Home သတင်း ‌ကေအဲန်ယူတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် နအဖစစ်တပ် တပ်အ‌ပြောင်းအလဲ မလုပ်နိုင်‌သေး

‌ကေအဲန်ယူတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် နအဖစစ်တပ် တပ်အ‌ပြောင်းအလဲ မလုပ်နိုင်‌သေး

1685
စက်တင်ဘာလ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တပ်မဟာ (၆)နယ်‌မြေတွင် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့ဝင်တို့၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် နအဖ ခမရ (၃၅၆)တပ်ရင်းနှင့် ခမရ(၃၅၅)တပ်ရင်းတို့ တပ်‌ပြောင်းရန် မဖြစ်‌သေး‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၆) ပြန်ကြား‌ရေးဌာနက ‌ပြောသည်။

တပ်မဟာ(၆)၏ ပြန်ကြား‌ရေးဌာန တာဝန်ခံ ‌စောထဲ‌နေက “အခုအချိန်မှာ သူတို့(နအဖ)က အ‌ခြေအ‌နေကို ‌စောင့်ကြည့် ‌နေတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ‌လော‌လောဆယ် ကျ‌နော်တို့လူ‌တွေက သူတို့ပြန်နိုင်မယ့်လမ်းကို သွားပြီး‌တော့ ကြို ‌စောင့်‌နေတာကိုး။ သွား‌စောင့်တဲ့အဖွဲ့ မရှိ‌တော့တဲ့အချိန်၊ ဒါမှမဟုတ် သတိလစ်တဲ့အချိန်ကျမှ ပြန်မှာ‌ပေါ့။ အဲဒီ ၃၅၆တပ် ရင်းဟာ လာတုန်းကလည်း အပစ်ခတ်ခံရတယ်‌လေ”ဟု ‌ပြောသည်။

ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ‌ချောင်းဆုံ‌ကျေးရွာတွင် အ‌ခြေချ‌နေ‌သော နအဖ ခမရ(၃၅၆)တပ် ရင်းနှင့် တပ်အ‌ပြောင်းအလဲလုပ်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်‌နေ့က ဝင်‌ရောက်လာသည့် ဒုဗိုလ်မှူးကြီးမင်းနိုင် ဦး ဦးစီး‌သော အင်အား ၆ဝပါ ခမရ(၃၅၅)တပ်ဖွဲ့အား ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆) တပ်ခွဲ(၂)မှ တပ်ကြပ်ကြီး ‌စော ထီး‌ထော့ ဦး‌ဆောင်‌သောတပ်ဖွဲ့က အဖလုံ‌ကျေးရွာနားတွင်တကြိမ်၊ မြိုင်သာယာအနီးတွင်တကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည်။

အဆိုပါချုံခိုတိုက်ခိုက်မှုတွင် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတဦး ကျဆုံးကာ တပ်သားတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ‌သော်လည်း ‌ကေအဲန်အယ်လ်‌အေဘက်က ထိခိုက်ကျဆုံးမှု မရှိ‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ‌စောလစ္စတန်က “နအဖ တပ်က တပ်မချိန်းဖြစ်တာ အချက်နှစ်ချက် ကျ‌နော် သုံးသပ်မိတယ်။ ပထမတချက်က ဟို‌နေ့က တပ်ချိန်းဖို့ ‌ရောက်လာတဲ့ ခမရ(၃၅၅)က ကျ‌နော်တို့လူ‌တွေနဲ့ တိုက် ပွဲဖြစ်ခဲ့ရာမှာ သူတို့ဘက်က ‌တော်‌တော်‌လေး အထိနာသွားတယ်။ အဲဒါ‌ကြောင့် တပ်ချိန်းမယ့်ကိစ္စကို နားစွင့်ရင်းနဲ့ ‌နှောင့် ‌နှေးတာ ဖြစ်နိုင်တယ်။ ဒုတိယတချက်က သူတို့နှစ်ဖွဲ့လုံး‌ပေါင်းပြီး‌တော့ အစီအစဉ်တခုလည်း လုပ်‌ကောင်းလုပ်နိုင်တယ်” ဟု ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေတွင် မကြာခဏ ‌ပြောက်ကျားစစ်ဖြစ်ရာ ထို‌ဒေသရှိ ရွာသားများသည် တိုက်ပွဲအကြီးအ ကျယ် ဆက်ဖြစ်လာမည်ကို စိုးရိမ်‌နေကြပြီး လက်ရှိအချိန်တွင် ‌ကေအဲန်ယူတပ်ဖွဲ့အ‌နေဖြင့်လည်း နအဖစစ်တပ် သွားနိုင် သည့်‌နေရာများကို ‌ပြောက်ကျားစနစ်ဖြင့် လိုက်လံ‌စောင့်ဆိုင်း‌နေသည်ဟု သိရသည်။