ဖိုးထူးထူး (ထူးဘီ-တပ်မဟာ ၁)
ဘယ်သမိုင်း၊ တော်လှန်ရေး တိုက်ပွဲတွေမှာမဆို အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ တထောင့်တနေရာ မှာ ပါဝင်စမြဲပါ။ သို့သော်လည်း သူတို့ရဲ့ ပါဝင်မှုကို အနည်းအကျဉ်းသာ အသိအမှတ်ပြုခံရတာ (သို့မဟုတ်) လုံးဝ အသိအမှတ်ပြုမခံရတာဟာ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်နေခဲ့တဲ့ အမှန်တရားဖြစ်သလို ယနေ့ထက်ထိတိုင်လဲ မှန်ကန်နေဆဲလို့ ပြောရင် ငြင်းလို့ရမယ်မထင်ပါဘူး။ လူတွေရဲ့ ခေါင်းထဲမှာ သံမှိုစွဲရိုက်ထားသလို ထင်ကျန်နေတဲ့ အယူသီးမှုတွေထဲက အမျိုးသမီးများတွေရဲ့ ခေါင်းဆောင်မှုအပေါ် အထင်အမြင်သေးတာဟာ အဆိုးရွားဆုံး ကျန်ရှိနေသေးတဲ့ အယူသီးမှုထဲမှ တခု အပါအဝင် ဖြစ်ပါတယ်။ ဘာကြောင့်လဲလို့မေးလာမယ့်မေးခွန်းအတွက် အဖြေအမျိုးမျိုး ထွက်လာနိုင်ပါတယ်။ တချို့တွေကတော့ အမျိုးသမီးတွေမှာ သဘာဝအရကို မှီခိုနေရမယ့်၊ အုပ်ချုပ်ခံရမယ့်၊ အမျိုးသားတွေရဲ့ ကိုယ်ပွားအဖြစ်သာ ရပ်တည်ရမယ့်၊ ဦးဆောင်မှုမပြုနိုင်တဲ့ လူတန်းစားလို့ မြင်တဲ့သူတွေ ရှိနိုင်ပါတယ်။ ဒီလိုမြင်တဲ့သူကတော့ အမျိုးသမီးတွေ ဘယ်လောက်ပဲ အစွမ်းထက်ပြီး တော်နေပါစေ၊ အသိအမှတ်မပြုနိုင်တဲ့ တဘက်စွန်း ရှေးရိုးစွဲဝါဒီ ကိုင်စွဲထားတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ အနောက်တိုင်းနို်င်ငံတွေမှာ အရင် မတိုးတက်ခင် ဒီလိုအမြင်မျိုးတွေကို အမျိုးသမီးတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားများကဲ့သို့ အမျိုးသမီးများ မစွမ်းဆောင်နိုင်တာဟာ သဘာဝကပေးတဲ့ အခွင့်အလမ်း၊ အခွင့်အရေး၊ ခွဲခြားဆက်ဆံမှု များကြောင့်ဖြစ်တယ်လို့ ပျော့ပြောင်းပြီး အမြင်ကျယ်တဲ့ တချို့လူတွေက မြင်ပါတယ်။ ကျမတို့ ပတ်ဝန်း ကျင်မှာ ဒီလိုလူတွေကတော့ အနည်းစုဖြစ်ပြီး အမျိုးသမီးတွေကို အခြေအနေအရ အသိအမှတ်ပြုနိုင်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှု မြင့်လာတာတဲ့အတူ ဒီအမြင်တွေက ပြောင်းလဲနေ တတ်ပါတယ်။ သို့သော်လည်း ဒီလို အမြင်ပြောင်းလဲဖို့ အမျိုးသမီးတွေ တိုက်ပွဲအမျိုးမျိုးကို အချိန်ကာလ အတိုင်းအတာ တခုအထိ ကျော်ဖြတ်လာရပါတယ်။
ကျမတို့ လက်ရှိ ကရင်အခြေအနေမှာကော အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု၊ စွမ်းဆောင်နိုင်မှုအပေါ် ဘယ်လိုအဆင့်မှာ မြင်နေသေးလဲ။ ကရင်တော်လှန်ရေးထဲမှာ လူတိုင်းက တတ်နိုင်တဲ့ဘက်ကနေ တထောင့်တနေရာမှာ ပေးဆပ်နေကြပါတယ်။ လူတိုင်းလို့ပြောတဲ့နေရာမှာ အမျိုးသမီးတွေ အပါအဝင် ဖြစ်ပါတယ်။ အသေးအမွားကအစ ပြောရမယ်ဆိုရင် တော်လှန်ရေးအတွက် နောက်တန်းကနေ ထမင်း ဟင်းချက်၊ အဝတ်အထည်ချုပ်ရာမှအစ တိုက်ပွဲထဲမှာ ပါဝင်တိုက်ခိုက်တဲ့အထိ ပေးဆပ်ကြပါတယ်။ ကရင့်တော်လှန်ရေးမှာ အမျိုးသမီး စစ်သည်တော် ရှိခဲ့ပါတယ်။ ထူးချွန်တဲ့ အမျိုးသမီးစစ်သည်တော်တွေ လည်း အများကြီးပါပဲ။ မိသားစုထဲမှာလည်း မိသားစုအဆင့်အလျောက် တော်လှန်ရေးကို ပံ့ပိုးကူညီကြ တာပါပဲ။ လင်ယောက်ျားက ရှေ့တန်းသွားချိန်မှာ အမျိုးသမီးတွေဟာ ကလေးတွေအတွက် ရုန်းကန်ရ ခြင်း၊ ရန်သူရဲ့ ခြိမ်းခြောက်မှု၊ နှိပ်စက်မှု အမျိုးမျိုးကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်ခြင်းဟာလည်း တိုက်ပွဲဝင် ခြင်း တမျိုးပါပဲ။ အမျိုးသမီးတွေရဲ့ ထောက်ပံ့မှုမရှိဘဲ အမျိုးသားတွေဟာ ဘယ်လိုလုပ်ပြီး တော်လှန်ရေး လုပ်နိုင်မှာလဲ။ ဒီမေးခွန်းကိုပဲ သေသေချာချာ ဖြေကြည့်ပါ။ ပတ်ဝန်းကျင်မှာရော၊ မိသားစုထဲမှာပါ အမေ တွေ၊ ညီအမတွေ၊ အဘွားတွေ စတဲ့အမျိုးသမီးအားလုံးရဲ့ စွန့်လွှတ်မှု ဘယ်လောက်ရှိလဲဆိုတာ မျက်စိ မှိတ်ပြီး တခုချင်း မြင်ယောင်ကြည့်လိုက်ပါ။ ဖြေစရာမလိုဘဲ ရှင်းရှင်းလင်းလင်း မြင်မိပါလိမ့်မယ်။
¬¬¬¬
မိသားစုအဆင့်ကို ကျော်ပြီး ပတ်ဝန်းကျင်မှာ ကြည့်မယ်ဆိုရင် ကျေးရွာတွေမှာ အမျိုးသမီးတွေရဲ့ ခေါင်း ဆောင်နိုင်မှု၊ ဦးဆောင်နိုင်မှုကို သိသိသာသာ မြင်နိုင်ပါတယ်။ တော်လှန်ရေးကာလမှာ အမျိုးသားများက ရှေ့တန်းမှာ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ပြီး အသက်ပေးရတာကိုတွေ အသိအမှတ်မပြုလို့ မရပါဘူး။ တချိန် ထဲမှာပဲ နောက်တန်းကနေ ခုခံပြီး ကာကွယ်တိုက်ခိုက်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကိုလည်း မေ့ ထားလို့ မရပါဘူး။ အမျိုးသမီးတွေရဲ့ အရည်အချင်းမြောက်မြားစွာထဲက စေ့စပ်ညှိနှိုင်းမှု အရည်အချင်း ဟာ ထိ်ပ်ဆုံးနေရာကနေ ပါတယ်လို့ပြောရင် ငြင်းတဲ့သူရှိကောင်းရှိပါလိမ့်မယ်။ သို့သော် လက်တွေ့မှာ စစ်ပွဲဖြစ်နေတဲ့ ကရင်ကျေးရွာတွေကို ကြည့်မယ်ဆိုရင် အမျိုးသားတွေ ရွာသူကြီး မလုပ်နိုင်တဲ့ အခြေ အနေမှာ အမျိုးသမီးတွေက ရွာသူကြီးမအဖြစ် တာဝန်ယူရပါတယ်။ အမျိုးသားတွေ ဘာကြောင့် မလုပ် နို်င်သလဲလို့ မေးစရာရှိလာပါတယ်။ ကျေးရွာတွေမှာ အမျိုးသား သူကြီးလုပ်ရင် နောက်တနေ့ မနက်မိုး လင်းမှာပဲ သစ်စရာမျက်နှာမရှိတော့ဘူးလို့တောင် အဆိုရှိပါတယ်။ ရွာသူကြီးလုပ်ရတာ အဖက်ဖက်နဲ့ ရင် ဆိုင်ရတဲ့ အခြေအနေမှာ အသက်အန္တရယ်အတွက် အဲဒီလောက်တောင် စိုးရိမ်ရပါတယ်။ အမျိုးသမီး တွေဘာကြောင့် ရွာသူကြီးမ၊ လုပ်နိုင်ရတာလဲလို့ မေးချင်ပါလိမ့်မယ်။ ဒီလောက် အမျိုးသားအတွက် တောင် ခက်ခဲတဲ့အလုပ်ဟာ အမျိုးသမီးတွေအတွက်လည်း ဘယ်လွယ်လိမ့်မလဲ။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရ၊ တချို့တွေမှာ မတော်မ တရားပြုကျင့်မှုခံရတာတောင် ရှိပါတယ်။ သို့သော် နည်းလမ်းအ မျိုးမျိုးသုံးပြီး ကျေးရွာအတွက် အခြေအနေမျိုးစုံနဲ့ လိုက်လျောညီထွေအောင် ညှိနှိုင်းပြီး တာဝန်ယူ လုပ် ဆောင်နေရပါတယ်။ နှိပ်စက်ခံရမှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ဘယ်သူမှ မလုပ်နို်င်တဲ့၊ မလုပ်ချင်တဲ့ အလုပ်ကို သူတို့လဲ ပျော်ပြီးတော့ ဘယ်လုပ်ချင်မလဲ။ သို့သော် ကျေးရွာအတွက်၊ ရွာသူရွာသားတွေအ တွက် ရွေးစရာလမ်းမှမရှိတော့ ဓါးသွားထက်ပေါ်လျှောက်ရသလို သူတို့လုပ်နေရတာပေါ့။ နှစ်ပေါင်းများ စွာ လုပ်ခဲ့ပြီးပြီ။ အခုလည်း လုပ်နေဆဲပဲ။ တော်လှန်ရေးအောင်မြင်တဲ့အထိ ကျေးရွာအဆင့်မှာ ဦးဆောင် ပြီး လုပ်နေဦးမှာပဲဆိုတာ မေးစရတောင်မလိုပါဘူး။ ဒီအမျိုးသမီးတွေကို ကြည့်မယ်ဆိုရင် ကရင်အမျိုးသ မီးတွေရဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှုကို မေးခွန်းထုတ်စရာရှိမယ် မထင်တော့ပါဘူး။ သို့ပေမဲ့…ဘာဖြစ်လို့ သူတို့ရဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှုကို အသိအမှတ်ပြုဖို့ ခက်ခဲနေရတာလဲ။ ဘာတွေက ကျမတို့ရဲ့ ဦးခေါင်းထဲမှာ သံမှိုရိုက်စွဲထားသလို အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှုကို အသိအမှတ် မပြုနို်င်ရတာလဲ။
အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကို ကျေးရွာအဆင့်ကနေ တမျိုးသားလုံးအဆင့်ကို ကြည့်မယ်ဆိုရင် အမျိုး သမီးတွေရဲ့ ဦးဆောင်မှုဟာ အတိုင်းအတာတခုအထိ အသိအမှတ်ပြုလာပြီလို့ပြောရင် မှားမယ်မထင် တော့ပါဘူး။ ကရင်အမျိုးသားအစည်းအရုံးမှာ သမိုင်းတွင်တဲ့လုပ်ရပ်ကို ခေါင်းဆောင်တွေလုပ်ခဲ့ပါတယ်။ အဲဒါက သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ပထမဦးဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးချုပ်ကို ရွေးကောက်တင်မြောက်ခြင်းပါပဲ။ အမျိုးမျိုးဝေဖန်သံတွေ ထွက်လာပါတယ်။ တခုပဲ ပြောစရာရှိပါတယ်။ ရွေးကောက်ခြင်းရဲ့ အဓိပ္ပါယ်ကဘာလဲ။ အများစုရဲ့ သဘောတူညီချက်အရ လျှို့ဝှက်မဲနဲ့ အနိုင်ရခဲ့တာဟာ ဒီမိုကရေစီရွေးကောက်ခြင်းရဲ့ နောက်ဆုံးရလဒ် အမှန်တရားပဲဖြစ်ပါတယ်။ ဒီအတွက် အမျိုးမျိုးသော ဝေဖန်မှုတွေက လူနည်းစုဆီက ထွက်လာတာဟာ မဆန်းပါဘူး။ သို့သော် အပြုသဘောနဲ့ ဝေဖန်တာမျိုး၊ အကောင်းဘက်နေပြီး ဝေဖန်တာမျိုးတော့ ဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်မနိုင်လို့မဲပြီး ပျက်စီးလိုပျက်စီးငြား လျှောက်ပြောတာဟာ ဒီမိုကရေစီလိုချင်တဲ့ အသိုင်းအဝိုင်းမှာ နို်င်ငံရေးသီးခံနိုင်မှု မရှိသေးတဲ့အတွက် ကြောင့် တကယ်တမ်း ဒီမိုကရေစီလိုချင်ပါက နို်င်ငံရေးသီးခံနိုင်မှု ရှိလာတဲ့အထိ ကြိုးစားကြဖို့ လိုပါသေး တယ်။
အမျိုးသမီးရဲ့ လက်ရှိ ဦးဆောင်မှုအပေါ် ဝေဖန်သူတွေဟာ သူတို့ဖာသာ သူတို့ရှင်းလင်းအောင် ပြဿနာ ကို အရင်ရှာဖို့လိုပါတယ်။ ဘာပြသနာကို အရင်းရှာပြီး ဝေဖန်ချင်တာလဲ။ စီမံခန့်ခွဲမှု၊ ဦးဆောင်မှုအပေါ်မှာ တော့ ပြဿနာရှာစရာ မလိုလောက်အောင်ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးဖြစ်လို့ နို်င်ငံရေး နားမ လည်ဘူးလို့သာ အငြင်းပွားချင်ရင် နို်င်ငံရေးကဘာလဲလို့ ပြန်မေးချင်ပါတယ်။ နို်င်ငံရေးဆိုတာ စကားလုံး အရသာ ခက်သယောင်ယောင်နဲ့ တကယ့်အဓိပ္ပါယ်က ရိုးရှင်းလွန်းပါတယ်။ လူတိုင်းနားလည်တဲ့ နို်င်ငံ ရေးရဲ့အဓိပ္ပါယ်ဟာ တကယ့် ရှင်းရှင်းလင်းလင်းပါ။ အဲဒါကတော့ အောက်ခြေကနေ အမြင့်ဆုံးအထိ ဖြစ် နေတဲ့ ပြဿနာအားလုံးရဲ့ အဖြေကိုရှာခြင်းဟာ နိုင်ငံရေးပါပဲ။ ဒီနိုင်ငံရေးကို အမျိုးသမီးဖြစ်လို့ ဘာ ကြောင့် နားမလည်ရမှာလဲ။ ပြဿနာတွေပေါင်းစုံရဲ့ အရင်းအမြစ်ကြားမှာ နေလာခဲ့ရပြီး အခက်အခဲမျိုးစုံ အောက်က ဖြတ်သန်းရတဲ့ အမျိုးသမီးတွေက ဘာကြောင့် ဒီပြဿနာကို နားမလည်ဘူးလို့ အထင်ခံရ တာလဲ။ ပိုပြီးတော့တောင် ဖိနှိပ်မှုကို ခံရတဲ့အမျိုးသမီးတွေပါ။ ပြဿနာရဲ့ အရင်းအမြစ်ကို အောက်ခြေ ကနေ ထိပ်ဆုံးအထိ ပိုနားလည်လို့ ပိုပြီးတော့တောင်မှ ဘယ်အဖြေဟာ အကောင်းဆုံးလဲဆိုတာ သိနေပါ တယ်။ ဒါပေမဲ့ အပြောထက် အလုပ်ကိုသာ အမြဲတမ်းလုပ်နေတဲ့ အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှုကို နောက်ဆုံးအထိ စောင့်ကြည့်စေချင်ပါတယ်။ အဲဒီအခါကျမှသာ အမျိုးသားခေါင်းဆောင်များနဲ့ တန်းတူ ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ဝေဖန်ပါ။ ဆန်းစစ်ပါ။ အမြင့်ဆုံးအဆင့်မှာ ပထမဦးဆုံး အမျိုးသမီး ဦး ဆောင်မှုအပေါ် စိတ်ရှည်သီးခံကြပါ။ အဖြေဘာမှ မသိခင်ကတည်းက အမျိုးသမီးဖြစ်လို့ကို အဖွဲ့အ စည်းအတွင်း နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တဲ့ ရှိရှိသမျှ အခက်အခဲမျိုးစုံ၊ ပြဿနာပေါင်းစုံကို ဒီအမျိုးသမီးအပေါ် ပုံချတာဟာ မတရားဘူးလို့ထင်ပါတယ်။ အမြင်လေးများ ဒီထက် ပိုကျယ်စေချင်ပါ တယ်။ နိုင်ငံရေးသီးခံမှု အပါအဝင် အမျိုးသမီးတွေအပေါ် အဆိုးမြင်လွန်းတဲ့ အစွဲကလေးများ ကင်းရှင်း ပါက ကျမတို့ ကရင့်လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့ဘက်ကို ကောင်းသထက်ကောင်းအောင် ဦးတည် သွားမှာပါ။