Home သတင်း အိုးအိမ်ထပ်မံစွန့်ခွာသူ ကရင်ရွာသား ၂၅၀‌ကျော် ရိက္ခာအခက်အခဲ ဖြစ်‌နေ

အိုးအိမ်ထပ်မံစွန့်ခွာသူ ကရင်ရွာသား ၂၅၀‌ကျော် ရိက္ခာအခက်အခဲ ဖြစ်‌နေ

1721
‌အောက်တိုဘာလ ၂ဝရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်းရှိ ဖာပွန်‌ဒေသတွင် ယခုလဆန်းပိုင်းက အိုးအိမ်များကို စွန့်ခွာပြီး ‌တောထဲသို့ ထွက်‌ပြေးပုန်း‌ရှောင် ‌နေကြရသည့် ရွာသူရွာသား ၂၅၀‌ကျော်မှာ လက်ရှိအချိန်တွင် ဝမ်း‌ရေးအတွက် ရိက္ခာအခက်အခဲများ ဖြစ်လာရသည်ဟု ထို‌ဒေ သမှလာသည့် သတင်းအရ သိရသည်။

အဆိုပါ ရွာသူရွာသားများသည် ဘူးသိုမြို့နယ်၊ မယ်မွဲ‌ကျေးနယ်ရှိ ခလယ့်ဆီ့ခို၊ ‌ဟောသူးပူနှင့် လယ့်ခ‌လော့‌ကျေးရွာများမှ ရွာ သူရွာသားများဖြစ်ကြပြီး ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေ (၆၆၆)တပ်ဖွဲ့၊ က‌ဆောဝါးတပ်ရင်းနှင့် လုံခြုံ‌ရေးတပ်ရင်း မှ ‌မောင်ချစ်၊ တင်ဝင်းနှင့် အဖွဲ့သားများ၏ အမျိုးမျိုး‌သော ခြိမ်း‌ခြောက်ခိုင်း‌စေခြင်းများကို မခံနိုင်၍ ‌တောထဲရှိ ရွာပုန်းရွာ‌ရှောင် များ ‌နေထိုင်ရာ ‌ဒေသအတွင်းသို့ ‌အောက်တိုဘာ (၆)ရက်‌နေ့က ရွာလုံးကျွတ် ထွက်‌ပြေး‌ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ ထွက်‌ပြေးလာရာတွင် စားစရာများ၊ ဆန်စပါးများကို လုံလုံ‌လောက်‌လောက် မသယ်ယူနိုင်သည့်အတွက် လက်ရှိအချိန် တွင် စားသုံးရန် အခက်အခဲများ ကြုံလာရခြင်းဖြစ်သည်ဟု ဖာပွန်‌ဒေသခံတဦးက ‌ပြောသည်။

“ဒီ‌ကေဘီ‌အေ‌တွေက အခု လှုပ်ရှား‌နေတုန်းပဲ။ ကျ‌နော် သိရသ‌လောက် ရွာက ထွက်ပြီး‌တော့ ‌တောထဲ‌ရောက်လာတဲ့ ရွာ သား‌တွေအားလုံး ၂၅၆‌ယောက် ရှိတယ်။ အိမ်‌ခြေက ၃၈လုံး‌ပေါ့‌နော်။ သူတို့ထွက်လာကတည်းက စားစရာ ဆန်စပါး‌တွေ အလုံ အ‌လောက် မသယ်နိုင်ဘူး‌လေ။ ရွာမှာ ပြန်ယူစားဖို့ကလည်း မရဲတာကတ‌ကြောင်း၊ ဒီ‌ကေဘီ‌အေ‌တွေ ယူစားပြီး ကုန်သွားတာ ကတ‌ကြောင်း‌ကြောင့် အခု စားစရာ အခက်အခဲ အ‌တော်‌လေးကို ကြုံ‌နေရတယ်”ဟု အဆိုပါနယ်ခံက ‌ကေအိုင်စီကို ‌ပြော သည်။

‌တော‌တောင်ထဲတွင် ရိက္ခာများခက်ခက်ခဲခဲ ရုန်းကန်သယ်‌ဆောင်‌နေကြသည့် ဖာပွန်‌ဒေသခံတချို့
‌တော‌တောင်ထဲတွင် ရိက္ခာများခက်ခက်ခဲခဲ ရုန်းကန်သယ်‌ဆောင်‌နေကြသည့် ဖာပွန်‌ဒေသခံတချို့
ထို့အပြင် ၎င်းက “အခု လှုပ်ရှား‌နေတဲ့ ဒီ‌ကေဘီ‌အေတပ်‌တွေက ရွာသူရွာသား‌တွေကို အမျိုးမျိုး ခြိမ်း‌ခြောက်ပြီး‌တော့ ခိုင်း တယ်။ သူတို့အလုပ်‌တွေ အကုန်လုံးကို ရွာသား‌တွေ သွားလုပ်‌ပေးရတယ်။ ဒါ့အပြင် ရွာ‌တွေရဲ့ ‌ဘေးပတ်ဝန်းကျင်‌တွေမှာ မိုင်း ‌တွေ ‌ထောင်ထားကြတယ်။ အဲဒါ‌ကြောင့် ရွာမှာမ‌နေရဲကြ‌တော့လို့ ထွက်လာတာဖြစ်တယ်”ဟု ဆက်လက် ‌ပြောဆိုသွားသည်။

ဖာပွန်ခရိုင်တွင် ၁၉၉၇ ခုနှစ်က နအဖတပ်များ ဝင်‌ရောက်လှုပ်ရှားစဉ်ကတည်းက ‌ဒေသခံလူထု အများအပြား အိုးမဲ့အိမ်မဲ့အ ဖြစ် ‌ရွှေ့‌ပြောင်း‌နေထိုင်ကာ လုပ်ကိုင်စား‌သောက်ရသည့်အတွက် စားနပ်ရိက္ခာ မ‌လောက်ငှသည့် ပြသနာများ ရင်ဆိုင်ခဲ့ရ သည်။ ထို့အပြင် နအဖတပ်က ယခင်နှစ်များထက် တပ်အင်အားများ ပိုမိုချထားလာကာ စစ်‌ရေးပိုမိုလှုပ်ရှားလာသည်နှင့်အမျှ ‌ပြောင်း‌ရွှေ့‌နေထိုင်ရသည့် ရွာသူရွာသား အ‌ရေအတွက်မှာ ပိုမိုများပြားလာပြီး စားနပ်ရိက္ခာ မလုံ‌လောက်သည့်ပြသနာ တနှစ် ထက်တနှစ် ဆိုးရွားလာရခြင်းဖြစ်သည်။

ယခု ၂၀၀၉ခုနှစ်တွင် နအဖတပ်များအပြင် ဒီ‌ကေဘီ‌အေတပ်များပါ အဆိုပါ‌ဒေသအတွင်း ဝင်‌ရောက်လှုပ်ရှားလာခဲ့ရာ ‌ဒေသခံ ရွာသူရွာသားများကို နှိပ်စက်ညှင်းပမ်း သတ်ပစ်သည်အထိ လုပ်‌ဆောင်လာခဲ့သဖြင့် လက်ရှိအချိန်တွင် ဖာပွန်ခရိုင် ဘူးသိုနှင့် လူ‌သောမြို့နယ်တွင် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ပြည်တွင်းကရင်ဒုက္ခသည်‌ပေါင်း ၇၀၀၀‌ကျော်ရှိသည်ဟု သိရသည်။