Home သတင်း ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် စတင်ဖွဲ့စည်း

ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် စတင်ဖွဲ့စည်း

2001
ဒီဇင်ဘာလ ၁ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပအိုဝ်းအမျိုးသားညီညွတ်‌ရေးကို ဦးတည်‌သော ပထမဦးဆုံး ပအိုဝ်းအမျိုးသား ညီလာခံတွင် “ပအိုဝ်းအမျိုးသားလွတ် ‌မြောက်‌ရေး အဖွဲ့ချုပ်”ကို စတင် ဖွဲ့စည်းတည်‌ထောင်လိုက်သည်ဟု သိရသည်။

ယခု ဒီဇင်ဘာလ ၇ရက်မှ ၉ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုညီလာခံတွင် တခု တည်း‌သော ပအိုဝ်းအမျိုးသား ဦး‌ဆောင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဥက္ကဌအဖြစ် ‌ရွေးချယ်ခံရသူ ဗိုလ် မှူးကြီး ခွန်ဥက္ကာက ၎င်းတို့၏ ‌ကြေညာချက်တွင် ‌ပြောကြားလိုက်သည်။

“အခု ပအိုဝ်းအမျိုးသားညီလာခံက‌နေ ဖွဲ့စည်းထားတဲ့ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်ဟာ လက်ရုံးရည် နှလုံးရည်နဲ့ ပူး‌ပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ‌ကြောင့် နအဖရဲ့ ၂၀၁ဝ စိန်‌ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ် ‌မြောက်‌ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်‌နေပါပြီ”ဟု ‌ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေး အဖွဲ့ချုပ်ကို ဖွဲ့စည်းတည်‌ထောင်နိုင်ခြင်းနှင့် ပတ်သက်၍ အဆိုပါညီလာခံသို့ တက် ‌ရောက်ခဲ့သည့် မဟာမိတ် အမျိုးသားဒီမိုက‌ရေစီတပ်‌ပေါင်းစု (မဒတ) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မိုင်ဘုန်း‌ကျော်က ဂုဏ် ပြုစကား ‌ပြောကြားခဲ့သည်။

“ပအိုဝ်းအမျိုးသား‌တွေကြားထဲမှာ စုစည်းညီညွတ်ပြီး ပအိုဝ်းအမျိုးသားညီလာခံကို ကျင်းပနိုင်ခဲ့တာဟာ ကျ‌နော်တို့ တိုင်း ရင်းသား‌တွေအတွက် အတုယူစရာ စံပြဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသား‌တွေကလည်း အခုလို တစုတစည်းတည်း ပူး ‌ပေါင်းလုပ်‌ဆောင်ဖို့ လိုအပ်ပါတယ်။ လုပ်‌ဆောင်ဖို့လည်း ကြိုးစားရမယ်”ဟု ‌ပြောကြားခဲ့သည်။

အဆိုပါညီလာခံတွင် အဖွဲ့ချုပ်၏ ဗဟို‌ကော်မတီ အလုပ်အမှု‌ဆောင်များအဖြစ် ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဒုဥက္ကဌ ဗိုလ် မှူးချုပ်ခွန်တိ‌ဆောင်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခွန်မြင့်ထွန်း၊ တွဲဘက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူးကြီးခွန်သူရိန်၊ တွဲ ဘက်အတွင်း‌ရေးမှူး(၂) ဆရာခွန်မျိုး၊ ဗဟိုအလုပ်အမှု‌ဆောင် ဗိုလ်မှူးကြီး‌အောင်‌ကျော်နှင့် ဆရာခွန်အိုးတို့ကို ‌ရွေး ‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

ညီလာခံ တက်‌ရောက်ခဲ့သူ ပအိုဝ်းလူငယ် ခွန်မိုး‌အေးက “အခုလိုမျိုး စည်းစည်းလုံးလုံး ရှိတဲ့အခါကျ‌တော့ ကျ‌နော်တို့ ပအိုဝ်းအဖွဲ့အစည်းအတွက်လည်း အားရှိလာသလို ဒီမိုက‌ရေစီလမ်း‌ကြောင်းကို အ‌ကောင်အထည်‌ဖော်ရာမှာ အ‌ထောက် အကူဖြစ်တာ‌ပေါ့”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

သုံးရက်တိုင် ကျင်းပပြုလုပ်ခဲ့သည့် ယင်းညီလာခံသို့ ပအိုဝ်းလူငယ်အစည်းအရုံး(ပီဝိုင်အို)၊ ပအိုဝ်းအလုပ်သမားသမဂ္ဂ (ပီအယ်လ်ယူ)၊ အမျိုးသမီးကိုယ်စားလှယ်များ၊ ပအိုဝ်းပြည်သူ့လွတ်‌မြောက်‌ရေးအဖွဲ့(ပီပီအယ်လ်အို)၊ ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(ပီအဲန်အယ်လ်‌အေ)နှင့် ရဟန်းသံဃာ၊ ‌ကျေးရွာလူထုကိုယ်စားလှယ်များ၊ မဟာမိတ်‌ခေါင်း ‌ဆောင်များ၊ ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၉၆ဦး တက်‌ရောက်ခဲ့သည်။

ဗိုလ်မှူးချုပ်ခွန်တိ‌ဆောင်နှင့် ဗိုလ်မှူးကြီးခွန်သူရိန် ဦးစီးသည့် အင်အား ၁၀၀‌ကျော်ရှိ ရှမ်းပြည်လူမျိုး‌ပေါင်းစုံလွတ်‌မြောက် ‌ရေးအဖွဲ့(ရလလဖ)သည် စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်ကာ လက်နက်ကိုင် ‌တော်လှန်ရန် ၂၀၀၇ခုနှစ်က ပြန်လည်‌တောခိုခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်အဖြစ် ရပ်တည်ခဲ့သည်။