Home သတင်း စာသင်‌ကျောင်းပြင်ဆင်ခွင့်မရသဖြင့် ‌ကျောင်းသား‌ကျောင်းသူများ စာသင်ရန်ခက်ခဲ

စာသင်‌ကျောင်းပြင်ဆင်ခွင့်မရသဖြင့် ‌ကျောင်းသား‌ကျောင်းသူများ စာသင်ရန်ခက်ခဲ

2155
‌အောက်တိုဘာလ ၁၃ရက်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ် နိုဘိုး‌ကျေးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင် စာသင်‌ကျောင်းအ‌ဆောက်အဦး ပြင် ဆင်ခွင့် မရသည့်အတွက် ‌ကျောင်းသူ‌ကျောင်းသား စာသင်ရန်အခက်အခဲဖြစ်‌နေပြီး ယခုချိန်တွင် ‌ကျောင်းကို ပိတ်ထားရသည် ဟု ‌ကျောင်းဆရာတဦး၏ ‌ပြောပြချက်အရ သိရသည်။

အလယ်တန်းအထိ ဖွင့်လှစ်ထား အဆိုပါ‌ကျောင်းသည် ပထမအစမ်းစာ‌မေးပွဲ‌ဖြေပြီး ‌ကျောင်းသူ‌ကျောင်းသားများအတွက် အား လပ်ရက်အ‌နေဖြင့် ‌အောက်တိုဘာ ၁၆ရက်မှစ၍ နိုဝင်ဘာလ ၁ရက်‌နေ့အထိ ‌ကျောင်းကို ပိတ်ထားခဲ့ပြီး ထို‌ကျောင်းပိတ်ရက် အ‌တောအတွင်း ‌ကျောင်းအမိုးအကာများ ပြန်လည်ပြုပြင်ရန် လုပ်‌ဆောင်‌နေစဉ် ထိုင်းအာဏာပိုင်များ လာ‌ရောက်တားမြစ်ခဲ့ သဖြင့် ယခုအချိန်ထိ ‌ကျောင်းကို ပြန်မဖွင့်နိုင်ဘဲ ပိတ်ထားရသည်ဟု ‌ကျောင်းဆရာ ‌စောဂျစ်ပစီက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “ကျ‌နော်တို့‌ကျောင်းဟာ အစကတည်းက တာလာပါ့အမိုးနဲ့ပဲ မိုးထားတယ်ဆို‌တော့ အခု‌နွေမှာ ‌နေက အရမ်းပူလာပြီ ‌လေ။ ‌ကျောင်းပိတ်ရက်မှာ ကျ‌နော်တို့ ‌ကျောင်းသားမိဘ‌တွေက ‌ကျောင်းကို နည်းနည်း‌လေး ပြန်ပြင်ပြီး‌တော့ ဖက်နဲ့ပြန်မိုးဖို့ လုပ်တဲ့အချိန်မှာ ဒီမှာရှိတဲ့ ထိုင်းအာဏာပိုင်‌တွေက ခွင့်မ‌ပေးဘူး။ သူတို့က(ထိုင်းအာဏာ) ပြင်စရာမလို‌တော့ဘူး၊ နင်တို့မကြာ ခင် ‌ပြောင်းရ‌တော့မယ်လို့ ဒီလ ၈ရက်‌နေ့မှာ လာ‌ပြောသွားတယ်။ ‌ကျောင်းက ဒီလ ၂ရက်‌နေ့မှာ ပြန်ဖွင့်ရမယ်ဆို‌ပေမယ့် ‌ကျောင်းအမိုးအကာ မပြည့်မစုံတဲ့အ‌နေအထားမှာ ‌နေပူကျဲကျဲထဲမှာ ‌ကျောင်းသား‌တွေ ဘယ်လိုလုပ် စာသင်လို့ရမှာလဲ”ဟု ဆို သည်။

ထို့အပြင် “အာဏာပိုင်‌တွေက‌တော့ က‌လေး‌တွေ စာမသင်ရဘူးလို့‌တော့ မ‌ပြော‌ပေမယ့် အခုလိုမျိုး စာသင်‌ကျောင်း အမိုးအ ကာ တဝက်တပျက်နဲ့ဆို က‌လေး‌တွေ စာသင်လို့မရ‌တော့ဘူးလို့ ထင်မှာ‌ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ‌နောက်တပတ်မှာ ကျ‌နော်တို့ က‌လေး‌တွေ စာသင်‌ပေးဖို့ စဉ်းစားထားတယ်။ အိမ်မှာပဲ က‌လေး‌တွေကို စုပြီး‌တော့ စာသင်‌ပေးမယ်။ ‌ကျောင်းတက်တဲ့ ပုံစံ ‌တော့ မဟုတ်ဘူး‌ပေါ့။ ကျူရှင်ပြတဲ့ပုံစံမျိုး‌ပေါ့၊ တ‌နေ့ကို သင်ခန်းစာ နည်းနည်း‌လေး‌လောက် သင်သွားမယ်၊ သူတို့ (ထိုင်းအာ ဏာပိုင်)‌တွေကို‌တော့ ကျ‌နော်တို့ အသိ‌ပေးရမယ်။ သူတို့ခွင့်မပြုရင်‌တော့ မသင်ရဘူး‌ပေါ့။ ဒီလိုအ‌ခြေအ‌နေ‌တွေ‌ကြောင့် က‌လေး‌တွေရဲ့ ပညာ‌ရေးအတွက် အရမ်းနစ်နာတယ်”ဟု ဆရာ‌စောဂျစ်ပစီက ‌ပြောဆိုသွားသည်။

နိုဘိုးယာယီဒုက္ခသည်စခန်းတွင်ရှိ အဆိုပါ‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ (၂၂၄)ဦးနှင့် ‌ကျောင်းဆရာ၊ ဆရာမ (၁၆)ဦးရှိပြီး အတန်းပညာအားဖြင့် အတန်းငယ် KGမှ (၇)တန်းအထိ ရှိသည်။

ထို့အပြင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စခန်းအတွင်းရှိ ဒုက္ခသည်များကို ‌နေ့တိုင်းလိုလို ဝင်‌ရောက်စစ်‌ဆေးလျှက်ရှိပြီး ယခုလ (၄)ရက်‌နေ့က ထို‌ဒေသအတွင်းရှိ ထိုင်း(‌တော‌ချော‌ဒေါ)စစ်သား၊ ရဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စခန်းတာ ဝန်ရှိသူများနှင့် ‌ကျောင်းဆရာအချို့ကို ‌ခေါ်ယူ‌မေးမြန်းမှုများ လုပ်‌ဆောင်သည့်အပြင် နိုဘိုးရွာသားအချို့၏ ‌နေအိမ်များကို လည်း ဝင်‌ရောက်စစ်‌ဆေးရှာ‌ဖွေမှုများ လုပ်‌ဆောင်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များအား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း ဆက် သွယ်၍ မရပါ။

h5နိုဘိုးစခန်း စတည်ခါစ အချိန်တုန်းက ဖြစ်သည်။ (ပုံ-‌ကေအိုင်စီ)/h5
နိုဘိုးစခန်း စတည်ခါစ အချိန်တုန်းက ဖြစ်သည်။ (ပုံ-‌ကေအိုင်စီ)

အလားတူ ထိုင်းနိုင်ငံ ထ‌ဆောင်ယမ်းမြို့နယ် အူးသူးထာ့‌ဒေသအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင်လည်း ယခုလ ၄ရက်‌နေ့မှ စ၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စခန်းအတွင်းရှိ ဒုက္ခသည်များအား နိုဘိုးယာယီစခန်းအတွင်းသို့ ‌ပြောင်း‌ရွှေ့‌နေထိုင် ရန် လူဦး‌ရေစာရင်းများ လာ‌ရောက်‌ကောက်ခံ‌နေ‌ကြောင်း အူးသူးထာ့စခန်း‌ကော်မတီဝင်တဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “အူးသူးထာ့မှာ‌တော့ က‌လေး‌တွေက ‌ကျောင်းပုံမှန်တက်‌နေပါတယ်၊ ဒါ‌ပေမယ့် ဒီလ ၄ရက်‌နေ့ကစပြီး‌တော့ ၃-၄ရက် ဆက်တိုက် ထိုင်းအာဏာပိုင်‌တွေက စခန်းထဲမှာလာပြီး‌တော့ စခန်းရဲ့လုံခြုံ‌ရေးအတွက် ဒုက္ခသည်‌တွေ နိုဘိုးဘက်ကို ‌ပြောင်း မလား။ ရွာကိုပြန်မလား‌ပေါ့၊ ရွာကိုပြန်မယ့်လူ ဘယ်နှစ်‌ယောက်၊ နိုဘိုးဘက် ‌ပြောင်းမယ့်လူ ဘယ်နှစ်‌ယောက် သူတို့စီကို စာရင်းလာသွင်းပါလို့ ‌ပြောလာတယ်။ ရွာသား‌တွေ တ‌ယောက်မှ စာရင်းမသွား‌ပေးကြဘူး။ ရွာသား‌တွေက ကျ‌နော်တို့ကို အချိန် တလနှစ်လ‌လောက် ‌စောင့်‌ပေးပါ။ အ‌ခြေအ‌နေ‌ကောင်းလာရင် ရွာကိုပဲပြန်ချင်တယ်လို့ ‌တောင်းပန်‌တော့ သူတို့(ထိုင်း အာဏာပိုင်)ကလည်း အတင်းအကြပ်မလုပ်ဘူး”ဟု ‌ပြောဆိုသွားသည်။

အဆိုပါ ဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ‌နေထိုင်ကြသည့် ရွာသူရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ဇွန် လက ထို‌ဒေသရှိ ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့များကို နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်လာ စဉ် အိုးအိမ်များကို စွန့်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်‌ပြေး‌ရောက်ရှိလာခြင်းဖြစ်ရာ ထိုင်းအာဏာပိုင်များက ထ‌ဆောင်ယမ်းမြို့ နယ်အတွင်းရှိ နိုဘိုး၊ မဲ့သရီနှင့် အူးသူးထာ့‌ဒေသအတွင်း ယာယီစခန်းဖွင့်ကာ ခိုလှုံခွင့်‌ပေးထားခြင်းဖြစ်သည်။