Home သတင်း မြဝတီမှာ ‌ပေါက်ကွဲမှုဖြစ် အရပ်သား ‌သေဆုံးထိခိုက်မှုရှိ

မြဝတီမှာ ‌ပေါက်ကွဲမှုဖြစ် အရပ်သား ‌သေဆုံးထိခိုက်မှုရှိ

1565
‌အောက်တိုဘာလ ၂၄ရက်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ယ‌နေ့ည ၈နာရီခွဲ‌ကျော်အချိန်တွင် ဗုံး‌ပေါက်ကွဲမှုတခုဖြစ်ပွားရာ အရပ် သားတဦး ‌သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အမည်မ‌ဖော်လိုသူ မြဝတီမြို့ခံတဦးက “အခု‌လေးတင်ပဲ ဗုံး‌ပေါက်ကွဲသံအသံကြားလိုက်တယ်။ အသံက ‌တော့ မိ‌ချောင်းကုန်းဘက်ကပဲ။ လက်ပစ်ဗုံးနဲ့ လှမ်းပစ်တာလို့ ‌ပြော‌နေကြတယ်။ သုံး‌ယောက်ထိတယ်။ တ‌ယောက်က ပွဲချင်းပြီးပဲ။ ဒဏ်ရာရတဲ့သူကို‌တော့ မြဝတီ‌ဆေးရုံကို ‌ခေါ်သွားပြီ”ဟု ‌ပေါက်ကွဲမှုဖြစ်ပြီးပြီး ချင်း ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ ဗုံး‌ပေါက်ကွဲခြင်းမှာ ‌ဝေါ်‌လေအ‌ခြေစိုက် ဒီ‌ကေဘီ‌အေ (၉၀၇)တပ်သားတဦးက မြဝတီမြို့၊ မိုက် ခရို‌ဝေ့ဗ်အနီးရှိ အငှားအိမ်တန်းလျားတွင် အလည်လာရာမှ သူယူ‌ဆောင်လာသည့် လက်ပစ်ဗုံးမှာ ခလုတ် ပင်ပြုတ်ပြီး ပြန်တပ်မရ‌တော့သဖြင့် လွတ်ချရာမှ ‌ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ‌ပြောပြ သည်။

ထိုသို့ လက်ပစ်ဗုံးကို လွတ်ချ‌ဖောက်ခွဲလိုက်သူ ဒီ‌ကေဘီ‌အေတပ်သားမှာ ထွက်‌ပြေးသွားပြီး အိမ်တွင် ကျန်ရစ်ခဲ့သည့် အိမ်ရှင်လင်မယားနှင့် အမျိုးသမီးတဦးကို ထိမှန်ကာ အမျိုးသားမှာ ပွဲချင်းပြီး ‌သေဆုံး သွားခဲ့သည်ဟု ကိုယ်တိုင် သွား‌ရောက်ကြည့်ရှုခဲ့သူတဦးက ယခုလို ‌ပြောသည်။

“အဲဒီရဲ‌ဘော်‌လေးက သူ့ရည်းစားဆီလာလည်တာ။ သူယူလာတဲ့ လက်ပစ်ဗုံးက ပင်ပြုတ်သွားတယ်။ အဲဒါ ကို ပြန်တပ်တာမရ‌တော့ ‌ပေါက်‌တော့မှာပဲဆိုပြီး လွတ်ချပြီး ထွက်‌ပြေးသွားတယ်။ အဲဒီအိမ်က လင်မယား နှစ်‌ယောက်ထဲက ‌ယောက်ျားလုပ်သူက ပွဲချင်းပြီး‌သေတယ်။ သူ့မိန်းမက ‌ခြေ‌ထောက်မှာ ဒဏ်ရာရလို့ ‌ဆေးရုံကို ပို့လိုက်တယ်။ အခြားအမျိုးသမီးတ‌ယောက်က နည်းနည်းပွန်းပဲ့ရုံပဲ‌လေ”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဗုံး‌ပေါက်ကွဲသည့်‌နေရာတဝိုက်တွင် မည်သူ့ကိုမျှ ဖြတ်သန်းသွားလာခွင့် တားမြစ်ထား ပြီး အဆိုပါလက်ပစ်ဗုံး လွတ်ချ‌ဖောက်ခွဲလိုက်သူ ဒီ‌ကေဘီ‌အေတပ်သားကို ဖမ်းဆီးမရ‌သေး‌ကြောင်း သိရ သည်။

ယခု ဗုံး‌ပေါက်ကွဲသည့်‌နေရာမှာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၏ အပိုင်နယ်‌မြေ မိ‌ချောင်းကုန်းအနီးတွင် ဖြစ်ပြီး ၎င်းမိုက်ခရို‌ဝေ့ဗ်၏ ကားလမ်းမတဖက်တွင်မူ ဒီ‌ကေဘီ‌အေ(၉၀၇)မှ ဗိုလ်မုတ်သုန်၏ ‌နေအိမ်ရှိ သည်ဟု ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦး၏ ‌ပြောပြချက်အရ သိရသည်။