Home သတင်း မြဝတီရှိ နအဖတပ်သား ၄ဦး ‌ပျောက်ဆုံး‌နေ

မြဝတီရှိ နအဖတပ်သား ၄ဦး ‌ပျောက်ဆုံး‌နေ

2051
နိုဝင်ဘာလ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီအ‌ခြေစိုက် နအဖစစ်တပ် ခလရ ၂၇၅ တပ်ရင်းမှ တပ်သား ၄ဦး၊ လက်နက်ငယ် ၂ လက်နှင့်အတူ ‌ပျောက်ဆုံးခဲ့ရာ ယခုအချိန်ထိ ရှာ‌ဖွေ္ဂ‌တွေ့ရှိမှု မရှိ‌သေး‌ကြောင်း အဆိုပါ တပ်ရင်းနှင့် နီးစပ် သူများက ‌ပြောသည်။

ယခုလ ၁၀‌နေ့ ည‌နေတွင် အဆိုပါ တပ်သား ၄ဦးသည် မြဝတီနှင့် သဃင်္န်းညီ‌နောင်ကြား ကားလမ်းမ ကြီး‌ဘေးတွင် ဧက ၂ဝ ဝန်းကျင်ရှိ ရာဘာခြံတွင် မြက်ပင်များ သွားရှင်းရာမှ ‌ပျောက်ဆုံးသွားခြင်းဖြစ် သည်ဟု အမည်မ‌ဖော်လိုသည့် ၎င်းတပ်ရင်းနှင့် နီးစပ်သူ တဦးက‌ပြောသည်။

သူက “ မြဝတီနဲ့ သဃင်္န်းညီ‌နောင် ကားလမ်းတ‌လျှောက် လမ်း‌ဘေးမှာ ထင်းရှူး‌တောတန်း ကုန်းတကုန်း ရှိတယ်။ အဲဒီကုန်းမှာ မြဝတီအ‌ခြေစိုက် ခလရ ၂၇၅တပ်ရင်းရဲ့ ရာဘာခြံတခြံရှိတယ်‌လေ။ ပြီးခဲ့တဲ့ ၁ဝရက် ‌နေ့ ည‌နေ ၃နာရီ‌လောက်မှာ မြက်ပင်‌တွေသွားရှင်းဖို့ ရဲ‌ဘော်‌လေး ၄ ‌ယောက်ထွက်သွားတယ်။ ဆယ်‌ကျော်သက်က သုံး‌ယောက်၊ နှစ်ဆယ်‌ကျော်က ၁‌ယောက်၊ ‌သေနတ် ၂လက်ပါသွားတယ်။ အခု ထက်ထိ ရှာလို့မ‌တွေ့‌သေးဘူး ”ဟု ‌ပြောသည်။

“ရဲ‌ဘော်သစ်‌လေး‌တွေလည်း ကျ‌နော်တို့ ရဲ‌ဘော်‌ဟောင်း‌တွေနဲ့လည်း အတူတူပါပဲ။ ကျ‌နော်တို့က မိန်းမနဲ့ က‌လေး‌တွေရှိလို့ ဘယ်မှ မသွားချင်မလာချင်တာ။ ရဲ‌ဘော်‌လေး‌တွေဆို ပိုပြီး‌တော့ ထွက်‌ပြေးချင်မှာ‌ပေါ့။ ရတဲ့လစာကလည်း မမှန်၊ စာရင်းမှာဆိုရင် ‌လေး‌သောင်း၊ ငါး‌သောင်း၊ ‌ခြောက်‌သောင်း၊ ခုနှစ်‌သောင်း၊ ရှစ်‌သောင်း ‌ရေးလိုက်တယ်။ ပြီး‌တော့ တပ်ရင်းက ဘာအတွက် ညာအတွက် ဝယ်စရာရှိရင်လည်း စုစုပြီး ဝယ်ရတယ်။ အဲလိုမျိုးဖြစ်‌တော့ ကြာကြာ‌လေ ရဲ‌ဘော်‌လေး‌တွေစိတ်ဓါတ်ကျလာတယ်”ဟု ဒီ‌ကေဘီ‌အေ တပ်မှူးတဦးက ခလရ ၂၇၅ တပ်ရင်းမှ တပ်ကြပ်တဦး၏‌ပြောစကားကို ကိုးကား၍ ‌ကေအိုင်စီကို ‌ပြော သည်။

အဆိုပါ ‌ပျောက်ဆုံးခဲ့‌သော ‌မော်လမြိုင်မြို့အ‌ခြေစိုက် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခလရ ၂၇၅ တပ်ရင်းမှ တပ်သားများသည် ‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ၊ တပ်မဟာဌာနချုပ် စစ် ‌ကြောင်း လှုပ်ရှားရာ‌ဒေသအတွင်းသို့ ထွက်‌ပြေးသွားခြင်း ဖြစ်နိုင်သည်ဟု ဒီ‌ကေဘီ‌အေ အသိုင်းအ ဝိုင်းများကခန့် မှန်းကြသည်။

သို့‌သော်လည်း အဆိုပါ ‌ပျောက်ဆုံးခဲ့‌သော နအဖ တပ်သားများသည် ၎င်းတို့တပ်ဖွဲ့ထံတွင် မ‌ရောက်ရှိ ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၆) တပ်မဟာဌာနချုပ်စစ်‌ကြောင်းမှူး ဗိုလ်ကြီး ‌စောလမင်းက ‌ကေအိုင်စီ ကို ယ‌နေ့ ‌ပြောသည်။

ယခင်ကလည်း နအဖတပ်သားများသည် အဆိုပါ ရာဘာခြံကို သွား၍ မြက်ပင်ရှင်း၊ ခြံစည်းရိုးသွားခတ် ခဲ့ရာတွင် ‌ပျောက်ဆုံးမှုများလည်းရှိပြီး မြဝတီ-သဃင်္န်ညီ‌နောင်ကြားရှိ ရာဘာခြံများသည် အများစုက ဒီ ‌ကေဘီ‌အေ အရာရှိကြီး ပိုင်ဆိုင်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၆)ရက်‌နေ့တွင်လည်း နအဖ တပ်မ(၂၂)မှ တပ်သား သက်ပိုင်ဦး ၁၅နှစ်က ‌ကေ အဲန်ယူ တပ်မဟာ (၆)နယ်‌မြေ ‌ဝေါ်‌လေအ‌ခြေစိုက် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း ၂၀၁ထံသို့ ထွက်‌ပြေး ‌ရောက်ရှိလာသည်။