Home သတင်း ကရင်အဆို‌တော် ‌စောဘီးချာ (Beecher)ကွယ်လွန်

ကရင်အဆို‌တော် ‌စောဘီးချာ (Beecher)ကွယ်လွန်

2013
နိုဝင်ဘာလ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)
မဂင်္လာပွဲတွင် သီချင်းသီဆို‌နေသည့် ‌စောဘီးချာ (Photo-KIC)
မဂင်္လာပွဲတွင် သီချင်းသီဆို‌နေသည့် ‌စောဘီးချာ (Photo-KIC)

နာမည်‌ကျော် ‌တေး‌ရေး၊ ‌တေးဆို ကရင်အမျိုးသား အဆို‌တော်တဦးဖြစ်သူ ‌စောဘီးချာ(Beecher) ၄၁နှစ် သည် လွန်ခဲ့သည့် ‌အောက်တိုဘာလ ၂၉ရက်‌နေ့က မ‌တော်တဆ ကားတိုက်မှု‌ကြောင့် ကွယ်လွန်သွားခဲ့ သည်။

ထို‌နေ့က ‌စောဘီးချာသည် ရုပ်ရှင်မင်းသား၊ အဆို‌တော် ‌စောဟက်ကက် အပါအဝင် သူ၏ သူငယ်ချင်း (၁၀)ဦး‌ကျော်နှင့်အတူ မြစ်ဝကျွန်း‌ပေါ်ဘက်သို့ ဗွီဒီယိုရိုက်ရန်အသွားလမ်းတွင် မ‌တော်တဆ ကားချင်း တိုက်မိပြီး ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ကလိုကွယ်‌တေးဂီတအဖွဲ့မှ အဆို‌တော် ‌စောရှီး ထူးက ယခုလို ‌ပြောသည်။

“သူ(ဘီးချာ) ‌ငွေ‌ဆောင်ဘက်ကို ဗွီဒီယိုသွားရိုက်ဖို့ ‌ကျောင်းကုန်းကိုအ‌ရောက်မှာ လမ်းကလည်း ကျဉ်း တယ်‌လေ။ သူတို့‌ရှေ့မှာ အရင်သွားတဲ့ (‌ထော်လဂျီ)ကားကို ‌ကျော်တဲ့အချိန်မှာ တဖက်က အရှိန်အပြင်း ပြင်းနဲ့ လာတဲ့လိုင်းကားတစီးနဲ့ဝင်‌စောင့်မိ‌တော့ ကားဒရိုင်ဘာဘက်က လွတ်သွား‌ပေမယ့် သူစီးတဲ့ ‌နောက်ဘက်က‌တော့ မလွတ်ဘူး။ သူ့ကို တည့်တည့်ထိတာ‌ပေါ့။ တချိန်တည်းပဲ ‌ကျောင်းကုန်း‌ဆေးရုံကို ပို့လိုက်တယ်။ ဒါ‌ပေမယ့် ဒဏ်ရာပြင်း‌တော့ ‌ကျောင်းကုန်းက ဆရာဝန်‌တွေလည်း မတတ်နိုင်ကြဘူး။ ရန် ကုန်‌ဆေးရုံကိုပို့ဖို့ လမ်းတဝက် ဗိုလ်မြတ်ထွန်းတံတားအ‌ရောက်မှာ သူအသက်ထွက်သွားတယ်”ဟု ‌ပြော သည်။

‌စောဘီးချာသည် အဆိုပညာကို စိတ်အားထက်သန်သည့် အနုပညာရှင်တဦးဖြစ်ပြီး ယခုလို မထင်မှတ်ဘဲ ဆုံးသွားသည့်အတွက် ကလိုကွယ်‌တေးဂီတ အဖွဲ့၏ ကြီးမားသည့် ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု ‌စောရှီး ထူးက ‌ပြောသည်။

“သူဆုံးသွားတယ်လို့ ကျ‌နော်ကြားရတဲ့အချိန်မှာ အလွန်တန်ဖိုးရှိတဲ့ အရာတခု ဆုံးရှုံးသွားသလိုပဲ ကျ ‌နော်ခံစားရတယ်။ ရိုးသားစွာ ဝန်ခံရရင် သူဟာ ကျ‌နော့်အတွက် အ‌ကောင်းဆုံး သူငယ်ချင်းတ‌ယောက် ပါပဲ။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်သီချင်းမဆိုခင်က သူက သီချင်းဆို‌နေပြီး‌လေ။ ကျ‌နော် အဆို‌တော် ဖြစ်ဖို့အတွက် သူ့ရဲ့အား‌ပေး‌ဖေးမမှု‌တွေ အများကြီးပါ ပါတယ်။ သီချင်း‌တွေလည်း အများကြီး ‌ရေး‌ပေးခဲ့ တယ်။ သူ့‌ကြောင့် မဟုတ်ရင် ကျ‌နော် အဆို‌တော် ဖြစ်လာလိ်မ့်မယ် မထင်ဘူး” ဟု ဆိုသည်။

‌စောဘီးချာ သီဆိုခဲ့‌သော ‌တေးသီချင်းများသည် လူငယ်၊ လူရွယ်များ၏စိတ်ကို စွဲ‌ဆောင်နိုင်သည်မကဘဲ လူငယ်များ၏စိတ်ဓာတ်ကို မြှင့်တင်‌ပေး‌သော သီချင်းများဖြစ်ပြီး သူသည် ‌တေးချစ်ကရင်ပရိဿတ်များ အကြားတွင် မသိသူ အလွန်နည်းးပါသည်။

လူငယ်ပရိဿတ်တဦးဖြစ်သူ ‌စောအယ်ဒိုမူးက “သူဆိုခဲ့တဲ့ သီချင်း‌တွေဟာ ကျ‌နော်အကုန်လုံးနား‌ထောင် လို့ ‌ကောင်းတယ်။ သူဆုံးသွား‌ပေမယ့်လည်း သူ့ရဲ့စွဲ‌ဆောင်မှုအသံ‌တွေ ကျ‌နော်တို့အတွက် အများကြီး အကျိုးပြုသွားမှာပါ။ သူ့သီချင်းကို နား‌ထောင်ဖူးတဲ့လူဟာ သူ့ကို ဘယ်‌တော့မှ ‌မေ့‌ပျောက်သွားမှာ မဟုတ် ဘူး”ဟု ‌ပြောသည်။

ပုသိမ်မြို့အ‌နောက်ဘက်ခြမ်း သဲဖြူ‌ကျေးရွာတွင် ‌နေထိုင်သည့် ခရစ်ယာန် အသင်းအုပ်ဆရာကြီး ‌စော အယ်ထူးမြိုင်နှင့် ဆရာမ ‌နော်မုနိုး၏သားသမီး ၆ဦးအနက် တတိယ‌မြောက်သား လူလွတ်တဦးဖြစ်သူ အဆို‌တော် ‌စောဘီးချာသည် ကလိုကွယ်‌တေးဂီတအဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်ပြီး ဘာသာ‌ရေးသီချင်း၊ အချစ် သီချင်းနှင့် လူမျိုး‌ရေးသီချင်းများစွာကို ‌ရေးသားခဲ့ကာ အသက် ၁၄နှစ်သားအရွယ်ကပင် သီချင်းသီဆိုလာ ခဲ့သူ ဖြစ်သည်။