Home သတင်း ‌ကျောင်းသားနှစ်ဦး ဓါးပြတိုက်ခံရ

‌ကျောင်းသားနှစ်ဦး ဓါးပြတိုက်ခံရ

1660
နိုဝင်ဘာလ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ (wide Horizon School)ဆယ်တန်းလွန်‌ကျောင်းတွင် ပညာသင်ကြား‌နေ‌သော ‌ကျောင်းသားနှစ်ဦးသည် ပြီးခဲ့သည့်အပတ် စ‌နေ‌နေ့ ည‌နေ ၆နာရီ အချိန်တွင် ဓါးပြတိုက်ခံရ‌ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးသည် ‌ကျောင်းရှိ ‌ကျောင်းသူ‌ကျောင်းသားများအတွက် ချက်စရာ၊ ပြုတ်စရာများ ကို ‌ဈေးသို့ သွားဝယ်အပြီး အပြန်လမ်းတွင် ဓါးပြတိုက်ခံရခြင်းဖြစ်သည်ဟု ဓါးပြတိုက်ခံရသူ ‌ကျောင်းသားတဦးက ‌ကေအိုင်စီ ကို ‌ပြောသည်။

သူက “ကျ‌နော်တို့ စက်ဘီးနဲ့ ‌ဈေးမှ အပြန်မှာ ဆိုင်ကယ်စီး‌နေတဲ့ လူနှစ်‌ယောက်က ကျ‌နော်တို့ကို ရပ်ဖို့တားတယ်။ ထိုင်းလို ဘယ်ကပြန်လာလဲလို့ ‌မေးတယ်။ ကျ‌နော်တို့က သူတို့ကို ပုလိပ်လို့ ထင်တယ်။ အဲဒါနဲ့ ကျ‌နော့် လည်မှာ ဆွဲထားတဲ့ လွယ်အိတ်ကို ချွတ်ပြီး ယူသွားတယ်။ ကျ‌နော်တို့ ပြန်ယူမယ်လုပ် တဲ့အခါ သူတို့က ‌သေနတ်တိုတလက်ထုတ်ပြီး ကျ‌နော်တို့ကို ချိန်‌တော့ မသွားရဲ‌တော့ဘူး။ အဲဒီမှာ ကျ‌နော့်အိတ်ထဲမှာ MP4၊ USB နဲ့ ဖုန်းအကုန်ပါသွားတယ်။ ကျ‌နော်ရဲ့သူငယ်ချင်းကျ‌တော့ ဘာမှ မပါလို့ ‌တော်‌သေးတယ်။”ဟု ‌ပြောသည်။

အဆိုပါ ဓါးပြတိုက်သူ နှစ်ဦးသည် အနက်‌ရောင်အကျင်္ီဝတ်ဆင်ထားပြီး အသက်အားဖြင့် ၂ဝနှင့် ၂၅ ဝန်းကျင် ရှိ‌ကြောင်း၊ ၎င်းတို့စီးသည့် ဆိုင်ကယ်၏ ကိန်းဂဏန်းနံပါတ်ကို တိတ်ဖြင့် ကပ်ထားသဖြင့် ၇ တလုံးသာ မြင်ရ ‌ကြောင်း သူက ဆက်‌ပြောသည်။

ဓါးပြတိုက်ခံရခြင်းနှင့် ပတ်သက်၍ ထိုင်းပုလိပ်ရုံးသို့ သွား‌ရောက်တိုင်ကြားချင်‌သော်လည်း ထို‌ကျောင်းသား နှစ်ဦးသည် ထိုင်းနိုင်ငံတွင် ‌နေထိုင်ခွင့်လက်မှတ် တစုံတရာမရှိသည့်အတွက် ‌ကြောင့် သွားတိုင်ရန် အခက် အခဲရှိသည်ဟု wide Horizon School ‌ကျောင်းအုပ်က ‌ပြောသည်။

ယခုလို ဓါးပြတိုက်ခံရခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ‌ကျောင်းသူ ‌ကျောင်းသားများက ထိတ်လန့်‌နေကြပြီး သတိဖြင့် သွားလာ‌နေကြရန် သတိ‌ပေး‌ပြောထား သည်ဟု သူက ဆက်လက် ‌ပြောဆိုသည်။

မြန်မာပြည်သားများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါ wide Horizon Schoolကို မဲ‌ဆောက်မြို့တွင် ၂၀၀၆ ခုနှစ်က စတင်တည်‌ထောင်ခဲ့ပြီး ကွန်ပျူတာ၊ အဂင်္လိပ်စာနှင့် စီမံခန့်ခွဲမှု ဘာသာရပ်ကို အဓိကထား သင်ကြား‌ပေးလျှက်ရှိသည်။ လက်ရှိတွင် ‌ကျောင်းဆရာ၊ ဆရာမ(၄)ဦး၊ ‌ကျောင်း သူ‌ကျောင်းသား (၂၄) ဦးရှိသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ဓါးပြတိုက်မှု၊ ခိုးမှုနှင့် မုဒိမ်းမှု စသည့်အမှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။