Home သတင်း ထိုင်းနှင့် မြန်မာနယ်စပ်အာဏာပိုင်တို့ကြား တင်းမာမှု ‌ခေတ္တဖြစ်ပွား

ထိုင်းနှင့် မြန်မာနယ်စပ်အာဏာပိုင်တို့ကြား တင်းမာမှု ‌ခေတ္တဖြစ်ပွား

1626
နိုဝင်ဘာလ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနှင့် မြန်မာ နယ်စပ်အာဏာပိုင်တို့အကြား တင်းမာမှု ‌ခေတ္တဖြစ်ပွားခဲ့ရာမှ ယ‌နေ့ ပြန်လည်ဖွင့်လှစ်လိုက်‌သော်လည်း နယ်စပ်သွားလာမှုမှာ ပုံမှန်မဖြစ်‌သေးဟု သိရသည်။

‌အောက်တိုဘာလ ၃ဝရက်‌နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတင်းမာမှုသည် တဖက်နှင့်တဖက် နယ် ‌မြေကျူး‌ကျော်မှု‌ကြောင့်ဖြစ်ပြီး နယ်စပ်ဖြတ်‌ကျော်ခွင့်ကို နှစ်ဖက်အာဏာပိုင်များက ‌ခေတ္တပိတ်ပင်ခဲ့ရာ ယခုပြန်လည်ဖွင့်လှစ်ခဲ့‌သော်လည်း ယခင်လို လူအစုလိုက်အပြုံလိုက် ဖြတ်‌ကျော်ခွင့် မ‌ပေး‌သေး‌ကြောင်း ဘုရားသုံးဆူမှ ဒီ‌ကေဘီ‌အေ တပ်မှူးတဦးက ‌ပြောသည်။

၎င်းက “၃ဝရက်‌နေ့ ည‌နေ ၆နာရီမှာ မြန်မာဘက်က စပိတ်တယ်။ နယ်စပ် ပြဿနာက‌နေစဖြစ်တာပါ။ ကျ‌နော် သိရသ‌လောက်ဆိုရင် ဗမာစီးပွား‌ရေးသမား‌တွေက အဲဒီဖြစ်ပွားတဲ့ ကွင်းပြင်ကို ‌ဂေါ့ဖ်ကွင်းတ ကွင်းလုပ်ဖို့ မြက်‌တွေဘာ‌တွေ လာစိုက်တဲ့အချိန်မှာ ထိုင်းနယ်စပ်လုံခြုံ‌ရေး‌တွေက လက်မခံကြဘူး၊ အဲဒီ က‌နေပြီး တဘက်နဲ့တဘက် မ‌ပြေမလည်ဖြစ်ပြီး‌တော့ မြန်မာဘက်က နယ်စပ်သွားလာမှု ပိတ်ပစ်လိုက် တယ်။ အခု ပြန်ဖွင့်လာ‌ပေမယ့်လည်း လူ‌တွေ အုပ်စုလိုက် သွားလာလို့ မရဲကြ‌သေးဘူး”ဟု ‌ပြောသည်။

ယခုုဖြစ်ပွားသည့် တင်းမာမှုသည် မြို့နယ်အဆင့်ထိဖြစ်ပွားသည်မဟုတ်ဘဲ နယ်စပ်ရှိ စီးပွား‌ရေးသမား များ အချင်းချင်း စတင်ဖြစ်ပွားရာမှ နယ်စပ်လုံခြုံ‌ရေးတပ်ဖွဲ့အထိ ‌ရောက်ရှိကာ တင်းမာမဏ ဖြစ်ပွား သွားခြင်းဖြစ်‌ကြောင်း ဘုရားသုံးဆူမြို့တဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် ‌နေထိုင်သည့် ထိုင်းကျန်းမာ ‌ရေးဝန်ထမ်းတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “နှစ်ဘက် စီးပွား‌ရေးသမား အချင်းချင်းက‌နေ စဖြစ်ပြီး‌တော့ ထိုင်းဘက်က စီးပွား‌ရေးသမား‌တွေ က ထိုင်းလုံခြုံ‌ရေးတပ်ဖွဲ့‌တွေနဲ့ ညှိနှိုင်းပြီး‌တော့ ဗမာဘက်က ပိတ်သလို ထိုင်းဘက်ကလည်း ပြန်ပိတ် တာပဲ”ဟု ‌ပြောသည်။

ထိုင်းနှင့် မြန်မာနယ်နိမိတ်ဆက်စပ်‌နေသည့် ဘုရားသုံးဆူမြို့၏ နယ်‌မြေတည်‌ဆောက်ပုံအရ မြန်မာဘက် က (၈၀)ရာခိုင်နှုန်းခန့် ဆက်စပ်လျှက်ရှိပြီး ထိုင်းဘက်က (၂၀)ရာခိုင်နှုန်းခန့်သာရှိမည်ဟု မြို့ခံများ၏ ‌ပြောပြချက်အရ သိရှိရသည်။

ယင်းသို့ နယ်စပ်ယာယီပိတ်ပင်မှုမှာ စီးပွား‌ရေးသမားများအတွက် ကြီးမားသည့် နစ်နာမှုများ မရှိ‌သော် လည်း ထိုင်းဘက်ကမ်းရှိ စက်ရုံအလုပ်ရုံ (၉)ခုတွင် ‌နေ့ချင်းပြန်စနစ်ဖြင့် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေ ကြသည့် မြန်မာအလုပ်သမား (၁,၀၀၀)‌ကျော်အတွက်မူ နစ်နာမှုများစွာ ရှိသည်ဟု သိရသည်။

ယခုဖြစ်ပွားခဲ့သည့် နယ်စပ်ပြဿနာသည် ဘုရားသုံးဆူမြို့၏ အ‌ရှေ့‌မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အဆိုပါကွင်းပြင်သည် လွန်ခဲ့သည့် ၄နှစ်ခန့်ကလည်း ထိုင်းအာဏာပိုင်များနှင့် မြန်မာအာဏာပိုင်များအ ကြား အလားတူ တင်းမာမှု ဖြစ်ပွားခဲ့ရာမှ ထိုင်းဖက်က ၎င်းတို့ ‌ဆောက်ထားသည့် အ‌ဆောက်အဦများကို ပြန်ဖျက်‌ပေးခဲ့ရ‌ကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံသည် နယ်နိမိတ်ရှည်လျားစွာ ဆက်စပ်‌နေ‌သော နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြားတွင် စီးပွား‌ရေးပဋိပက္ခ‌ကြောင့် နယ်စပ်ပိတ်ပင်မှုများ မကြာခဏ ဖြစ်ပွားခဲ့ဘူးသည်။