Home သတင်း စစ်‌ပြေးဒုက္ခသည်များ မျက်စိနာ‌ရောဂါ ကူးစက်ဖြစ်ပွား‌နေ

စစ်‌ပြေးဒုက္ခသည်များ မျက်စိနာ‌ရောဂါ ကူးစက်ဖြစ်ပွား‌နေ

1793
နိုဝင်ဘာလ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်သို့ ထွက်‌ပြေးခိုလှုံ‌နေ‌သော စစ်‌ပြေးဒုက္ခသည်စခန်းများမှ ဒုက္ခ သည်များမှာ မျက်စိနာ‌ရောဂါ များစွာ ကူးစက်ဖြစ်ပွား‌နေသည်ဟု ထိုစခန်းအတွင်းမှ ‌ဆေးဝန်ထမ်းများက ‌ပြောသည်။

အဆိုပါ‌ရောဂါသည် လွန်ခဲ့သည့် ‌အောက်တိုဘာလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့‌သော်လည်း ယခုအချိန်ထိ ‌လျော့နည်းသွားခြင်း မရှိဘဲ ကူးစက်မှု ပိုများလာ‌ကြောင်း အူးသူးထာ့ယာယီဒုက္ခသည်စခန်းမှ ကျန်းမာ‌ရေးတာဝန်ခံ ‌စော‌မောင်‌လေးက ‌ကေအိုင်စီ ကို ‌ပြောသည်။

၎င်းက “ဖြစ်တာ တပတ်နီးပါးရှိ‌နေပြီ သက်သာလာတာကို ကျ‌နော်တို့ မ‌တွေ့ရ‌သေးဘူး။ ပိုပြီး ဆိုးလာတာကိုပဲ ကျ‌နော်တို့ ‌တွေ့ ရတယ်။ ဒီအူးသူးထာ့ရွာစခန်းတခုတည်း ဖြစ်တာမဟုတ်ဘူး။ ဒီမှာရှိတဲ့ ထာ့ဟန်ဖန်း (ထိုင်းလုံခြုံ‌ရေးတပ်ဖွဲ့)‌တွေ၊ ‌ဆေးဝန် ထမ်း‌တွေမှာလည်း ဖြစ်တယ်။ ဘယ်‌လောက်အထိ ဆိုးသလဲဆိုရင် တ‌ယောက်မျက်စိ တ‌ယောက်စိုက်ကြည့်လို့‌တောင် မရဲ ‌တော့ဘူး။ ကြည့်ရင် ကူးတာပဲ”ဟု ‌ပြောသည်။

အဆိုပါ ‌ရောဂါသည် ကူးစက်မှုနှုန်း မြန်ဆန်လှပြီး မိမိကိုယ်ကိုယ် ဂရုတစိုက် မလုပ်‌ဆောင်ပါက စိုးရိမ်ရသည့် အ‌ခြေအ‌နေ အထိ ဖြစ်လာနိုင်‌ကြောင်း နိုဘိုး‌ကျေးရွာ ဒုက္ခသည်စခန်းမှ ‌ဆေးတာဝန်ခံ ‌စောဒါးဖိုးက ‌ပြောသည်။

“ဒီ‌ရောဂါဖြစ်ပြီးဆိုရင် တဦးတ‌ယောက်တည်း ဖြစ်တာမဟုတ်ဘူး။ အစုလိုက် အပြုံလိုက် ဖြစ်တတ်တဲ့‌ရောဂါမျိုးပါ။ သိပ်စိုးရိမ်ရ တဲ့ အ‌နေအထားမှာ မရှိ‌ပေမယ့် ဒါဟာ ‌ရောဂါပိုး (Virus)တမျိုးဖြစ်တယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်မှုမလုပ်လို့ရှိရင် ‌နောက် ဆက်တွဲ ဒုတိယအဆင့်ဖြစ်လာရင် (Infection) က‌နေ ဘက်တီးရီးယားအဆင့်အထိ ဖြစ်လာရင်‌တော့ စိုးရိ်မ်ရတဲ့ အ‌နေအ ထားမှာ ရှိတယ်”ဟု ဆရာ‌စောဒါးဖိုးက ‌ပြောသည်။

ယခု ဖြစ်ပွား‌နေသည့် မျက်စိနာ‌ရောဂါသည် က‌လေးနှင့် လူကြီးအကြားတွင် ထက်ဝက်ဖြစ်ပွား‌နေပြီး လတ်တ‌လောအချိန်တွင် ထိုင်းနိုင်ငံဘက်ခြမ်းရှိ အူးသူးထာ့စစ်‌ပြေးဒုက္ခသည်စခန်းမှ စတင်၍ နိုဘိုး၊ မဲ့စရိ ဒုက္ခသည်စခန်းများ၊ မယ်လနှင့် အနီးအနားရှိ ‌ကျေးရွာများအပြင် မြန်မာပြည်ဘက်ခြမ်း ‌တောင်‌ပေါ်ကရင်များ ‌နေထိုင်သည့် ‌ကျေးရွာများအထိ ဖြစ်ပွား‌နေ‌ကြောင်း ၎င်းက ဆက်‌ပြော သည်။

‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (‌ကေဒီအိတ်ချ်ဒဗလျူ)မှ ဆရာ‌စောအယ်ကလူက “ဒီ‌ရောဂါဟာ မျက်စိအ ‌မြေးပါး‌ရောင်တယ်လို့ ‌ခေါ်ပါတယ်။ များ‌သောအားဖြင့် ‌သောက်သုံး‌ရေ မသန့်ရှင်းမှုက‌နေ ဖြစ်တာများပါတယ်။ မဖြစ်ခင်မှာ ကြို တင်ကာကွယ်ရတယ်။ ‌ရေ‌ပေါတဲ့‌ဒေသမှာဆိုရင် ကာကွယ်ရတာ ပိုလွယ်တယ်။ ‌ရေရှားပါးတဲ့ ‌ဒေသမှာဆိုရင် ကာကွယ်ရ နည်း နည်းခက်‌ပေမဲ့ ကုသရတာ လွယ်ကူပါတယ်။ မျက်လုံး‌တွေ ထိခိုက်ပျက်စီးမယ့်အထိ စိုးရိမ်စရာမရှိပါဘူး။ ကာကွယ်ရမှာက ‌တော့ ‌သောက်သုံး‌ရေ‌တွေကို သန့်စင်‌အောင် အရင်လုပ်ရပါမယ်။ ‌ဝေဒနာရှင်တ‌ယောက်အ‌နေနဲ့လည်း တကိုယ်‌ရေသန့်ရှင်းမှု ‌တွေကို ပြုလုပ်ရမယ်။ မကူးစက်နိုင်‌အောင် လူ‌တွေနဲ့ အ‌ရောတဝင်မလုပ်ဖို့လည်း အ‌ရေးကြီးပါတယ်”ဟု ‌ပြောသည်။

မျက်စိနာ‌ရောဂါ အဓိကဖြစ်ပွား‌သော စစ်‌ပြေးဒုက္ခသည်စခန်းများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လုံ‌လောက်သည့် ‌ဆေး ဝါး‌ထောက်ပံ့မှုများရရှိ‌သော်လည်း စစ်‌ပြေးဒုက္ခသည် မဟုတ်သည့်‌ကျေးရွာများတွင်မူ ‌ဆေးဝါးကုသမှု မလုံ‌လောက်‌ကြောင်း သိ ရသည်။ လက်ရှိ်အချိန်တွင် အဆိုပါ‌ရောဂါနှင့် ပတ်သက်၍ ‌ဆေးကုသမှုအပြင် စစ်‌ပြေးဒုက္ခသည်စခန်းများမှာ ကြိုတင်ကာ ကွယ်မှု၊ ပညာ‌ပေးမှုများ အနည်းအကျဉ်းသာ ပြုလုပ်ရ‌သေး‌ကြောင်း ကျန်းမာ‌ရေးဝန်ထမ်းများက ‌ပြောသည်။

၎င်းစစ်‌ပြေးဒုက္ခသည်များသည် ယခုနှစ်၊ ဇွန်လဆန်းပိုင်းက ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေကို နအဖနှင့် ဒီ‌ကေဘီ‌အေတပ် များ ထိုးစစ်ဆင်မှု‌ကြောင့် ထွက်‌ပြေးလာကြသူ ကရင်ရွာသူရွာသားများဖြစ်ပြီး ၎င်းတို့ကို မဲ့စရိ၊ နိုဘိုး၊ အူးသူးထာ့‌နေရာများတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်‌ပေးထားပြီး လက်ရှိအချိန်တွင် ‌ကေဒီအိတ်ချ်ဒဗလျူ၊ ADRA၊ COERR၊ ICR နှင့် SOLIDILTY တို့က ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုကို တာဝန်ယူထားသည်။
လွန်ခဲ့သည့် စက်တင်ဘာလ (၁၁)ရက်‌နေ့တွင်လည်း ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်ခရိုင် လူ‌သောမြို့နယ်တွင် ရာသီ‌ပေါ် တုပ်‌ကွေး‌ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ရာ ရွာသူရွာသား (၈၀၀)နီးပါး ကူးစက်ခံခဲ့ရပြီး က‌လေးငယ်တဦး ‌သေဆုံးခဲ့သည်။