Home သတင်း သရက်‌ထောင်မှ ‌ကေအဲန်ယူ အကျဉ်းသားတဦး ကျန်းမာ‌ရေးဆိုးရွား

သရက်‌ထောင်မှ ‌ကေအဲန်ယူ အကျဉ်းသားတဦး ကျန်းမာ‌ရေးဆိုးရွား

1896
စက်တင်ဘာလ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

သရက်‌ထောင်တွင် အကျဉ်းကျခံ‌နေရသည့် ‌ကေအဲန်ယူ အကျဉ်းသား စသန်းမြင့်‌ရွှေသည် ကျန်းမာ‌ရေး အလွန်ဆိုးရွားပြီး လက်ရှိအချိန်တွင် နှစ်အတန်ကြာ ‌ထောင်ဝင်စာနှင့်လည်း အဆက်အသွယ်ပြတ်လျှက်ရှိ သည်ဟု သိရသည်။

စက်တင်ဘာလ ၁၈ရက်‌နေ့တွင် သရက်‌ထောင်မှ လွတ်‌မြောက်လာသူ ‌အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ‌ဟောင်း ကိုရန်‌အောင်‌ရွှေက ၎င်းပြန်လည်မလွတ်‌မြောက်ခင် မြင်‌တွေ့ခဲ့ရသည့် အ‌ခြေအ‌နေများကို ယခု လို ‌ပြောပြသည်။

“ကျ‌နော်တို့က သူ့ကို ဗိုလ်ချုပ်လို့ပဲ ‌ခေါ်တယ်။ ဗိုလ်ချုပ်ဟာ ၉ဝခုနှစ်တုန်းက ပထမတကြိမ် တီဘီတခါ ဖြစ်တယ်။ အခု ‌နောက်ဆုံးအကြိမ် ဒီ ၂၀၀၉ထဲမှာ ထပ်ဖြစ်‌တော့ သူ တီဘီ‌ဆေး‌သောက်တာ ငါးလ၊ ‌ခြောက်လ‌လောက်ရှိပြီ။ ‌ထောင်ထဲမှာ တီဘီ‌ဆေး‌တော့ အလကား တိုက်တယ်။ ဒါ‌ပေမယ့် ‌နောက်မှာ အား‌ဆေးလိုက်ရမယ်။ အား‌ဆေးကျ‌တော့ ‌ထောင်က မ‌ပေးနိုင်ဘူး။ သူ့ဖာသာသူ ရုန်းကန်ရတယ်။ ‌ထောင်ဝင်စာကလည်း လုံးဝ မလာ‌တော့ဘူး။ အခု‌တော့ တီဘီ‌ဆေးကို နားထားရတယ်”ဟု သူက ‌ပြော သည်။

သရက်‌ထောင် တိုက်(၁) အခန်းနံပါတ်(၉)တွင် အကျဉ်းကျခံ‌နေရသူ စသန်းမြင့်‌ရွှေသည် အသက် ၅ဝ ‌ကျော်သာရှိ‌သေး‌သော်လည်း တီဘီ‌ရောဂါ‌ဝေဒနာ ခံစား‌နေရသည့်ဒဏ်‌ကြောင့် ၎င်းအသက်ထက် ပို၍ အို စာ‌နေ‌ကြောင်းနှင့် ‌ထောင်ထဲတွင် သက်ရှိထင်ရှားရှိ‌နေ‌သေးသည့်အ‌ကြောင်းကို မိခင်‌ကေအဲန်ယူအဖွဲ့အ စည်းသို့ ပြန်လည်‌ပြောပြ‌ပေးရန် မှာကြားလိုက်‌ကြောင်းလည်း ကိုရန်‌အောင်‌ရွှေက ဆက်‌ပြောသည်။

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “‌ကေအဲန်ယူကို‌တော့ မဆလအစိုးရက အကြမ်းဖက် အဖွဲ့လို့ပဲ သတ်မှတ်ထားတယ်‌လေ။ အမှန်‌တော့ ‌ကေအဲန်ယူတပ်ဖွဲ့ဝင်‌တွေဟာ အမျိုးသားလွတ်‌မြောက် ‌ရေးအတွက် တိုက်ပွဲဝင်‌နေသူ‌တွေဖြစ်‌တော့ သူတို့ကို ဖမ်းမိရင် ရာဇဝတ်‌ထောင်သားအဖြစ် ထားလို့မရ ဘူး။ စစ်သုံ့ပန်းအ‌နေနဲ့ပဲ ‌ထောင်ထဲမှာ ထားရမှာ”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်း‌ပေါ် ဇာတိဖြစ်သူ စသန်းမြင့်‌ရွှေသည် ၁၉၈ဝခုနှစ်ခန့်က ‌ကေအဲန်ယူတွင် စတင် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး‌နောက် အဖမ်းမခံရခင်အထိ ဗဟိုဌာနချုပ်တွင် တပ်ကြပ်ကြီးတဦးအဖြစ် တာဝန် ယူခဲ့သူဖြစ်သည်။

၁၉၈၃ခုနှစ်က ဖားအံမြို့ မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံမှ ပြင်သစ်အင်ဂျင်နီယာ ဇနီး‌မောင်နှံကို ဝင်‌ရောက် ဖမ်းဆီးခဲ့သည့် ‌ကေအဲန်ယူတပ်ဖွဲ့တွင် ပါဝင်ခဲ့ပြီး ထိုနှစ်တွင်ပင် ဗိုလ်မှူး‌ရောဘတ်‌နေဝင်း ဦး‌ဆောင်သည့် အဖွဲ့က ပြည်တွင်းလှုပ်ရှားမှု အစီအစဉ်ဖြင့် ရန်ကုန်သို့ သွား‌ရောက်ခဲ့ရာ မြန်မာစစ်တပ်က ဖမ်းဆီးကာ ၎င်းအား နိုင်ငံ‌တော်ပုန်ကန်မှုဖြင့် ‌သေဒဏ်ချမှတ်လိုက်ပြီး ထိုမှတဆင့် နှစ်ရှည်‌ထောင်ဒဏ်သို့ ‌လျှော့‌ပေါ့ ခံခဲ့ရသည်။

လက်ရှိအချိန်တွင် မြန်မာစစ်အစိုးရ ‌ထောင်ထဲ၌ ‌ကေအဲန်ယူအကျဉ်းသားဦး‌ရေ ၂၀‌ကျော်ရှိပြီး ၎င်းတို့မှာ ‌ထောင်သက်နှစ် ၂၀‌ကျော်သည့် နှစ်ကြီးအကျဉ်းသား ကရင့်‌တော်လှန်‌ရေးသမားများဖြစ်သည်ဟု ပြန် လည်လွတ်‌မြောက်လာသည့် အကျဉ်းသားများ၏ ‌ပြောပြချက်အရ သိရသည်။