Home ကဗျာ လူငယ့်အားမာန်

လူငယ့်အားမာန်

553

ဖွင့်မရ ဖြတ်မရလို့ ထင်ရတဲ့
သံကွန်ချာ အထပ်ထပ်အုပ်ထား
သံမဏိတံခါးများနဲ့ စည်းခြားကန့်သတ်ထားပေမဲ့
ဦးနေဝင်းစစ်အစိုးရအာဏာရှင်ရဲ့
ယန္တရားကို ကျိုးပြတ်ပျက်စီးသွားစေတာ
လူငယ့်အားမာန် အဓိကပဲ။

မဟုတ်မခံ စိတ်ဓာတ်ကိုအရင်းတည်
ဘာမထီအာဇာနည်ဝိဥာဉ်နဲ့ စစ်သွေးကြွနေတဲ့
နအဖ စစ်အစိုးရ ဟိုငနဲသန်းရွှေကြီးကို
အသက်ကိုအမှုမထား ကြံ့ကြံ့ခံတော်လှန်ခဲ့တာ
လူငယ့်အားမာန်ပါ။

လူငယ်ဟာ အများအတွက်အကျိုးရှိဖို့
ရိုးသားတယ် ကြိုးစားတယ် အနစ်နာခံတယ်
လူငယ်ဟာအများအတွက်
ဖောက်ပြန်နေတဲ့သန်းရွှေကြီးကို
ဆန့်ကျင်တယ် တော်လှန်တယ် ချေမှုန်းတယ်
သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ
တကယ်ဆိုရင်
မှန်ကန်တဲ့လူကြီးတွေအကြံနဲ့
ရိုးသားတက်ကြွတဲ့ လူငယ့်အားမာန်ကို
ပေါင်းစပ်လိုက်ရင်
ကောင်းကင်ကိုဖြိုချ
ပင်လယ်ရေခမ်းခြောက်သွားအောင်
ခပ်ထုတ်နိုင်တယ်နော်။

သုံးဆူ (KTB)