Home လူထုအသံ ပေးစာကဏ္ဍ မထသ ဒဏ် ယာဉ်တန်း‌ပြေးဆွဲသူများ မခံနိုင်

မထသ ဒဏ် ယာဉ်တန်း‌ပြေးဆွဲသူများ မခံနိုင်

2175

မြဝတီခရိုင် မထသ ‌ခေါ် မြို့နယ်‌မော်‌တော်ယာဉ် ကြီးကြပ်ထိန်းသိမ်း‌ရေး‌ကော်မတီဟာ ‌တောင်‌ပေါ်လမ်း‌ကြောတ‌လျှောက် အခွန်‌တွေကို နင်းကန် ‌ကောက်ခံ‌နေတဲ့အတွက် ကားလိုင်း‌ပြေးဆွဲ‌နေသူ‌တွေ မခံမရပ်နိုင် ဖြစ်‌နေပါတယ်။

မြဝတီမှာ မြတ်အိ‌န္ဒြေ၊ အ‌ဆွေ‌တော်၊ စိန်၊ ‌ရွှေမင်းသား၊ သန်းထိုက်ရတနာ စသည့် အ‌ဝေး‌ပြေး မှန်လုံကား‌တွေနဲ့ ဟိုင်းလက် ကား‌တွေ ‌ပြေးဆွဲ‌နေတယ်။ အခုဆို အ‌ဝေး‌ပြေးမှန်လုံကား‌တွေဟာ ခရီးသည်‌တွေ သိပ်မတင်‌တော့ဘဲ ကားရဲ့ အလယ်ခုံတန်း ‌တွေကို ဖြုတ်ပြီး ကုန်ပစ္စည်း‌တွေပဲ တင်‌တော့တယ်။ ကုန်ပစ္စည်းဆို‌တော့ ခရီးသည်ထက် မထသက ‌ငွေပို‌ကောက်တာ‌ပေါ့။ နိုဝင်ဘာ ၁၈ရက် ‌နေ့က ဖားအံဘက်ကို ဆင်းသွားတဲ့ ‘အ‌ဆွေ‌တော်’ မှန်လုံကားလိုင်း ‌ပြေးဆွဲ‌နေတဲ့သူနဲ့ မထသ က ‌ငွေ ‌ကောက်တဲ့သူ‌တွေ စကားများကြတယ်။ ခါတိုင်း မထသ ‌ငွေ‌ကောက်ရင် တ‌သောင်းလည်း ယူတယ်။ နှစ်‌သောင်းလည်း ယူ တယ်။ ဒီတခါကျ‌တော့ ‌ငွေ‌လေး‌သောင်းအထိ လာ‌ကောက်‌တော့ အဲဒီမှာ ဘယ်လက်မှတ်နဲ့ ဘာအတွက် ဒီ‌လောက်‌ကောက် တာလဲ ဘာညာ‌ပေါ့။ စကားနည်းနည်းများပြီး ပြဿနာတက်‌ရော။ အဲဒါနဲ့ စာရင်း‌တွေဘာ‌တွေ သူများ‌မေး‌တော့ ‌ငွေကွာဟချက် ဖြစ်‌နေတာ‌ပေါ့။ အခြား ကား‌တွေလည်း မထသကို မ‌ကျေနပ်ပါဘူး။ ဒါ‌ပေမဲ့ ဘယ်တိုင်ရမှန်းမသိလို့ ဒီအတိုင်း ငြိမ်ခံ‌နေကြတာ။

၂၀၀၁ ခုနှစ်က မထသကို ဗိုလ်ကြီးခင်‌မောင်သန်းက ကိုင်တယ်။ အဲဒီတုန်းက ပုံမှန်အတိုင်း ‌ကောက်‌တော့ ဘာပြဿနာမှ မရှိ ခဲ့ဘူး။ ဒါ‌ပေမဲ့ ၂၀၀၄ခုနှစ်ကစပြီး အဲဒီ မထသကို ဦးမိုးသီး ‌ခေါ် ဦးစံသွင်က ဥက္ကဌအဖြစ် ပြန်လုပ်ပါတယ်။ သူက ဘယ်လို ပုံစံ‌ကောက်ခံသလဲဆို‌တော့ ပရကတို့၊ မရကတို့ ခွင့်ပြုချက်နဲ့ ဒီမှာရှိတဲ့ မြဝတီ-ညီ‌နောင် လိုင်းကား‌တွေ၊ မြဝတီ-ရန်ကုန်ကို သွားတဲ့ကား‌တွေကို လမ်းခင်းဖို့ ‌ကျောက်‌ကြေးအတွက်ဆိုပြီး ဆယ့်နှစ်ဘီးကားတစီးကို ‌လေး‌သောင်း။ ဟိုင်းလက်ကားဆိုရင် တ‌သောင်း၊ တ‌သောင်းခွဲ။ ‌ခြောက်ဘီးကားဆို နှစ်‌သောင်း၊ သုံး‌သောင်း အဲလိုအ‌ခြေအ‌နေထိ ‌ကောက်တာ‌ပေါ့။ အဲလို‌ကောက် တဲ့‌ငွေ‌တွေကို ပရက၊ မရကရုံး‌တွေကို တင်လိုက်တယ်။ အဲလိုတင်လိုက်တဲ့‌ငွေ‌တွေမှာ ကွာဟချက်‌တွေ အများကြီးရှိတယ်။ သူတို့‌ကောက်ခံ တဲ့‌ငွေ‌တွေက ဆယ်ရက်မှာဆိုရင် ကျပ်သိန်း ၆၀‌ကျော် ရတယ်‌လေ။ အဲဒီမှာ ပရက၊ ခရကကိုတင်တာက ဆယ်သိန်း။ ဒီလို ‌ကျောက်‌ကြေးအပြင် မထသရန်ပုံ‌ငွေဆိုပြီး ထပ်‌ကောက်‌သေးတယ်။ ဒါမျိုးသာ ဆက်လုပ်‌နေမယ်ဆိုရင် ကား ‌ပြေး‌နေသူ‌တွေ ဘယ်လိုဆက်လုပ်စားရ‌တော့မှာလဲ။ ဒါ‌ကြောင့် သက်ဆိုင်ရာ အာဏာပိုင်‌တွေသိသာ‌အောင် ကား‌ပြေးဆွဲသူ ‌တွေကိုယ်စား သတင်းဌာန‌တွေကတဆင့် အခုလို ရင်ဖွင့်‌ပြောကြား‌ပေးရတာပဲ ဖြစ်ပါတယ်။

ကားလိုင်း‌ပြေးဆွဲသူတဦး