Home သတင်း စပါးထွက်နှုန်း‌လျော့နည်း လယ်သမားများ စားဝတ်‌နေ‌ရေး ခက်ခဲနိုင်

စပါးထွက်နှုန်း‌လျော့နည်း လယ်သမားများ စားဝတ်‌နေ‌ရေး ခက်ခဲနိုင်

2195
ဒီဇင်ဘာလ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူခရိုင်တွင် စပါးထွက်နှုန်း ‌လျော့နည်းလာ‌သော‌ကြောင့် လာမည့်နှစ်တွင် ကြီးမားသည့် စားဝတ် ‌နေ‌ရေး ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ‌ဒေသခံလယ်သမားများက ‌ပြောဆို‌နေကြသည်။

‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ‌ဒေသအတွင်းမှ ‌ဒေသခံပြည်သူများသည် နှစ်စဉ် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြရသူ များဖြစ်သည့်အတွက် ယခုနှစ်တွင် မိုးနည်း၍ စပါးပင်များ သန်စွမ်းမှုမရှိသည့်အတွက် ယခင်နှစ် စပါးထွက်နှုန်းထက် သုံးပုံတပုံခန့် ‌လျော့နည်းလာရခြင်းဖြစ်‌ကြောင်း ‌ဒေသခံ ဇီးဖြူကုန်းရွာမှ လယ်သမား ‌စောရားရာက ‌ကေအိုင်စီကို ယခုလို ‌ပြောပြသည်။

“ကျ‌နော်က လယ်လုပ်လာတာ ကြာပါပြီ။ ဒီလို စပါးထွက်နှုန်းနဲ့ တခါမှ ရင်ဆိုင်ရတာ မရှိဘူး။ ကျ‌နော် လယ် (၁၀)ဧက လုပ်တယ်။ မနှစ်က စပါးတင်း (၆၀၀)ခန့်‌လောက် ရှိတယ်။ ဒီနှစ်ဆိုရင် ၂၀၀‌လောက်ပဲ ထွက်တယ်။ ဒီလို ထွက်ရတာလည်း မိုးရာသီမှာ မိုးနည်း ‌နေလို့ပါ။ မိုးနည်း‌တော့ စပါး‌တွေက သိပ်မသန်ဘူး။ ဒါ‌ကြောင့် စပါးထွက်နှုန်းမ‌ကောင်းတာ‌ပေါ့”ဟု သူက ‌ပြောသည်။

ယခုနှစ် ‌တောင်ငူခရိုင်တွင် လယ်ယာများ စပါးထွက်နှုန်းလာသည့်‌ပေါ် လယ်သမားများအ‌နေဖြင့် လယ်ယာတွင် ခိုင်း‌စေသည့် ကျွဲ၊ နွားများ အပါအဝင် လယ်ယာနှင့် လှည်းများကိုပါ ‌ပေါင်နှံ‌ရောင်းချရနိုင်သည့် အ‌ခြေအ‌နေကို ရင်ဆိုင်ကြုံ‌တွေ့ရနိုင်သည်ဟု ‌တောင်ငူ ‌ဒေသခံတဦးဖြစ်သူ ‌စောအယ်ဝါးကလည်း ယခုလို ရှင်းပြသည်။

၎င်းက “ဒီနှစ်‌တော့ လယ်သမား‌တွေ ကျွဲ‌ရောင်း၊ နွား‌ရောင်း၊ လှည်း‌ရောင်း၊ လယ်‌ပေါင်၊ ယာ‌ပေါင်ရတဲ့အထိ ရင်ဆိုင်ရနိုင်မယ်။ ဘာ ဖြစ်လို့လဲဆို‌တော့ လယ်သမား‌တွေဟာ တနှစ်အတွက် လယ်လုပ်ဖို့ဆိုရင် ပိုက်ဆံအတိုးချတဲ့သူ‌တွေဆီက ပိုက်ဆံ‌ချေးရတယ်။ စပါး ‌ပေါ်ချိန်ဆိုရင် ပြန်ဆပ်ရစမြဲပဲ။ ဒီလို စပါးထွက်နှုန်း‌လျှော့လာတဲ့အခါကျ‌တော့ သူတို့(လယ်သမား)‌တွေအတွက် ကြုံ‌တွေ့ရမယ့် ပြ ဿနာက ‌တွေး‌တောင် မ‌တွေးဝံ့ဘူး။ ‌နောက်နှစ်အတွက်ဆိုရင်လည်း လယ်လုပ်ဖို့က မလွယ်‌တော့ဘူး‌ပေါ့”ဟု ဆိုသည်။

ထန်းတပင်မြို့နယ်၊ အ‌ရှေ့ခြမ်း‌ကျေးရွာများဖြစ်သည့် ဇီးဖြူကုန်း၊ ‌တောပုန်း၊ ရှားဇီးဘို၊ ‌ရေလျှံ၊ ပြင်ကား၊ ‌လေးသစ်၊ ‌အောင်မြင်ယာ၊ သစ်ချစိပ်၊ တပ်‌ပြေး၊ ခြံကြီး၊ နတ်ရွာနှင့် သ‌ပြေကွင်း စသည့်‌ကျေးရွာများတွင် လူတရာ၌ ၈ဝရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းဖြင့် အ သက်‌မွေးဝမ်း‌ကျောင်းပြုကြပြီး ထို‌ဒေသအတွင်း ခန့်မှန်း‌ခြေ လယ်ဧက တ‌ထောင်ခန့် ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စစ်‌တောင်းမြစ် ‌ရေလျှံတက် မှုနှင့် ပသိ‌ချောင်းကို အ‌ခြေခံကာ တည်‌ဆောက်ထားသည့် ပသိဆည်မှ ‌ရေလွတ်ချမှု‌ကြောင့် ‌ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး တပတ်အ ကြာခန့် လယ်ယာအ‌မြောက်အများ ‌ရေဖုံးလွှမ်းကာ စပါးပင်များ ‌သေ‌ကြေပျက်စီးမှု တကြိမ်ဖြစ်ပွားခဲ့သည်။

“လုပ်ငန်းခွင်တွင်းရှိ‌နေသည့် ‌တောင်ငူခရိုင်ရှိ လယ်သမားများ”
“လုပ်ငန်းခွင်တွင်းရှိ‌နေသည့် ‌တောင်ငူခရိုင်ရှိ လယ်သမားများ”

‌တောင်ငူခရိုင်အတွင်းရှိ ‌တောင်သူလယ်သမားများသည် စပါးကို ဇွန်လပိုင်းတွင် စတင်စိုက်ပျိုးကြကာ ဒီဇင်ဘာလတွင် ရိတ်သိမ်း ‌လေ့ရှိပြီး ၂၀၀၉ခုနှစ်တွင် မိုး‌နှောင်းမ‌ကောင်း‌သော‌ကြောင့် စပါးများ မိုး‌ရေချိန်အလုံအ‌လောက် မရရှိဘဲ စပါးရှင်သန်မှု အားမ‌ကောင်း သည့်အ‌ပေါ် ယခုကဲ့သို့ အထွက်နှုန်း‌လျော့ရခြင်းဖြစ်သည်။