Home ကဗျာ အာဇာနည်ခေါင်းဆောင်ကြီးများသို့ 

အာဇာနည်ခေါင်းဆောင်ကြီးများသို့ 

604

ဝအမှောင်
ဦး ဆောင်ဖြိုခွင်း
ကြီး သောလင်းစေ
မူ ခြွေရဲရင့်
လေး ဆင့်တရား
ချက် လက်ထားရစ်
ဆုတ် မနစ်ဇွဲ
ကိုင် နိုင်စွဲထိ
မြဲ သည့်သည်းမာခေါင်းဆောင်များ။

အာ မဖွဲ့ ခဲ့
ဇာ မချဲ့ ခဲ့
နည် (နီ)တဲ့သွေးဟေ့
နေ့  နေ့ ညည
ဆုတ်မနစ်
မေ့ ပြစ်မထား
သင့် သားမြေးရေး
ပေ ရေဘဝများဆေးကြောသူ။

ကောင်း မြတ်စိတ်စဉ်
ရာ ဇဝင်မယ်
သု ဓလေ့ရယ်တဲ့
နိုင်နဲ့ မြိုင်ဝှမ်း
တိ ပစွမ်းကား
လား ရာမျှော်တွေး
ပါ ဝင်ရေးဆောင်လေ့
စေ ရာရှေ့ တန်းခေါင်းဆောင်များသို့ ဦးညွှတ်ရင်း။ ။

လင်္ကာဒီပ

သြဂုတ်လ (၁၂)ရက်တွင် ကျရောက်သော (၅၉)နှစ်မြောက်ကရင့်အာဇာနည်နေ့ကို ဤကဗျာလေးဖြင့် ဂုဏ်ပြုလိုက်ရပါသည်။