Home သတင်း စစ်သား‌ကောက်ခံမည်ဖြစ်‌သော‌ကြောင့် အရွယ်‌ရောက်လူငယ်များ ရွာမှ တိမ်း‌ရှောင်‌နေရ

စစ်သား‌ကောက်ခံမည်ဖြစ်‌သော‌ကြောင့် အရွယ်‌ရောက်လူငယ်များ ရွာမှ တိမ်း‌ရှောင်‌နေရ

1673
ဒီဇင်ဘာလ ၁၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဒီ‌ကေဘီ‌အေတပ်ဖွဲ့က ကရင်နှစ်သစ်ကူးအပြီး စစ်သား‌ကောက်မည်ဖြစ်‌သောကြာင့် ဖာပွန်‌ဒေသမှ လူငယ်များ ၎င်းတို့‌ကျေးရွာမှ လွတ်‌မြောက်ရာ‌နေရာသို့ တိမ်း‌ရှောင်‌နေရ‌ကြောင်း မယ်လဒုက္ခသည်အတွင်းသို့ ထွက်‌ပြေး‌ရောက်ရှိလာသူ ‌စောတဂါက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဝင်း‌မောင်‌ကျေးရွာအုပ်စုအတွင်း လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၃၃၃)မှ ဒု-ဗိုလ်မှူးကြီး ‌စောဟယ်နရီ ဦး‌ဆောင်‌သော တပ်ရင်းက စစ်အင်အားတိုးချဲ့ရန် စစ်‌ကောက်လာမည်ကို စိုးရိမ်သည့်အ‌ပေါ် ယခုလို ထွက် ‌ပြေးတိမ်း‌ရှောင်လာရခြင်းဖြစ်သည်ဟု ဝင်း‌မောင်‌ကျေးရွာအုပ်စုအတွင်း ‌နေထိုင်သူ အသက် ၁၈နှစ်အရွယ် ‌စောတဂါက ‌ပြောသည်။

“ကျ‌နော်တို့ မ‌နေ့ကပဲ ဘဲက‌လော့(မယ်လစခန်း)ကို ‌ရောက်တာ။ သုံး‌ယောက် ထွက်လာတာ‌ပေါ့‌နော်။ ကျ‌နော်တို့အားလုံးဟာ တရွာတည်းသား‌တွေပဲ။ ဒီ‌ကေဘီ‌အေ စစ်သား မလုပ်ချင်လို့ ထွက်‌ပြေးလာတာပါ။ ဒီ‌ကေဘီ‌အေဖြစ်ရင် ကျ‌နော်တို့က ‌ကော်သူး‌လေ (‌ကေအဲန်ယူ)ကို တိုက်ရမှာ။ ကရင်အချင်းချင်းပဲဆို‌တော့ ပြန်တိုက်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ‌ကော်သူး‌လေစစ်သား ဆိုရင်‌တော့ လုပ်ရဲတယ်”ဟု သူက ဆိုသည်။

ဝင်း‌မောင်း‌ကျေးရွာအုပ်စု‌နေ ‌ဒေသခံအမျိုးသမီးတ‌ယောက်ကလည်း “လူ‌တွေဟာ မိသားစုနဲ့အတူ ‌အေး‌အေး‌ဆေး‌ဆေး ‌နေချင်ကြတဲ့ သူ‌တွေချည်းပါပဲ။ အခုလို စစ်‌ကောက်‌တော့ မိဘနဲ့ သားသမီး‌တွေဟာ ခွဲခွာပြီး‌နေရတယ်။ အခု ဝင်း‌မော‌ကျေးရွာ အုပ်စုက ရွာ‌တွေအားလုံး ဒီလိုချည်းပဲ။ အရွယ်‌ရောက်တဲ့ လူငယ်‌တွေဆိုရင် ရွာထဲမှာ တ‌ယောက်မှ မ‌တွေ့ရ‌တော့ဘူး။ ဘယ်သူမှ ဒီ‌ကေဘီ‌အေ စစ်သား မလုပ်ချင်ဘူး။ ‌နောက် ကျမတို့ရွာက လူ‌တွေဟာ စားဝတ်‌နေ‌ရေး အခက်အခဲကလည်း ရှိ‌သေးတယ်‌လေ”ဟု ‌ပြောဆိုသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့က ‌ဒေသဖွဲ့ဖြိုး‌ရေးဟုဆိုကာ ထို‌ဒေသအတွင်း ‌နေထိုင်သူ ရွာသူရွာသားများကို စခန်း‌ဆောက်၊ ရိက္ခာ သယ်ရန်အတွက် ရွာတရွာလျှင် ရွာသား ၁ဝမှ ၁၅ဦးအထိ ‌နေ့တိုင်း လုပ်အား‌ပေးသွား‌နေရပြီး မသွားနိုင်ပါက အခြားလူများ ကို ငှားရမ်းရကာ တရက်လျှင် အခ‌ကြေး‌ငွေ ၅၀၀ဝကျပ် ‌ပေး‌ဆောင်‌နေရသည့်အပြင် ယခုလို စစ်သားများ ထပ်မံ‌ကောက် ခံလာမည်ဖြစ်‌သောာ‌ကြောင့် ရွာသူရွာသားများအ‌နေဖြင့် မခံမရပ်နိုင်ဖြစ်ရ‌ကြောင်း သူမက ဆက်‌ပြောဆိုသွားသည်။

ဝင်း‌မောင်း‌ကျေးရွာအုပ်စုအတွင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ စစ်သား‌ကောက်ယူရန်ရှိသည့် ‌ကျေးရွာများမှာ ဝင်း‌မောင်း၊ ကျွန်းပင် ဝင်း၊ မိ‌ချောင်ဝင်း၊ သရက်ပင်ဆိပ်၊ မ‌လေး‌ကျောက်၊ ‌သေး ကျိုး၊ ‌ဖွေးပဝါ၊ သစ်‌ဆော့ခီး၊ မဲပရီ၊ ‌ဂေါ်ကလား၊ ‌ဝေါ်‌လေ၊ ပဒါ‌ဒေါင် စသည့် ရွာများဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလက ဒီ‌ကေဘီ‌အေ တပ်မဟာ (၃၃၃)နှင့် (၉၉၉)မှ အင်အား ၇၀ဝခန့်သည် ‌ရွှေနှင့်သစ်လုပ်ငန်း လုပ်ကိုင်ရန် ဖာပွန်နှင့် သထုံခရိုင်အတွင်း ‌ရောက်ရှိအ‌ခြေချ လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် တပ်စခန်းကြီး ၅ခုလည်း တိုးချဲ့တည်‌ဆောက်‌နေသည်ဟု သိရသည်။