Home သတင်း လုပ်အားခိုင်း‌စေမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားမှု ပိုများလာ

လုပ်အားခိုင်း‌စေမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားမှု ပိုများလာ

1780
ဒီဇင်ဘာလ ၂၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ယခုနှစ် နိုဝင်ဘာလကတည်းက ကရင်ပြည်နယ်၊ ‌တောင်ငူ‌ဒေသအတွင်း လုပ်အားခိုင်း‌စေမှု များလာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှု လည်း ပိုမိုများပြားလာ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၂)၊ ‌တောင်ငူခရိုင်ရှိ သံ‌တောင်နှင့် ထန်းတပင်မြို့နယ် စပ်ကြား‌ဒေသများအတွင်း အ‌ခြေစိုက် လှုပ်ရှား‌နေ ‌သော နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၅)လက်‌အောက်ခံ တပ်ရင်း၊ စစ်‌ကြောင်းများက ၎င်းတို့ တပ်စခန်းများ ပြုပြင်‌ဆောက် လုပ်ရန်နှင့် ရိက္ခာများ သယ်ယူပို့‌ဆောင်ရန် ပြီးခဲ့သည့်လမှစ၍ ‌ဒေသခံရွာသူရွာသားများကို ‌ခေါ်ယူခိုင်းမှု ပိုမို လုပ်‌ဆောင်လာသည့် အတွက် နယ်‌မြေခံ ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု များလာခြင်းဖြစ်သည်။

ယခု ဒီဇင်ဘာလဆန်းမှစ၍ အဆိုပါ နအဖတပ်နှင့် ‌ကေအဲန်အယ်လ်‌အေတပ်တို့အကြား ‌နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ထိုတိုက်ပွဲများ‌ကြောင့် ‌ကေအဲန်အယ်လ်‌အေဘက်မှ ထိခိုက်‌သေဆုံးမှု မရှိ‌သော်လည်း နအဖတပ်ဘက်မှ ထိခိုက်‌သေဆုံးမှုများ ရှိခဲ့ သည်။

ဒီဇင်ဘာ ၁၆ရက်‌နေ့က ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ တိပ်ပု(ဖ‌လေးဆာလို)ဂွင်တွင် အ‌ခြေစိုက်သည့် နအဖ- စကခ (၅) လက်‌အောက်ခံ တပ်ရင်းတရင်းက ၎င်းတို့ဗျူဟာမှူးနှင့်အတူ တိပ်ပုစခန်းမှ သ‌ပြေညွန့်စခန်းသို့သွားရန် ကမူလိုနှင့် ထီးမူထာ့အ ကြားတွင် ‌ရောက်ရှိစဉ် နယ်‌မြေခံ ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှု‌ကြောင့် ဗျူဟာမှူးအပါအဝင် တပ်ဗိုလ်တပ်သား ၁၄ဦး ကျဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ယခုလ ၂၂ရက်‌နေ့တွင် ‌ကေအဲန်ယူက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယခုလ ၁၈ရက်‌နေ့တွင် အဆိုပါမြို့နယ်အတွင်းရှိ က‌လောမီးဒဲနှင့် ပလက်ဝါ့‌ဒေသအကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၅ဦး ကျဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး လွန်ခဲ့‌သော ၁၁ရက်‌နေ့ကလည်း သံ‌တောင်မြို့နယ်ရှိ ခလယ့်လာ(‌ဘောဂလိ) နှင့် ‌မော်ကိုဒဲ‌ဒေသအကြားတွင် နအဖ စကခ(၅)လက်‌အောက်ခံတပ်ဖွဲ့နှင့် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ‌ကြောင့် နအဖဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီးတဦး အပါအဝင် ၇ဦးကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိ‌ကြောင်း ‌ကေအဲန်ယူ၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။

‌တောင်ငူ‌ဒေသအတွင်း ဖြစ်ပွားခဲ့‌သော တိုက်ပွဲများနှင့် ပတ်သက်၍ နအဖဘက်မှ တစုံတရာ ထုတ်ပြန်‌ပြောဆိုခြင်းမရှိ‌သော်လည်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင်မှ တာဝန်ရှိသူတဦးက “နအဖတပ်‌တွေ ကျ‌နော်တို့‌ဒေသမှာ ဝင်‌ရောက်လှုပ်ရှား‌နေသ‌ရွေ့၊ လူထု‌တွေအ ‌ပေါ်မှာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေသ‌ရွေ့‌တော့ တိုက်ပွဲ‌တွေ ဖြစ်‌နေဦးမှာပဲ”ဟု ‌ကေအိုင်စီကို ‌ပြောဆိုခဲ့သည်။

အဆိုပါ ‌တောင်ငူ‌ဒေသများအတွင်း လှုပ်ရှား‌နေ‌သော နအဖ စကခ(၅)မှူး ဗိုလ်မှူးကြီးခင်‌မောင်ဆင့်၏ ညွန်ကြားချက်ဖြင့် ယခုလ ၁ဝရက်‌နေ့ သံ‌တောင်မြို့နယ်ရှိ ဒဲဒို့ရွာသူရွာသား ၁၇၅ဦး၊ ‌မော်ကိုဒဲရွာသူရွာသား ၁၂၅ဦး၊ ပယ်‌ကော်ဒဲရွာသူရွာသား ၄၀ဝဦးကို ‌ခေါ် ယူပြီး ၎င်းစစ်‌ကြောင်းတပ်စခန်းတည်ရှိရာ ‌ဘောဂလိမှ ‌မော်ကိုဒဲစခန်းသို့ တပ်ရိက္ခာများ သယ်ယူပို့‌ဆောင်ခိုင်းခဲ့‌ကြောင်း ‌ဒေသခံ များက ‌ပြောသည်။

အလားတူ ပြီးခဲ့‌သော နိုဝင်ဘာလကလည်း အဆိုပါ‌ဒေသမှ ရာနှင့်ချီသည့် ရွာသူရွာသားများကို ‌ခေါ်ယူခိုင်း‌စေခြင်း၊ ရွာသားများ၏ ကားများ၊ ဆိုင်ကယ်များကိုလည်း ‌ချောဆွဲအသုံးပြုခဲ့ခြင်း‌ကြောင့် ယခုလ ဒီဇင်ဘာ ၃ရက်‌နေ့က ‌ဘောဂလိနှင့် ‌ကော်‌သေးဒဲရွာသူရွာ သားများ၏ ကား(၈)စီးကို တပ်ရိက္ခာသယ်ပို့ရန်အတွက် ‌ခေါ်ယူအသုံးပြုရာ ကားတစီးမိုင်းထိ၍ ရွာသား ၁ဦး ‌သေဆုံးကာ ၂ဦး ဒဏ် ရာရရှိခဲ့သည်။

‌ကေအဲန်ယူ ‌တောင်ငူ‌ဒေသတွင် နအဖ စကခ (၅)မှ ခမရ (၃၄၆၊ ၃၇၀၊ ၃၇၂၊ ၃၇၃၊ ၅၄၂၊ ၅၄၃၊ ၅၄၄၊ ၅၆၂၊ ၅၆၃၊ ၅၆၆) တပ် ရင်းများ၊ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခမှ တပ်ရင်းများ အ‌ခြေစိုက်လှုပ်ရှားလျှက်ရှိပြီး တပ်စခန်း စုစု‌ပေါင်း ၇၈ခု ရှိသည်ဟု သိ ရသည်။