Home သတင်း မှားယွင်းပစ်ခတ်မှု‌ကြောင့် ကရင်ရွာသူကြီးတဦး ဒဏ်ရာပြင်းထန်

မှားယွင်းပစ်ခတ်မှု‌ကြောင့် ကရင်ရွာသူကြီးတဦး ဒဏ်ရာပြင်းထန်

1789
စက်တင်ဘာလ ၂၉ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

မြန်မာစစ်တပ် ခမရ ၃၅၆တပ်ရင်း စစ်‌ကြောင်း(၂)တပ်ဖွဲ့ဝင်တဦးသည် ယမန်‌နေ့က ကရင်ပြည်နယ် ကြာ အင်းဆိပ်ကြီးမြို့နယ်ရှိ ရွာလူကြီးတဦးအား လွဲမှားပစ်ခတ်မှု‌ကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ သည်ဟု သိရသည်။

အနန်းကွင်းရွာတွင် အ‌ခြေစိုက်သည့် ခမရ(၃၅၆) စစ်‌ကြောင်း(၂)မှ ကင်း‌စောင့်ရဲ‌ဘော်တဦးသည် ခမရ (၃၅၅)တပ်ရင်းနှင့် တပ်အ‌ပြောင်းအလဲလုပ်သွားသည့် ‌ချောင်းဆုံရှိ ၎င်းတို့၏ စစ်‌ကြောင်း(၁)တပ်ဖွဲ့ကို သွားကြိုရင်း မဲဇလိ(ကွီး‌ဟော)ရွာတွင် ညအိပ်တည်းခိုရာမှ မနက်မိုးမလင်းခင်အချိန်တွင် မှားယွင်းပစ်ခတ် မိခြင်းဖြစ်သည်။

“ခမရ ၃၅၆စစ်‌ကြောင်း(၁)ကို လာကြိုဖို့ စစ်‌ကြောင်း (၂)တပ်ဖွဲ့ဟာ စက်တင်ဘာလ ၂၇ရက်‌နေ့မှာ မဲဇ လိ(ကွီး‌ဟော)မှာ ‌ရောက်ရှိလာတယ်။ အဲဒီမှာ‌ရောက်လာ‌တော့ ရွာမှာပဲ စစ်‌ကြောင်း(၁)ကို အိပ်‌စောင့် တယ်။ အဲဒီညမှာ ရွာလူကြီးဖြစ်တဲ့ ‌စော‌ကျော်လှကို သူတို့ စစ်‌ကြောင်းနဲ့ ‌ခေါ်အိပ်တယ်။ အဲလိုအိပ်‌တော့ ‌နေ့ဘက် ကင်းရှည်ချပြီးရင် ညပိုင်းမှာ ကင်းတိုချထားတယ်။ ကင်းရှည်ပြီးတဲ့အချိန် သစ်ပင်‌ခြေရင်းမှာ အိပ်‌နေတဲ့ရွာသူကြီးကို ‌ခေါ်ဖို့‌မေ့သွား‌ရော။ စက်တင်ဘာ ၂၈ရက် မနက် ၂နာရီ‌ကျော်မှာ မိုးဖွဲဖွဲရွာ‌တော့ အိပ်‌ပျော်‌နေတဲ့ ရွာသူကြီးက နိုးလာပြီး သူခင်းထားတဲ့ မိုးကာကို သိမ်းပြီး‌တော့ အိမ်‌အောက်ကို ပြန်ဝင် မယ်အလုပ်မှာ ‌နောက်ဆုံး ကင်း‌စောင့်တဲ့ရဲ‌ဘော်က မသိဘဲ ပစ်ထည့်လိုက်တယ်”ဟု ‌ကေအဲန်ယူ တပ်မ ဟာ(၆) ပြန်ကြား‌ရေးဌာန တာဝန်ခံ ‌စောထဲ‌နေက ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ မှားယွင်းပစ်ခတ်မှု‌ကြောင့် အသက် ၃၄နှစ်အရွယ်ရှိ မဲဇလိရွာလူကြီးမှာ ဘယ်ဖက်‌ခြေ‌ထောက်ကို ‌လေးချက်ထိမှန်ခဲ့သဖြင့် ‌ခြေဖ‌နောင့်ထိမှန်ကာ ‌ပေါင်မှာ ကျိုး‌ကြေသွားခဲ့‌သော်လည်း စစ်‌ကြောင်းမှူးက ‌ဆေးရုံသို့ လိုက်လံပို့‌ဆောင်‌ပေးခြင်း မရှိဘဲ ‌လျှော်‌ကြေး‌ငွေအဖြစ် မြန်မာကျပ်‌ငွေ (၁၅,၀၀၀)သာ ‌ပေးကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ‌ဆေးကုသခိုင်းခဲ့သည်ဟု သိရသည်။

‌ဒေသခံတဦးက “စစ်‌ကြောင်းမှူးက ‌ပေးတဲ့‌လျော်‌ကြေးနဲ့ပဲ မဲဇလိရွာသား‌တွေက သူတို့ရွာလူကြီးကို လာ ထမ်းသွားပြီး မဲဇလိက‌နေ မိုင် (၂၀) အကွာအ‌ဝေးရှိတဲ့ ဘုရားသုံးဆူ‌ဆေးရုံကို ပို့လိုက်တယ်။ ဒါ‌ပေမဲ့ ဒဏ်ရာက ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ‌တော့ ရပ်မိရပ်ဖ‌တွေ အကူအညီနဲ့ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီက ဖာ့ဟွန်‌ဆေးရုံကြီးကို ပို့လိုက်ရတယ်”ဟု ဆိုသည်။

ယခုအချိန်တွင် မြန်မာစစ်တပ်သည် ကရင်ရွာတရွာသို့ဝင်လျှင် ရွာသူုကြီးများ ‌ကေအဲန်ယူနှင့် အဆက်အ သွယ်လုပ်မည်ကို စိုးရိမ်သည့်အတွက် ညအိပ်ရာတွင် ယခုလို ‌ခေါ်ထား‌လေ့ရှိ‌ကြောင်းနှင့် ထိုသို့လုပ် ‌ဆောင်မှု‌ကြောင့် မှားယွင်းပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထို‌နေ့ ည‌နေ ၃နာရီခွဲတွင် မြန်မာစစ်တပ် ခမရ (၃၅၆)တပ်ရင်း စစ်‌ကြောင်း(၁)အား ‌ကေအဲန်အယ်လ် ‌အေ တပ်ရင်း(၁၆) တပ်ခွဲ(၂)မှ တပ်ကြပ်ကြီး‌စောထီး‌ထော့ ဦးစီးအဖွဲ့က ‌ပြောက်ကျားတိုက်ပွဲတကြိမ် ဆင် နွဲခဲ့‌သော်လည်း ယင်းအစီအစဉ်ကို မြန်မာစစ်တပ်ဘက်မှ ကြိုတင်သိရှိထားဖြင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ ‌ပေ။

ခမရ (၃၅၅)နှင့် (၃၅၆)တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း‌ကျေးရွာတွင် အ‌ခြေစိုက် သည့် စကခ(၁၂) လက်‌အောက်ခံ စစ်ဗျူဟာ(၂)တွင် လက်‌အောက်ခံတပ်ရင်းများဖြစ်ကြပြီး ၎င်းတို့အ နက် ခမရ(၃၅၆)တပ်ဖွဲ့သည် ‌ကေအဲန်အယ်လ်‌အေ၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် အကျအဆုံး အများဆုံး ဖြစ်သည်။