Home သတင်း က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေး‌နေ့ကို မဲ‌ဆောက်မြို့၌ ကျင်းပ

က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေး‌နေ့ကို မဲ‌ဆောက်မြို့၌ ကျင်းပ

1512
ဒီဇင်ဘာလ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်သည့် ၂၀၀၉ခုနှစ် က‌လေးကူးသန်း‌ရောင်းဝယ်မှုဆန့်ကျင်‌ရေး‌နေ့ကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ ဆာသူး‌လေ‌ကျောင်း၌ နံနက် ၉နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ မြန်မာစာသင်‌ကျောင်း‌ပေါင်း ၄ဝ ‌ကျော်မှ ဆရာ၊ ဆရာမများနှင့် ‌ကျောင်းသူ၊ ‌ကျောင်းသားများအပါအဝင် ပရိဿတ်‌ပေါင်း ၃၀ဝ ခန့် တက်‌ရောက်ခဲ့သည်။

မြန်မာ့‌ရွှေ့‌ပြောင်းအလုပ်သမား က‌လေးငယ်များ‌ကော်မတီဥက္ကဌ ဆရာမ ‌နော်‌ဖော‌ရေက “ကျမတို့ဟာ ကုန်ကူး ခံ‌နေရတဲ့ က‌လေး‌တွေအတွက် ကူညီ‌ဆောင်ရွက်‌ပေးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါ‌ကြောင့် တညီတ ညွှတ်တည်း ပါဝင်ကြဖို့ တိုက်တွန်းပါတယ်”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

အခမ်းအနားကို တက်‌ရောက်သည့် ၁၄နှစ်အရွယ် ‌ကျောင်းသား‌လေးတဦးက “ကျ‌နော်တို့အတွက် ဒီလိုမျိုး က‌လေးကူးသန်း‌ရောင်းဝယ်မှုဆန့်ကျင်‌ရေး‌နေ့ကို ကျင်းပ‌ပေးတဲ့ ဆရာသမား‌တွေကို အထူး‌ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ နိုင်ငံမှာဆိုရင် ဒီလိုမျိုး က‌လေး‌တွေကို အလွဲသုံးစားမှု‌တွေ အကျယ်တ‌ဝေ့ ဖြစ်ပွား‌နေလို့ပါ။ အထူးသဖြင့် မြန်မာပြည်တွင်းမှာ က‌လေး‌တွေကို စစ်သားအဖြစ် အတင်းအဓမ္မ ခိုင်း‌စေခံရတာ ‌တွေကြည့်ရင် သိနိုင်ပါတယ်”ဟု ‌ပြောသည်။

က‌လေးများသည် က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေး‌နေ့ အခမ်းအနားသို့ တက်‌ရောက်လာသည့် ပရိ ဿတ်များအား ‌တေးသီချင်း၊ အကနှင့် ပြဇာတ် စသည့်တို့ ‌ဖျော်‌ဖြေမှုများလည်း တင်ဆက်ခဲ့ကြသည်။

က‌လေးကူးသန်း‌ရောင်းဝယ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ရန်အတွက် အီတလီနိုင်ငံ ပါရာဂျီယာ(Parugia)မြို့၌ ၂၀၀ဝ ခုနှစ်တွင် ညီလာခံတခု ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ဆန္ဒအရ သ‌ဘောတူညီမှုစာချုပ်တခု အ တည် ပြုနိုင်ခဲ့သည်။

ယ‌နေ့ကျ‌ရောက်သည့် ၂၀၀၉ခုနှစ်က‌လေးကူးသန်း‌ရောင်ဝယ်မှု ပ‌ပျောက်‌ရေး‌နေ့ကို ထိုင်းနိုင်ငံမဲ‌ဆောက်မြို့တွင် ဤသို့ပြုလုပ်ကျင်းပခဲ့သည်။
ဆာသူး‌လေ‌ကျောင်း၌ ကျင်းပသည့်၂၀၀၉ခုနှစ် က‌လေးကူးသန်း‌ရောင်ဝယ်မှု ပ‌ပျောက်‌ရေး‌နေ့တွင် က‌လေးများ၏ သရုပ်‌ဖော် ပြဇာတ်ကွက်တခု

ထိုရက်ကို အ‌ကြောင်းပြု၍ ဒီဇင်ဘာလ ၁၂ရက်‌နေ့သည် က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့ရခြင်းဖြစ်သည်။

အ‌ရှေ့‌တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ က‌မ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကပူ နိုင်ငံတို့သည် က‌လေးကူးသန်း‌ရောင်းဝယ်မှုဆန့်ကျင်‌ရေး‌နေ့ကို ယ‌နေ့တွင် နိုင်ငံသီးသီးကျင်းပကြ‌ကြောင်း သိရ သည်။