Home သတင်း မြစ်‌ရေကြီးမှု‌ကြောင့် အိမ်‌ခြေ ၅၀ဝခန့် ‌ရေနှစ်မြှုပ်

မြစ်‌ရေကြီးမှု‌ကြောင့် အိမ်‌ခြေ ၅၀ဝခန့် ‌ရေနှစ်မြှုပ်

2258
စက်တင်ဘာ ၁၁ရက်။ ‌ကေအိုင်စီ

တနသင်္ာရီမြို့နယ်အတွင်း စက်တင်ဘာလ ၈ရက်‌နေ့အထိ မြစ်‌ရေကြီးမှု‌ကြောင့် စာသင်‌ကျောင်းများ အပါအဝင် လူ‌နေအိမ်‌ခြေ ၅၀ဝခန့် ‌ရေနှစ်မြှုပ်ခံရသည်ဟု ‌ဒေသသတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းမှစ၍ မိုးပြင်းထန်စွာ ရွာသွန်းသည့်အတွက် တနသင်္ာရီမြစ်‌ရေမှာ လျှံတက်လာပြီး တနသင်္ာရီ တိုင်း၊ မြိတ်ခရိုင် တနသင်္ာရီမြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၉ဝနှင့် စာသင်‌ကျောင်း၈ဝ အပါအဝင် အိမ်‌ခြေ ၅၀ဝခန့် ‌ရေမြှုပ် သွားခဲ့ရသည်ဟု ‌ဒေသခံတဦးက ‌ပြောသည်။

“မိုးအရမ်းကြီးပြီး ရွာ‌နေတာ ဩဂုတ်လ ၁၅ရက်‌နေ့ကတည်းက။ ခုဆို နှစ်ပတ်သုံးပတ်‌လောက် ရှိ‌နေပြီ။ ဒါ‌ကြောင့် တနသင်္ာရီ မြစ် တဖက်တချက်မှာရှိတဲ့ အနီးတဝိုက်က ‌ကျေးရွာ‌တွေက ‌မြေနိမ့်ပိုင်းကျတဲ့ စာသင်‌ကျောင်း‌တွေနဲ့ လူ‌နေအိမ်‌တွေ အခုလို ‌ရေမြှုပ်ကုန်တာ‌ပေါ့”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ရေမြှုပ်ခံရသည့် စာသင်‌ကျောင်းများမှာ မူလတန်းမှ အထက်တန်းအထိ ‌ကျောင်း‌ပေါင်း ၈ဝဖြစ်ပြီး မြစ်‌ရေမှာ မြိတ်နှင့် ‌ကော့ ‌သောင်းကို ဆက်သွယ်‌ဖောက်လုပ်ထားသည့် နှစ်လမ်းသွား ပြည်‌ထောင်စု ကားလမ်းမကြီးအထက်ကို ‌လေး‌ပေခန့် မြင့်တက် ‌နေသဖြင့် ကားသွားလာမှုကိုလည်း ‌ခေတ္တရပ်ဆိုင်းထားရ‌ကြောင်း သိရသည်။

အဆိုပါမြစ်‌ရေကြီးမှု‌ကြောင့် အိုးအိမ်နှစ်မြှုပ်သွားသည့် ‌ရေ‌ဘေးဒုက္ခသည်များကို သက်ဆိုင်ရာ ‌ဒေသအာဏာပိုင်များ၊ အဲန်ဂျီအို များ၊ ကြက်‌ခြေနီနှင့် သာသနာ‌ရေးဌာနများက ကုန်းမြင့်ထက်ရှိ ဘုန်း‌တော်ကြီး‌ကျောင်းများတွင် ယာယီ‌နေရာချထား‌ပေးပြီး စားနပ်ရိက္ခာ၊ ‌ဆေးဝါးနှင့် လိုအပ်သည်များကို ကူညီ‌ပေး‌နေသည်ဟု ‌ဒေသခံတဦးက ယခုလို ‌ပြောသည်။

ထို‌ဒေသခံက “မြစ်‌ရေတက်ပြီး ဩဂုတ်လ ၂ဝရက်‌နေ့ကတည်းက အဖွဲ့အစည်း‌ပေါင်းစုံ ‌ရောက်လာတယ်။ ဆရာဝန်၊ ဆရာမ ‌တွေက ‌ဆေးဝါး‌တွေ။ စစ်တပ်က ရိက္ခာ‌တွေ လာ‌ပေးတာ‌တော့ ရှိတယ်။ အဲန်ဂျီအို‌တွေလည်း လာကြတယ်။ အရင်ကဆို အခု လို ဒုက္ခ‌ရောက်ရင် ဘယ်သူမှ မကူညီဘူး။ အခုဆို လာကူညီ‌ပေးကြတယ်‌လေ”ဟု ဆိုသည်။

၎င်းအပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လ်အို)နှင့် ကုလသမဂဖွံ့ဖြိုး‌ရေးအစီအစဉ် (ယူအဲန်ဒီပီ)မှ ကိုယ် စားလှယ်များလည်း လာ‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့ကြပြီး သက်ဆိုင်ရာ အာဏာပိုင်များက လူအ‌သေအ‌ပျောက် စာရင်းအတိအ ကျကို စုံစမ်းစစ်‌ဆေး‌နေဆဲဖြစ်‌ကြောင်း သိရသည်။

ယင်းသို့ ‌ရေနှစ်မြှုပ်ခံရသည့် ‌ကျေးရွာများမှာ သ‌ဘေင်္ာဦး၊ ‌ကျောက်လုံးကြီး၊ ‌ကော့မ‌ကေး၊ ‌နော်တယ်၊ သိ‌န္တော၊ တကူး၊ သရ ဘွယ်၊ ‌ညောင်ပင်ကွင်း စသည့်‌ကျေးရွာအုပ်စုများ ပါဝင်ပြီး တနသင်္ာရီမြစ်‌ရေမှာ ‌လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ထို‌ဒေသ တွင် ယ‌နေ့အထိ မိုးဆက်လက်ရွာသွန်း‌နေဆဲဖြစ်သည်ဟု သိရသည်။