Home သတင်း ကားလမ်းပြုပြင်‌ရေးအတွက် ရွာသားများ အဓမ္မ‌ချောဆွဲခံ‌နေရ

ကားလမ်းပြုပြင်‌ရေးအတွက် ရွာသားများ အဓမ္မ‌ချောဆွဲခံ‌နေရ

1985
နိုဝင်ဘာလ ၂၇ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌တောင်ပိုင်း၊ ဘိတ်ထားဝယ်ခရိုင်တွင် နအဖစစ်တပ်က ကားလမ်းပြုပြင်ရန်အတွက် လယ်ဒိုစိုးမြို့နယ်ရှိ ရွာသားများကို အဓမ္မ‌ချော ဆွဲ‌နေသည်ဟု ‌ဒေသဆိုင်ရာ သတင်းများအရ သိရသည်။

ဒုဗိုလ်မှူးကြီး ‌အောင်‌အောင်လှိုင် ဦး‌ဆောင်‌သော နအဖ ခမရ(၄၃၃)တပ်ရင်းသည် ယခုလ နိုဝင်ဘာလ ၂၄ရက်‌နေ့မှစ၍ ယ‌နေ့အထိ လယ်ဒိုစိုး မြို့နယ် က‌မော်‌သွေးဂွင်မှ ထိုင်းနယ်စပ်အထိ ‌ဖောက်လုပ်ထား‌သော ကားလမ်းကို ပြုပြင်ရန်အတွက် က‌မော်‌သွေးဂွင်ရှိ ရွာ‌ပေါင်း ၁၁ရွာမှ တရွာ လျှင် ရွာသား ၅ဦးကို မသွားမ‌နေရ ‌ခေါ်ယူ‌နေသည်ဟု ‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် သတင်းဌာနခွဲတာဝန်ခံ နန်းဆန်း‌ဒေး‌ကေက ‌ပြောသည်။

“နိုဝင်ဘာလ ၂၄ရက်‌နေ့မှာ ဗိုလ်‌အောင်‌အောင်လှိုင် ဦးစီးတဲ့ နအဖစစ်တပ် ခမရ ၄၃၃ တပ်ရင်းဟာ က‌မော်‌သွေး ဂွင်က ထီးဘလယ်၊ ဝါ့ရှူးခို၊ ‌ခေါ ‌ပေါ်၊ ‌ကျေပဝယ်ထာ၊ ‌ခေါ‌ပေါ်ခီး၊ ခလယ့်ဖူး၊ က‌မေး၊ ခို‌ဆေး၊ ‌နော်ထရူး‌တော်၊ ထိုကီဖိုး‌နော်နဲ့ ‌ဂေါ်ထီးလိုစတဲ့ရွာက ရွာသား‌တွေကို ကားလမ်းပြုပြင် ဖို့အတွက်ဆိုပြီး မသွားမ‌နေရ ညွှန်ကြားထားတယ်။ တရွာကို ၅‌ယောက်သွားရတယ်၊ ဒီက‌နေ့အထိပဲ”ဟု သူမက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းရွာများမှ ရွာသားများသည် ကားလမ်းပြုပြင် ရှင်းလင်းရာတွင် အသုံးပြုရန်အတွက် သစ်ဖြတ်စက်များ ယူ‌ဆောင်လာရသည့်အပြင် ‌ခေါ‌ပေါ်ရွာ မှ ဆင်တ‌ကောင်ကိုလည်း ‌ချောဆွဲခဲ့သည်ဟု ဘိတ်ထားဝယ်ခရိုင် သတင်းဌာနခွဲ၏ ယမန်‌နေ့က ထုတ်ပြန်ချက်အရ သိရသည်။ နအဖစစ်တပ် သည် ၎င်းတို့၏ သူခါတပ်စခန်းအတွက် တပ်ရိက္ခာ သယ်ယူပို့‌ဆောင်ရန်အတွက် အဆိုပါကားလမ်းမကြီးကို ပြုပြင်ခြင်းဖြစ်သည်ဟု ဘိတ်ထား ဝယ်ခရိုင် တာဝန်ရှိသူများက ယူဆကြသည်။

တပတ်ကြာ ပြုပြင်ရမည့် ၎င်းလမ်းမကြီးကို သုံးရက်ပြည့်လျှင် လယ်ဒိုစိုးမြို့နယ်ရှိ တခြားရွာများက လဲလှယ်တာဝန်ယူ ပြုပြင်ရမည်ဖြစ်ပြီး အဆိုပါ ခရိုင်တွင် ယခင်ကလည်း နအဖစစ်တပ်များက ထိုကဲ့သို့ အတင်းအဓမ္မ ခိုင်း‌စေမှုများ အမြဲတမ်းလိုလို ရှိခဲ့သည်ဟု နန်းဆန်း‌ဒေး‌ကေက ဆက် ‌ပြောသည်။

ဘိတ်ထားဝယ်ခရိုင်တွင် နအဖစစ်တပ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်းနှင့် စကခ (၁၃) လက်‌အောက်ခံတပ်ရင်းတို့ လှုပ် ရှား‌နေသလို ‌ကေအဲန်ယူ တပ်မဟာ(၄) လက်‌အောက်ခံ တပ်ရင်းတို့လည်း လှုပ်ရှားလျှက်ရှိသည်။

အလားတူ လွန်ခဲ့သည့် နိုဝင်ဘာလ ၁၇ရက်‌နေ့ကလည်း ‌ကေအဲန်ယူ တပ်မဟာ (၅)နယ်‌မြေတွင် လှုပ်ရှား‌နေ‌သော နအဖစစ်တပ် ခမရ ၄၃၄ တပ်ရင်းမှ ဗိုလ်ဝင်းမင်းသန်းနှင့် ဗိုလ်တင့်ခင်က ၎င်းတို့ စစ်တပ်အသုံးပြုရန်အတွက် ‌ဒေသခံရွာသား ၁၉ဦးကို အတင်းအဓမ္မ ဝါးခုတ်ခိုင်းခဲ့သည် ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ခဲ့သည်။