Home သတင်း ရပ်ကွက်မှူးများ အိမ်‌ထောင်စုလူဦး‌ရေစာရင်း လာ‌ရောက်‌ကောက်ခံခဲ့

ရပ်ကွက်မှူးများ အိမ်‌ထောင်စုလူဦး‌ရေစာရင်း လာ‌ရောက်‌ကောက်ခံခဲ့

1829
‌အောက်တိုဘာလ ၁ဝရက်။ ‌နော်ဖြူသင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရပ်ကွက်များတွင် ယခင်လဆန်းပိုင်းမှစ၍ လူဦး‌ရေစာရင်းများကို အိမ်တိုင်း‌စေ့ လိုက်လံ‌ကောက် ယူခဲ့သည်ဟု သိရသည်။

သက်ဆိုင်ရာ ရပ်ကွက်မှူးများသည် ၎င်းတို့ရပ်ကွက်ရှိ ‌နေအိမ်များသို့ သွား‌ရောက်ကာ အိမ်‌ထောင်စုစာရင်းတွင် ပါရှိသည့် အိမ် သားများ၏ အမည်၊ အသက်နှင့် လူဦး‌ရေ အ‌ရေအတွက်တို့ကို ‌မေးမြန်း‌ရေးမှတ်သွား‌ကြောင်း ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက် တွင် ‌နေထိုင်သူတဦးက ‌ပြောပြခဲ့သည်။

သို့‌သော် ယင်းသို့‌ကောက်ခံရသည့် အ‌ကြောင်းရင်းကိုမူ ရပ်ကွက်မှူးများက တိတိကျကျ ‌ပြောဆိုနိုင်ခြင်းမရှိဘဲ အထက်မှ ညွှန် ကြားချက်‌ကြောင့်သာဖြစ်‌ကြောင်း ရပ်ကွက်သားများကို ပြန်လည်‌ဖြေကြားခဲ့သည်ဟု အမှတ်(၉)ရပ်ကွက်မှ အမျိုးသမီးတဦးက ယခုလို ‌ပြောသည်။

“ကျမတို့က ‌မေးတာ‌ပေါ့။ ဘာအတွက် ‌ကောက်တာလဲလို့။ အဲဒါကို ရပ်ကွက်မှူးက မသိဘူး အထက်က ‌ကောက်ခိုင်းလို့ လာ ‌ကောက်ရတာလို့ပဲ‌ပြောတယ်။ တချို့အိမ်‌တွေက သူတို့သားသမီး‌တွေ ‌တောင်‌ပေါ်(ထိုင်းနိုင်ငံ)မှာ သွားပြီး အလုပ်လုပ်ကြတာ ရှိတယ်‌လေ။ ဒါ‌ပေမဲ့ သူတို့က လူဦး‌ရေစာရင်း လာ‌ကောက်ရုံသက်သက်ပဲ။ အိမ်သား‌တွေအားလုံး ရှိမရှိကို‌တော့ ဘာမှမ‌မေး သွားဘူး”ဟု ဆိုသည်။

ယခုလို လူဦး‌ရေစာရင်း လာ‌ရောက်‌ကောက်ခံခြင်းကို ဩဂုတ်လကုန်ပိုင်းကစ၍ သက်ဆိုင်ရာ အာဏာပိုင်များက စတင်လုပ် ‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီးတွင်ရှိသည့် လူဦး‌ရေစာရင်းများကို ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်မီ ‌နေပြည် ‌တော်သို့ ပို့‌ဆောင်ရန်ဖြစ်သည်ဟုလည်း ‌ပြောဆို‌နေကြသည်။