Home သတင်း ဒီ‌ကေဘီ‌အေ တပ်ခွဲမှူးတဦးနှင့် အ‌ပေါင်းပါ(၁၀)ဦး ‌ကေအဲန်ယူနှင့် လာ‌ရောက်ပူး‌ပေါင်း

ဒီ‌ကေဘီ‌အေ တပ်ခွဲမှူးတဦးနှင့် အ‌ပေါင်းပါ(၁၀)ဦး ‌ကေအဲန်ယူနှင့် လာ‌ရောက်ပူး‌ပေါင်း

2355
‌အောက်တိုဘာ ၁၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်မဟာ ၉၉၉ မှ တပ်ခွဲမှူးတဦး အပါအဝင် အဖွဲ့ဝင်(၁၀) ဦးတို့သည် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေရှိ ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့ထံသို့ ယမန်‌နေ့က လာ‌ရောက်ပူး‌ပေါင်းခဲ့‌ကြောင်း သိရှိ ရသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ ၉၉၉၊ တပ်ရင်း(၅)မှ တပ်ခွဲ(၄)မှူး ဗိုလ်ကြီး‌စောဆာ့‌ဖော ဦး‌ဆောင်သည့် အဆိုပါအဖွဲ့သည် လက်နက်များ နှင့်အတူ ၎င်းတို့ ဝင်‌ရောက်သိမ်းယူထားသည့် ‌ကေအဲန်ယူ၊ တပ်မဟာ(၇)ဌာနချုပ်‌နေရာ မဲ့တရီမှ‌နေ၍ ‌ကေအဲန်အယ်လ်‌အေ တပ် ရင်း(၁၀၁)နှင့် ဆက်သွယ်ပြီး ဝင်‌ရောက်ပူး‌ပေါင်းလာခြင်းဖြစ်သည်။

‌ကေအဲန်ယူနယ်‌မြေအတွင်း ‌ရောက်ရှိလာသည့် အဆိုပါအဖွဲ့မှာ ဗိုလ်ကြီး ‌စောဆာ့‌ဖော (၂၉)နှစ် အပါအဝင် ဒုဗိုလ်‌စောညာ့၊ ဒုဗိုလ် ‌စောဆာ့ဟဲ၊ တပ်ကြပ်ကြီး ‌စောအယ်ဆူး၊ ‌စောလားထူး၊ ‌စောမင်းကို၊ ‌စောလှထွန်း၊ ‌စောဒီးယုံ၊ ‌စောသန်း‌အောင်နှင့် ‌စောသန်းလှတို့ ဖြစ်ကြပြီး ပါလာသည့် လက်နက်ပစ္စည်းများမှာ AR ၅လက်၊ AK ၂လက်၊ M-79 ၁လက်၊ ကာဘိုင် ၁လက်၊ RPG ၂လက်၊ 9-MM ၁လက်၊ စကား‌ပြောစက် ၂လုံးနှင့် အီကွင့်မစ် ၁ဝချပ်တို့ဖြစ်သည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ကို အသွင်‌ပြောင်းပြီး နအဖ စစ်တပ်၏အုပ်ချုပ်မှု‌အောက်တွင် ထားရှိ‌ရေးကိစ္စနှင့် ယခုနှစ် ‌နွေရာသီတွင် ‌ကေ အဲန်ယူအား ရှင်းလင်း‌ရေးဟူသည့် နအဖ၏ အစီအစဉ်များ‌အောက်တွင် ကရင်အချင်းချင်း မတိုက်ချင်သည့်အတွက် ယခုလို ‌ကေ အဲန်ယူနှင့် ပြန်လာလက်တွဲပူး‌ပေါင်းခြင်းဖြစ်သည်ဟု ဒုဗိုလ်‌စောညာ့က ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသွားသည်။

သူက “လွန်ခဲ့တဲ့ ၈လပိုင်း (၁၆)ရက်‌နေ့က ဒီ‌ကေဘီ‌အေ အထက်‌ခေါင်း‌ဆောင်‌တွေနှင့် နအဖ ‌ခေါင်း‌ဆောင်‌တွေ အစည်းအ‌ဝေး လုပ်တယ်။ အဲဒီအစည်းအ‌ဝေးမှာ ဒီ‌ကေဘီ‌အေက စစ်သားအင်အားဖြည့်မယ်။ ဒီ‌နွေ‌ရောက်လာရင် ‌ကေအဲန်ယူ‌တွေကို အကုန်လုံး ရှင်းထုတ်မယ်။ နအဖ‌တွေက အဲဒီအတွက် ပံ့ပိုးကူညီမယ်လို့ ကျ‌နော်တို့သိရတယ်။ ကျ‌နော်တို့ကလည်း ကရင်အချင်းချင်း မတိုက် ချင်ဘူး‌လေ။ ဒါ‌ကြောင့် ကျ‌နော်တို့ ထွက်လာတာဖြစ်တယ်”ဟု ‌ပြောသည်။

‌အောက်တိုဘာလ ၁၃ရက်‌နေ့က ‌ကေအဲန်ယူထံ လာ‌ရောက်ပူး‌ပေါင်းသည့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် ၁ဝဦး
‌အောက်တိုဘာလ ၁၃ရက်‌နေ့က ‌ကေအဲန်ယူထံ လာ‌ရောက်ပူး‌ပေါင်းသည့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် ၁ဝဦး

‌ကေအဲန်ယူ နယ်‌မြေအတွင်း ‌ရောက်ရှိလာသည့် အဆိုပါအဖွဲ့သည် ယခင်က ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၀၁)တွင် အမှုထမ်း ‌ဟောင်းများဖြစ်ပြီး လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ ၎င်းတို့တပ်ဖွဲ့အား ထိုးစစ်ဆင်လာစဉ် အကြပ်ကိုင် ဖိအား‌ပေးမှု အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရကာ မလွဲသာမ‌ရှောင်သာ ဒီ‌ကေဘီ‌အေနှင့် သွား‌ရောက်ပူး‌ပေါင်းခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီး‌စောဆာ့‌ဖော ‌ပြောသည်။

ဒီ‌ကေဘီ‌အေအတွင်းသို့ ပူး‌ပေါင်းလုပ်‌ဆောင်ရသည့် နှစ်အ‌တောအတွင်း ပြည်သူလူထုအ‌ပေါ် ၎င်းတို့၏ စစ်သားသစ်စု‌ဆောင်းခြင်း၊ လုပ်အားခိုင်း‌စေခြင်း၊ ‌ငွေ‌ကောက်ခံခြင်းအပြင် အထက်အရာရှိများမှ ‌အောက်‌ခြေသာမန်ရဲ‌ဘော်အ‌ပေါ် ဖိအား‌ပေး ခိုင်းစားခြင်းများ ကို စိတ်မ‌ကောင်းဖြစ်မိသည်ဟု ‌စောဆာ့‌ဖောက သူ၏ တပ်တွင်းအ‌တွေ့အကြုံများအား ‌ကေအိုင်စီကို ဖွင့်ဟ‌ပြောဆိုသည်။

“ကျ‌နော် ‌ရောက်ရှိတဲ့ အ‌တောအတွင်း သူတို့ခိုင်းသမျှကို လုပ်‌ပေးရတယ်။ ‌ရှေ့တန်းထွက်ရတယ်။ ရဲ‌ဘော်‌တွေ မိသားစု နာမကျန်း ဖြစ်တာ၊ မိန်းမ မီးဖွားတာ‌တောင်မှ ပြန်ခွင့်မရှိ‌အောင် ခိုင်းတယ်။ ‌ယောက်ျားက ‌ရှေ့တန်းချည်းပဲ ထွက်‌နေ‌တော့ အိမ်က မိသားစု၊ စားဝတ်‌နေ‌ရေး၊ က‌လေးပညာ‌ရေး၊ ကျန်းမာ‌ရေး‌တွေမှာ အခက်အခဲ‌တွေ အများကြီး ရှိလာတယ်။ ‌နောက်ဆုံး ကျ‌နော်တို့ကို ‌ရှေ့ တန်းသွားရမယ်လို တိတိကျကျ မ‌ပြောဘဲ ဘာမသိညာမသိနဲ့ တပ်မဟာ (၇)နယ်‌မြေမှာ ‌ရောက်လာတာပါပဲ”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် သူက “‌ကေအဲန်ယူ တပ်မဟာ (၇)ဌာနချုပ်မှာ ‌ရောက်လာ‌တော့ ဒီ‌ကေဘီ‌အေ ရဲ‌ဘော်‌တွေ အများကြီး ထိခိုက်ဒဏ်ရာရခဲ့ တယ်။ အများအားဖြင့် မိုင်းနဲ့ထိတာ‌ပေါ့။ အ‌ယောက်(၃၀၀)‌လောက် ဒဏ်ရာရတာ။ ‌သေဆုံးတာမပါဘူး။ အခု မကြာခဏ မိုင်းထိ တာပဲ။ ထိခိုက်ဒဏ်ရာရသူ‌တွေကို အထက်လူကြီး‌တွေက ‌စောင့်‌ရှောက်လိုစိတ် သိပ်မရှိဘူး။ အသုံးမဝင်‌တော့ဘူး ဆိုတဲ့သ‌ဘော ‌ပေါ့။ အဲဒီအ‌ပေါ်မှာ ဒဏ်ရာရတဲ့ရဲ‌ဘော်‌လေး‌တွေ‌ရော၊ မရတာ‌ရော အရမ်းစိတ်ထိခိုက်တယ်။ စိတ်ဓါတ်ကျတယ်။ ကျ‌နော်လည်း စိတ်မ‌ကောင်းဖြစ်မိတယ်”ဟု ‌ပြောဆိုသွားသည်။

လွန်ခဲ့သည့် ဇွန်လက ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)၊ (၅၅၅)၊ (၃၃၃)တပ်ဖွဲ့များက နအဖ၏ ဖိအား‌ပေးမှု‌ကြောင့် ‌ကေအဲန်ယူ တပ် မဟာ(၇) ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း‌နေရာအချို့ကို ဝင်‌ရောက်တိုက်ယူ သိမ်းပိုက်စဉ် ၎င်းတို့၏ တပ်သား(၃၀၀)ခန့် ထိခိုက် ‌သေဆုံးမှုရှိခဲ့‌ကြောင်း ‌ကေအဲန်ယူ၊ တပ်မဟာ(၇)၏ စစ်‌ရေးမှတ်တမ်းများအရ သိရသည်။

အဆိုပါ ထိုးစစ်ပြီး‌နောက် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များအတွင်း သ‌ဘောထားအမျိုးမျိုး ထွက်‌ပေါ်လာပြီး ၎င်းတို့တပ်ဖွဲ့ဝင်အချို့က ထိုင်း နိုင်ငံအတွင်းသုို့ ထွက်‌ပြေးတိမ်း‌ရှောင်သွားသူများရှိသလို တချို့မှာလည်း ‌ကေအဲန်ယူနှင့် ပြန်လာပူး‌ပေါင်းကြရာ ဇွန်လ ထိုးစစ်ပြီး ချိန်မှစ၍ ‌ကေအဲန်ယူထံ ဝင်‌ရောက်လာသည့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် (၄၅)ဦးရှိပြီဟု သိရသည်။

‌ကေအဲန်ယူနှင့် ပြန်လာပူး‌ပေါင်းသည့် ဒီ‌ကေဘီ‌အေတပ်သားများအနက် ‌နောက်ဆုံးအုပ်စုအဖြစ် ‌ရောက်ရှိလာသည့် ‌စောဆာ့‌ဖော ဦး‌ဆောင်‌သောအဖွဲ့က စစ်အစိုးရ ပြုတ်သွားသည်အထိ မိခင်အဖွဲ့အစည်း ‌ကေအဲန်ယူနှင့်အတူ ပြန်လည်‌တော်လှန်တိုက်ပွဲဝင်သွား မည်ဟု ဆိုသည်။