလည်း “အမြတ်မ‌ပြောနဲ့။ အရှုံးနဲ့ အရင်းက အနိုင်နိုင်ပဲ။ အရင်နှစ်က အခုချိန်ဆိုရင် သူလုပ်ကိုယ် လုပ် လုလုပ်ကြတယ်။ ဒီနှစ်‌တော့ ပြတ်‌တောက်ပြတ်‌တောက်ပဲ။ အလုပ်မရှိလို့ ကျ‌နော်တို့ ဆက်လုပ်တာ။ ‌ငွေအားမနိုင်တဲ့ တချို့လုပ်ငန်းရှင် ‌တွေကျ‌တော့ အခု နားလိုက်ရတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ဂိတ်‌ပေါင်း (၂၀)နီးပါးက အခွန်တိုး‌တောင်းလျှက်ရှိရာ အခြားလက်နက်ကိုင်အဖွဲ့ များမှာ သစ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းသ‌ဘော နားလည်မှု ရယူနိုင်‌သော်လည်း ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၅) တပ်ခွဲ(၅)မှူး ဗိုလ်‌အေဝမ်း ဦး ‌ဆောင်သည့်အဖွဲ့ကမူ အခွန်တိုး‌ကောက်ခံသည့်အတွက် သစ်လုပ်ငန်းရှင်များအ‌နေဖြင့် ညှိနှိုင်းယူ၍မရ‌ကြောင်း အဆိုပါမွန်သစ်လုပ်ငန်းရှင်က ယခုလို ‌ပြောသည်။

၎င်းက “ဒီဘုရားသုံးဆူမှာရှိတဲ့ အခြားအဖွဲ့အစည်း‌တွေ အ‌တော်များများကို ကျ‌နော်တို့ သွားညှိနှိုင်းလို့ရတယ်။ သူတို့လည်း လက်ခံတယ်။ ဗိုလ် ‌အေဝမ်းနဲ့ ဗိုလ်နှုတ်ခမ်း‌မွှေးတို့ အုပ်စုက‌တော့ ဘယ်လိုမှ အညှိမခံဘူး။ ဆယ်ဘီးကားတစီးကို အရင်က ဘတ်‌ငွေ ၇၀ဝပဲယူတာ။ အခုက ဘတ် ၈,၀၀ဝ မရရင် မလာနဲ့။ အဲလို‌ပြောတယ်။ ဒါ‌ကြောင့် အလုပ်လုပ်ရတာ တွက်‌ခြေမကိုက်ဘူး”ဟု ဆိုသည်။

‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေဖြစ်သည့် ထို‌ဒေသတွင် သစ်ထုတ်လုပ်ခွင့်ကို ၂၀၀၇ ခုနှစ်ကတည်းက ကန့်သတ်ထားရာ ယခုနှစ်ကုန်ပိုင်းကျမှ သာ ပြန်လည်လုပ်ခွင့်‌ပေးလာခြင်းဖြစ်ပြီး သစ်မာအမျိုးအစားဝင်များကို တတန်လျှင် ထိုင်းဘတ်‌ငွေ ၃,၀၀ဝမှ ၅,၀၀ဝအထိနှင့် သစ်ပုပ်များကို တတန်လျှင် ဘတ်‌ငွေ ၁,၅၀ဝ အခွန်‌ကောက်ခံသည်ဟု ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင် သစ်‌တောတာဝန်ခံ ပဒို‌စော‌သေ့‌ဝေါ်ဒူက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများက သစ်အခွန်ကို ကား စီး‌ရေဖြင့် သတ်မှတ်‌ကောက်ခံကြ‌သော်လည်း ‌ကေအဲန်ယူက သစ်တန်ချိန်စနစ်ဖြင့် အခွန်‌ကောက်ယူခဲ့သည်။

အဆိုပါ ဘုရားသုံးဆူနယ်‌မြေတွင် ‌ဒေသခံလုပ်ငန်းရှင်များအား လုပ်ခွင့်‌ပေး‌သော သစ်အမျိုးအစားများမှာ ပိ‌တောက်၊ ပျဉ်းကတိုးနှင့် အခြားသစ် ပုပ်များဖြစ်ပြီး ဘုရားသုံးဆူမြို့၌ လက်ရှိ သစ်မာ (၁)တန်လျှင် ထိုင်းဘတ် (၁,၃၀၀၀) ဝန်းကျင်ရှိသည်ဟု သစ်လုပ်ငန်းရှင်များ၏ ‌ပြောပြချက်အရ သိရသည်။