Home သတင်း ဒီ‌ကေဘီ‌အေ တပ်သားတဦး လက်နက် ၃လက်နှင့်အတူ ‌ကေအဲန်ယူထံ ပူး‌ပေါင်း

ဒီ‌ကေဘီ‌အေ တပ်သားတဦး လက်နက် ၃လက်နှင့်အတူ ‌ကေအဲန်ယူထံ ပူး‌ပေါင်း

1329
ဒီဇင်ဘာလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်သားတဦးသည် လက်နက်ငယ် ၃လက်နှင့်အတူ ယခုလ ဒီဇင်ဘာလ ၄ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ(၇)ထံ လာ‌ရောက်ပူး‌ပေါင်းခဲ့သည် ဟု သိရသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉) တပ်ရင်း(၅) တပ်ခွဲ(၁)မှ တပ်သား ‌စောဖိုး‌ဇော် ၂၆နှစ်သည် ‌အေ‌ကေ သုံးလက် ယူ‌ဆောင်ကာ ထို‌ဒေသတဝိုက်တွင် လှုပ်ရှား‌နေ‌သော ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ဝင်များ နှင့် ဆက်သွယ်၍ ၎င်း၏ တပ်ခွဲအ‌ခြေချ ခလယ်‌ဒေးစခန်းမှ လာ‌ရောက်ပူး‌ပေါင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ လာ‌ရောက်ပူး‌ပေါင်းခြင်းအ‌ပေါ် ‌စောဖိုး‌ဇော်က “ဒီ‌ကေဘီ‌အေဟာ နအဖကို တိုက်တယ်ထင်လို့ ကျ‌နော် ဝင်‌ရောက်ခဲ့တာ။ အခုဟာက နအဖကို မတိုက်ရဘဲနဲ့ ကျ‌နော်တို့ ကရင်အချင်းချင်း ပြန်တိုက်ရတဲ့အ‌ခြေအ‌နေမှာ ကျ‌နော်လည်း မလိုလားဘူး။ ဒါ‌ကြောင့် ကျ‌နော် ‌ကော်သူး‌လေ(‌ကေအဲန်ယူ)နဲ့ လာပူး‌ပေါင်းတာဖြစ်တယ်”ဟု ဆိုသည်။

၂၀၀၃ခုနှစ်ကတည်းက ဒီ‌ကေဘီ‌အေတပ်ထဲ ဝင်‌ရောက်အမှုထမ်းခဲ့သူ ‌စောဖုိုး‌ဇော်သည် လက်ရှိအချိန်တွင် ‌ကေအဲန်ယူ တပ်မ ဟာ(၇) လက်‌အောက်ခံ တပ်ရင်း‌နေရာတခုတွင် ရှိ‌နေပြီး ‌ရှေ့ဆက်၍ ‌ကေအဲန်ယူနှင့်အတူ နအဖစစ်အစိုးရကို ‌တော်လှန်တိုက် ခိုက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇွန်လက ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေကို နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ သည့်အချိန်မှစ၍ ယခု ဒီဇင်ဘာလဆန်းပိုင်းအထိ ‌ကေအဲန်ယူ တပ်မဟာ(၇)နှင့် လာ‌ရောက်ပူး‌ပေါင်းသည့် ဒီ‌ကေဘီ‌အေ တပ် သားဦး‌ရေ (၅၀)ရှိသည်ဟု ‌ကေအဲန်ယူမှတ်တမ်းများအရ သိရသည်။