Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၇)တွင် နအဖစစ်တပ်များ လှုပ်ရှားမှုရှိလာ

‌ကေအဲန်ယူ တပ်မဟာ(၇)တွင် နအဖစစ်တပ်များ လှုပ်ရှားမှုရှိလာ

1962
‌အောက်တိုဘာ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ကေအဲန်ယူတပ်မဟာ (၇)နယ်‌မြေ၊ ပိုင်ကျုံမြို့နယ်တွင် နအဖ စစ်တပ် တပ်မ (၂၂)လက်‌အောက်ခံ တပ်ရင်းမှ စစ်‌ကြောင်းများ သည် ယခုလ အ‌စောပိုင်းမှစ၍ လှုပ်ရှားမှုများ စတင်လုပ်‌ဆောင်လာသည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)က ‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၂၂)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောဒီ့ကွယ်က“ ပြီးခဲ့တဲ့ ၄-၅ရက် အ‌တောအတွင်းမှာ ခမရ(၂၀၈) တပ်ရင်းက စစ်‌ကြောင်း(၁)နဲ့ (၂) စတင်လှုပ်ရှားလာတာကို ကျ‌နော်တို့ သတိထားမိတယ်။ ကျ‌နော်တို့နဲ့ မနီးမ‌ဝေးမှာရှိတဲ့ ထီး တို‌ကော်ရွာမှာဆို ‌ရောက်လာတာ (၃)ခါ‌တောင် ရှိပြီ။ အရင်တုန်းက အဲဒီရွာအထိ ‌ရောက်‌လေ့‌ရောက်ထမရှိဘူး။ စစ်‌ကြောင်း (၂)က‌တော့ တရီဖိုးကွီးဘက်မှာ လှုပ်ရှား‌နေတယ်။ အခုထက်ထိ‌တော့ သိပ်ထူးခြားတဲ့ လှုပ်ရှားမှု‌တွေ မ‌တွေ့‌သေးဘူး”ဟု ‌ပြော သည်။

ယခုလို ပွင့်လင်းရာသီအစတွင် နအဖ စစ်တပ်၏ စတင်လှုပ်ရှားလာမှုအ‌ပေါ် ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး ‌စောလှ‌ငွေက “ပထမတချက်က အဲဒီဂွင်ကို နယ်‌မြေစိုးမိုး‌ရေးအတွက် ဒီ‌ကေဘီ‌အေ‌တွေကို သူတို့ယုံစားလို့မရ‌တော့လို့ တက် လာတာ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဒီ‌ကေဘီ‌အေက အကျအဆုံးများ‌တော့ လူအင်အားသိပ် မရှိ‌တော့ဘူး‌လေ။ ‌နောက် တချက်က အဲဒီမှာရှိတဲ့ သူတို့အဖွဲ့အတွက် တပ်အင်အား လာဖြည့်တာလည်း ဖြစ်နိုင်တယ်။ အဲဒီနယ်‌မြေဟာ ‌ပြောက်ကျား နယ်‌မြေဖြစ်တဲ့အတွက် ထိုးစစ်ဆင်ဖို့က‌တော့ မဖြစ်နိုင်ဘူး”ဟု ‌ပြောသည်။

၎င်းနယ်‌မြေသည် ပြီးခဲ့သည့် ဇွန်လတုန်းက နအဖ စစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ သုံးခု ပူး‌ပေါင်းကာ ‌ကေအဲန်ယူကို ထိုး စစ်ဆင်ခဲ့ရာနယ်‌မြေများဖြစ်ပြီး ထိုးစစ်‌ကြောင့် ‌ဒေသခံကရင်ပြည်သူ ၄၀၀၀‌ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့ နယ်သို့ ထွက်‌ပြေးခိုလှုံခဲ့ကြရသည်။

အဆိုပါနယ်‌မြေကို မြန်မာစစ်တပ်နှင့် ဒီ‌ကေဘီ‌အေပူး‌ပေါင်းတပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီး‌နောက် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များသာ အ‌ခြေချ လှုပ်ရှားလျှက်ရှိရာ ယခုလို ဖားအံမြို့တွင် အ‌ခြေစိုက်သည့် တပ်မ(၂၂)လက်‌အောက်ခံတပ်ရင်းမှ စစ်‌ကြောင်းများ စတင် လှုပ်ရှားလာခြင်းသည် ရည်ရွယ်ချက်တခုခု‌ကြောင့် လှုပ်ရှားလာခြင်းဖြစ်နိုင်‌ကြောင်း ‌ကေအဲန်ယူ ဖားအံခရိုင်၊ ပိုင်ကျုံမြို့ နယ် ဥက္ကဌ ပဒို‌စောဘာတီဖိုးက ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေကို မြန်မာစစ်တပ်နှင့် ဒီ‌ကေဘီ‌အေပူး‌ပေါင်းတပ်တို့ (၅)လကြာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်‌သော် လည်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များသည် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှုနှင့် မကြာခဏ ဗုံး‌ပေါက်ကွဲမှုများ ‌ကြောင့် ထိခိုက်ဒဏ်ရာရမှုများနှင့် ရင်ဆိုင်‌နေရဆဲဖြစ်သည်။

၎င်းတပ်မဟာ(၇)နယ်‌မြေတွင် ဇွန်လမှ စက်တင်ဘာလကုန်အထိ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များမှ ၁၁၇ဦး‌သေဆုံး၊ ၃၁၆ဦး ထိ ခိုက်ကာ ၂၈ဦး ‌ကေအဲန်ယူထံသို့ လာ‌ရောက်ပူး‌ပေါင်းပြီး မြန်မာစစ်တပ်ဘက်မှ ၁၈ဦး‌သေဆုံး၊ ၂၈ဦး ထိခိုက်ဒဏ်ရာရရှိ ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်၏ မှတ်တမ်းများအရ သိရသည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည် ၎င်းအ‌ခြေအ‌နေများနှင့် ရင်ဆိုင်‌နေရသဖြင့် ထိုင်းရွာသားများက ‌ကေအဲန်အယ်လ်‌အေ တပ် ဖွဲ့ဝင်များနှင့် အဆက်အသွယ်လုပ်သည်ဟု သတ်မှတ်ကာ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂ရက်‌နေ့တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးလာပြီး ဆွဲမိုင်းများ လာ‌ရောက်‌ထောင်ထားခဲ့သည်ဟု ထိုင်းရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကေအဲန်ယူတပ်မဟာ (၇)နယ်‌မြေတွင် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅၅၅)၊ (၉၉၉) လက်‌အောက်ခံတပ်ရင်းများနှင့် ‌ကေအဲန်ယူ တပ်မဟာ(၇)လက်‌အောက်ခံတပ်ရင်းများက လှုပ်ရှားလျှက်ရှိပြီး နအဖစစ်တပ်များက ယခုလ အ‌စောပိုင်းမှ စတင်လှုပ်ရှားလာ ခြင်းဖြစ်သည်။