Home သတင်း ရွာသားများ အဓမ္မခိုင်း‌စေခံ‌နေရ

ရွာသားများ အဓမ္မခိုင်း‌စေခံ‌နေရ

2289
စက်တင်ဘာ ၃ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ကရင်ရွာသားများသည် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်ဖွဲ့ဝင်များ၏ အဓမ္မလုပ်အားခိုင်း‌စေမှု၊ မတရား ‌ငွေ‌ကောက်ခံမှုများနှင့် ရင်ဆိုင်‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထိုနယ်‌မြေတွင် လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေတပ်ဖွဲ့များသည် ‌ဒေသခံရွာသားများ၏ ရင်ဆိုင်‌နေရသည့် စားဝတ်‌နေ‌ရေး အ ခက်အခဲများကို မငဲ့ညှာဘဲ ၎င်းတို့၏ တပ်စခန်းအတွက် ခိုင်းချင်ရာခိုင်း‌စေလျှက်ရှိ‌ကြောင်း လှိုင်းဘွဲမြို့နယ်မှ အမည်မ‌ဖော်လို သူ ရွာသားတဦးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

သူက “ဒီ‌ကေဘီ‌အေ‌တွေက သူတို့စခန်း‌ဆောက်ဖို့အတွက် ကျ‌နော်တို့ကို သစ်ဝါး‌တွေ သွားခုတ်ခိုင်းတယ်။ ဖက်လိုလို့ ကျ‌နော် တို့ ရွာသား‌တွေဆီက ‌တောင်းပြန်တယ်။ စခန်း‌ဆောက်ပြန်‌တော့လည်း ကျ‌နော်တို့ပဲ ထပ်‌ခေါ်ပြန်‌ရော။ ကိုယ့်အလုပ်ကို ‌တောင် လုပ်လို့မအားဘူး။ ရွာထဲမှာ ဝင်လာပြီးဆိုရင် ကြက်‌တောင်းစား၊ ဝက်‌တောင်းစား၊ ဘာအဖိုးအခမှလည်း မ‌ပေးဘူး”ဟု ‌ပြောသည်။

၎င်းအပြင် ဒီ‌ကေဘီ‌အေ တပ်သားသစ်များအတွက် ‌ထောက်ပံ့‌ကြေးများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ရွာသူရွာသား များထံမှ ‌ကောက်ခံခြင်းများလည်း ရှိသည်ဟု အဆိုပါရွာသားကပင် ဆက်‌ပြောပြသည်။

“ပြီး‌တော့ ဒီ‌ကေဘီ‌အေ စစ်သားသွားလုပ်တဲ့သူ‌တွေအတွက် ‌ထောက်ပံ့‌ကြေးလား၊ ဘာ‌ကြေးလား။ တ‌ယောက်စာကို အနည်း ဆုံး တ‌သောင်းပဲ။ မုဆိုးမအိမ်ဆို သူတို့‌လျှော့ ‌တောင်းတယ်။ ကာလသမီး ကာလသားရှိတဲ့ အိမ်‌တွေဆို ၁သိန်း အနည်းဆုံးပဲ။ ရွာသား‌တွေကလည်း မ‌ပေးနိုင်‌တော့ဘူး‌လေ။ မ‌ပေးနိုင်ရင်လည်း ခြိမ်း‌ခြောက်ခံရတယ်”ဟု သူက ဆိုသည်။

ယခင် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေရှိ လှိုင်းဘွဲမြို့နယ် တ‌ရေဖိုးကွီး၊ ‌သေဖာ‌ဒေးခီး၊ ဝါ့မီကလား စသည့်ရွာများတွင် လတ် တ‌လောအ‌ခြေအ‌နေအရ ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များ လှုပ်ရှား‌နေကြသည့်အတွက် ‌ဒေသခံရွာသား များမှာ နှစ်ဖက်တပ်ဖွဲ့များအကြား ထင်‌ယောင်ထင်မှားခံရမည်ကိုလည်း အထူးစိုးရိမ်‌နေကြသည်။

ထို့အပြင် ဒီ‌ကေဘီ‌အေတပ်များက ရွာသားများ ‌ကေအဲန်ယူနှင့် ဆက်သွယ်မှုရှိမရှိ သိရှိရန် ရွာသူရွာသားများ၏ လှုပ်ရှားသွား လာမှုကို လဆန်းပိုင်းကတည်းက ယခုအချိန်ထိ မျက်‌ခြေမပြတ် ‌စောင့်ကြည့်သည့်အပြင် ခရီးသွားလာသူများအား ပိုမိုစစ်‌ဆေး ‌မေးမြန်းလာသည်ဟုလည်း အခြားရွာသားတဦးက ‌ပြောသည်။

ယင်းသို့ စစ်‌ဆေးမှုများ ပိုမိုလုပ်‌ဆောင်လာခြင်းနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေတပ်ဖွဲ့များ၏ လှုပ်ရှားမှုမှန်သမျှကို အနီးကပ် ‌စောင့်ကြည့်‌နေသူ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၂၂)ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောဒီ့ကွယ်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌ကေဘီ‌အေက ‌ပြောတယ်။ ရွာသား‌တွေသွားလာ‌နေတာ ရိုးရိုးသွားလာ‌နေတာမဟုတ်ဘူး။ ‌ကေအဲန်ယူရဲ့ ရိက္ခာ၊ ပစ္စည်း‌တွေ ခိုးသယ်‌ပေးတယ်လို့ ‌ပြောတယ်။ အဲဒါ‌ကြောင့် လုံခြုံ‌ရေးအတွက် စစ်‌ဆေးမှု‌တွေ လုပ်တာပဲ။ သူတို့(ဒီ‌ကေဘီ‌အေ) အဲသလို လုပ်လိုက်‌တော့ ရွာသား‌တွေက အခုဆို ထိုင်းဘက်ကို ဆန်သွားဝယ်စားလို့ မရ‌တော့ဘူး”ဟု ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း တာဝန်ယူ ပြန်လည်‌ဖြေကြား ‌ပေးခြင်း မရှိ‌ပေ။

စက်တင်ဘာလ ၁၉ရက်‌နေ့က ဗိုလ်မူ့‌နော်‌ဒွေ့ ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ (၉၉၉) တပ်မဟာလုံခြုံ‌ရေးတပ်ဖွဲ့သည် ပိုင်ကျုံ မြို့နယ်ရှိ ထီးတို‌ကော်ရွာမှ ဝက်တ‌ကောင်ကို တန်ရာတန်‌ကြေး တစုံတရာ မ‌ပေးဘဲ ယူ‌ဆောင်စား‌သောက်သွားခဲ့သည်ဟု ထီး တို‌ကော်ရွာသားတဦးက ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ ပြုမူမှုများ‌ကြောင့် ‌ဒေသခံ ရွာသူရွာသားအချို့မှာ ယင်းဒဏ်ကို မခံမရပ်နိုင်သည့်အဆုံး ထိုင်းနိုင်ငံ၊ တာ့ ခ်ခရိုင်ဘက်ခြမ်းသို့ မကြာခဏ ထွက်‌ပြေး‌ရောက်ရှိလာလျှက်ရှိပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီးမည်ကို စိုးရိမ်သည့်အတွက် နီးစပ်ရာ အသိအိမ်များတွင် မှီခို‌နေကြရသည်။

ပြီးခဲ့သည့် ဇွန်လက မြန်မာစစ်တပ်နှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့ သိမ်းပိုက်ခဲ့‌သော ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ၌ လက်ရှိအချိန်တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅၅၅)နှင့် (၉၉၉)တို့၏ လက်‌အောက်တပ်ရင်းများ လှုပ်ရှားလျှက်ရှိသလို ‌ကေအဲန် ယူ တပ်မဟာ(၇)၏ လက်‌အောက်ခံတပ်ရင်းများ၊ တပ်မဟာ လုံခြုံ‌ရေးတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် (‌ကေအဲန်ဒီအို)များလည်း လှုပ်ရှား‌နေဆဲဖြစ်သည်။