Home သတင်း စစ်‌ရေးနှင့် တပ်သားသစ် စု‌ဆောင်းမှုကို တချိန်တည်းလုပ်‌ဆောင်

စစ်‌ရေးနှင့် တပ်သားသစ် စု‌ဆောင်းမှုကို တချိန်တည်းလုပ်‌ဆောင်

2023
‌အောက်တိုဘာ ၈ရက်။ ‌ကေအိုင်စီ

နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေများတွင် စစ်ဆင်‌ရေးလှုပ်ရှားရာ တွင် တပ်သားသစ်စု‌ဆောင်းမှုကိုပါ တပြိုင်နက်တည်း လုပ်‌ဆောင်‌နေသည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၅)နှင့် ဆက် သွယ်‌မေးမြန်းချက်အရ သိရသည်။

‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၅) တပ်‌ရေးဗိုလ် ဗိုလ်မှူး‌စောကလယ်ဒိုက “အခုဟာ ဒီ‌ကေဘီ‌အေနဲ့ နအဖတပ်‌တွေဟာ ဘူးသိုနဲ့ ဒွယ်လိုးမြို့နယ်‌အောက်ပိုင်း‌တွေမှာ စစ်‌ရေးလှုပ်ရှား‌နေရင်း တပြိုင်နက်တည်းမှာပဲ သူတို့‌ရောက်ရှိတဲ့ ‌ကျေးရွာ‌တွေက ‌နေ တပ်သား သစ်‌တွေကို စု‌ဆောင်း‌ကောက်ခံ‌နေတယ်လို့ ကျ‌နော်တို့ သိရတယ်”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။

ယင်းသို့ တပ်သား‌ကောက်ခံရာတွင် အသက်အပိုင်းအခြားကို မသိရှိရ‌သော်လည်း ‌ကျေးရွာအုပ်စုတခုလျှင် တပ်သားသစ် ၁၂ ဦးစီ သတ်မှတ်‌ခေါ်ယူခဲ့ပြီး မ‌ပေးနိုင်ပါက ‌ငွေကျပ် ၁၂သိန်းစီ‌ပေး‌ဆောင်ရမည်ဟု ညွန်ကြားထား‌ကြောင်းလည်း ဗိုလ်မှူး‌စော ကလယ်ဒိုက ဆက်လက်‌ပြောဆိုသည်။

“တချို့မိဘ‌တွေကလည်း သား‌ယောက်ျား‌လေး‌တွေကို တပ်ထဲမပါ‌စေချင်လို့ တခြား‌နေရာကို ပို့ထားတာ‌တွေလည်း ရှိတယ် ‌လေ။ ဒါမျိုး‌တွေကျရင် သူတို့က လူမလာနိုင်ရင် ‌ငွေ‌ပေးတဲ့စနစ်နဲ့ ‌ကျေးရွာအုပ်စုတခုကို ‌ငွေကျပ် ၁၂သိန်းစီ ‌ပေးခိုင်းတယ်”ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်အတွင်း ဒီ‌ကေဘီ‌အေတပ်များက ယခုလို တပ်သားသစ် ‌ကောက်ယူစု‌ဆောင်း‌နေခြင်းနှင့် ပတ်သက်၍ ‌ကေအဲန် ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက သူ၏အမြင်ကို ယခုလို ‌ပြောဆိုသည်။

“ဒီ‌ကေဘီ‌အေက နအဖ ဖွဲ့စည်းပုံအရဆိုရင် သူတို့တပ်အင်အားက တ‌သောင်းဝန်းကျင်မှာရှိရမယ်။ အခုလက်ရှိက သုံး‌ထောင် ‌ကျော်ပဲရှိ‌နေ‌သေးတဲ့ အ‌နေအထားမှာ အင်အားဖြည့်နိုင်ဖို့ တပ်မဟာ(၇)နယ်ဘက်မှာ တပ်သား‌ကောက်ခံ‌တော့လည်း ပြည့်မီ တဲ့ အ‌ရေအတွက်ကိုမရတဲ့အပြင် ထိခိုက်ကျဆုံးမှု‌တွေပါ ဖြစ်ခဲ့တယ်။ တပ်မဟာ(၆)ဘက်မှာလည်း ဒီလိုတပ်သားစု‌ဆောင်းမှု ‌ကြောင့် လူထုကန့်ကွက်ဆန့်ကျင်မှုကို ခံခဲ့ရတယ်။ နအဖ သတ်မှတ်ထားချက်အရ စက်တင်ဘာလမှာ အပြီး‌ကောက်ခံဖို့ဟာ မ ‌အောင်မြင်ခဲ့ဘူး‌ပေါ့။ ဒါ‌ကြောင့် တပ်မဟာ(၅)ဘက်ကိုလှည့်ပြီး ဆက်လုပ်‌နေတဲ့သ‌ဘောပဲ”ဟု ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြော သည်။

ဖာပွန်မြို့အ‌ခြေစိုက် ဒီ‌ကေဘီ‌အေ (၇၇၇) က‌ဆောဝါးတပ်ရင်းနှင့်အတူ (၃၃၃)နှင့် (၆၆၆)တပ်မဟာတို့သည် နအဖ တပ်ရင်း တရင်းနှင့် ပူး‌ပေါင်းကာ ဘူးသိုမြို့နယ်ရှိ မယ်ညို၊ မယ်ခူထာ့၊ မယ်မွဲထာ့ စသည့်‌ဒေသတွင် စခန်းချကာ အဓိက လှုပ်ရှားလျှက်ရှိ ပြီး ဒွယ်လိုးမြို့နယ်တွင်လည်း စစ်‌ရေးလှုပ်ရှားမှု အနည်းငယ်ရှိသည်ဟု သိရ‌သော်လည်း ၎င်းတို့၏ အင်အားအတိအကျကိုမူ မသိရှိရ‌သေး‌ပေ။

၎င်းအ‌ခြေအ‌နေနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူး‌ဒေသရှိ ဒီ‌ကေဘီ‌အေ ဌာနချုပ်နှင့် ဗဟိုဆက်ဆံ‌ရေးရုံးသို့ ‌ကေအိုင်စီမှ ဆက် သွယ်ခဲ့‌သော်လည်း ဖုန်းပိတ်ထားလျှက်ရှိသည်။

ဒီ‌ကေဘီ‌အေ (၃၃၃)တပ်မဟာသည် ယခင်က ‌ကေအဲန်ယူ တပ်မဟာ(၁)နှင့် တပ်မဟာ(၃)စပ်ကြား‌ဒေသတွင် လှုပ်ရှားခဲ့‌သော် လည်း ၂၀၀၈ခုနှစ်မှစ၍ တပ်မဟာ(၅) ဖာပွန်ခရိုင်အတွင်း ဝင်‌ရောက်လှုပ်ရှားလာခဲ့သည်။ ထို့အပြင် နအဖ စစ်တပ်၏ အမှတ် (၁၉) ‌ခြေလျင်တပ်ရင်း၊ (၃၄၀)၊ (၃၄၁)၊ (၄၃၄)၊ (၂၁၆)နှင့် (၂၁၈) ‌ခြေမြန်တပ်ရင်းများသည် ဖာပွန်မြို့တွင် စခန်းထိုင်လျှက်ရှိ သည်။

‌ကေအဲန်အယ်လ်‌အေသည် ‌ကေအဲန်ယူ၏ ဦး‌ဆောင်မှုဖြင့် စစ်‌ရေးလှုပ်ရှား‌နေသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ ဖြစ်ပြီး တပ်မဟာ(၅)နယ်‌မြေတွင် တပ်ရင်း ၄ရင်းဖြင့် လှုပ်ရှားလျှက်ရှိသည်။