Home တွေ့ဆုံမေးမြန်းခန်း နိုင်ငံတကာ မြန်မာ့သတင်း(ဘီအဲန်အိုင်) ဖွံ့ဖြိုး‌ရေးတာဝန်ခံ နိုင်က‌ဆော့မွန်နှင့် ကရင်သတင်းစဉ် ‌တွေ့ဆုံ‌မေးမြန်းခန်း

နိုင်ငံတကာ မြန်မာ့သတင်း(ဘီအဲန်အိုင်) ဖွံ့ဖြိုး‌ရေးတာဝန်ခံ နိုင်က‌ဆော့မွန်နှင့် ကရင်သတင်းစဉ် ‌တွေ့ဆုံ‌မေးမြန်းခန်း

2191

‌မေး – ဘီအဲန်အိုင်ဟာ ဖွဲ့စည်းလာခဲ့တာ (၆)နှစ်ခွဲရှိပြီဆို‌တော့ ဒီကာလအ‌တောအတွင်းမှာ ဖြတ်သန်းလာခဲ့တဲ့ အ‌နေအထားအရ ဘာ‌တွေလုပ်‌ဆောင်နိုင်ခဲ့ပါသလဲ၊

‌ဖြေ – ဒီကျ‌နော်တို့ ဘီအဲန်အိုင်က အလုပ်‌ဆောင်‌ပေးနိုင်ဆုံးက‌တော့ ကျ‌နော်တို့ ဘီအဲန်အိုင်ထဲမှာ ပါဝင်‌နေတဲ့ အဖွဲ့ဝင်‌တွေရဲ့ (Capacity Building ) အရည်အ‌သွေးဆိုင်ရာ မြင့်တင်မှုလုပ်ငန်း‌တွေမှာ ကျ‌နော်တို့အများကြီး လုပ်‌ဆောင်နိုင်ခဲ့တယ်။ ဘီအဲန်အိုင်က‌နေ ပြီး‌တော့မှ တခြားသက်ဆိုင်ရာ မီဒီယာ‌တွေကို အား‌ပေးကူညီတဲ့အဖွဲ့နဲ့ ပူး‌ပေါင်းပြီး‌တော့ တခြားသက်ဆိုင်ရာအဖွဲ့ဝင်ရဲ့ အ‌ခြေခံသတင်းပညာသင်တန်း‌တွေ၊ ဓာတ်ပုံသင်တန်း‌တွေ၊ ဗီဒီယို သင်တန်း‌တွေ၊ ဝက်ဘ်ဆိုက်သင်တန်း‌တွေကို ကျ‌နော်တို့သင်‌ပေးခဲ့တယ်။ အဲဒီ‌နောက်ပိုင်းမှာ ကျ‌နော်တို့သက် ဆိုင်ရာ အဖွဲ့ဝင်‌တွေက သူတို့ရဲ့ တခြားလုပ်ငန်းအ‌ပေါ်မှာ ပိုပြီး‌တော့‌အောင်မြင်‌အောင်လုပ်‌ဆောင်လာနိုင်တယ်။ အခြားကျ‌နော်တို့ နှိုင်းယှဉ်ကြည့် လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့‌ခြောက်နှစ်တုန်းက တချို့အဖွဲ့‌တွေက တလကို သ တင်း (၅)ပုဒ်‌လောက်ပဲလိုက်နိုင်တယ်။ အခုဆိုရင် ကျ‌နော်တို့ အဖွဲ့ဝင်‌တွေအားလုံး ပျမ်းမျှခြင်းအားဖြင့် သတင်း အပုဒ်‌ပေါင်း (၂၀)‌ကျော် လိုက်နိုင်တဲ့အ‌ခြေအ‌နေ မှာရှိတယ်။ ဒီအဖွဲ့ဝင်‌တွေရဲ့ သတင်း‌ထောက်အင်အား တိုးလာ တာ‌တွေ့ရတယ်။ တချိန်ထဲမှာပဲ ကျ‌နော်တို့ ‌ခြောက်လတခါ စုစည်းပြီး‌တော့ အစည်းအ‌ဝေး‌ခေါ်ပြီး တဖွဲ့ရဲ့ ထူးခြား တဲ့ အ‌တွေ့အကြုံကို တခြားတဖွဲ့က ဝိုင်းပြီး‌တော့ ‌လေ့လာတာ ‌တွေ့ရတယ်။ အစည်းအ‌ဝေးကိုလည်း သင်တန်း ‌တွေဘာ‌တွေနဲ့ တွဲပြီးလုပ်တတ်တယ်။ အဲဒီလိုမျိုးလုပ်ခြင်းအားဖြင့် ကျ‌နော်တို့အဖွဲ့ဝင်‌တွေအတွက် တချက်ခုတ် နှစ်ချက်ပြတ်အ‌နေနဲ့ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူး‌ပေါ့၊ အစည်းအ‌ဝေး လာတက်တိုင်းမှာ သူတို့အတွက် တခုခု ကျန်သွား‌စေတယ်‌လေ။

‌မေး – ဒီအဖွဲ့ဝင်‌တွေထဲမှာ တိုးတက်မှုအတိုင်းအတာက ဘယ်လိုကွာခြားမှုရှိလဲ၊ ဘာ‌ကြောင့်‌ကော ဘယ်လိုကွာဟမှု‌တွေ ရှိ‌နေတယ်လို့ထင်ပါသလဲ၊

‌ဖြေ – ဒါက‌တော့ ကျ‌နော်တို့ ဒီစတင်ဖွဲ့လိုက်တုန်းက‌တော့ (၄)ဖွဲ့ပါပဲ၊ ‌လေးဖွဲ့က‌နေပြီး‌တော့ တဖြည်းဖြည်း ကချင်နယူးစ်၊ ‌ကောင်းဝါးနယူးစ်၊ တခြားကရင်နီသတင်းဌာန‌တွေ ဝင်လာတဲ့အခါမှာ အခု ကျ‌နော်တို့ (၁၀)ဖွဲ့ ဖြစ်လာတယ်။ သတင်း တဖွဲ့နဲ့တဖွဲ့ဟာ တိုးတက်မှုမတူဘူး၊ အခုဆိုရင် အဖွဲ့ဝင်အား လုံးထဲမှာ မဇ္ဈိမက တကယ့် အတိုးတက်ဆုံး အဖွဲ့ဝင်တဖွဲ့လို့ ကျ‌နော်တို့‌ပြောလို့ရပါတယ်။ ဒီအဖွဲ့ဝင် တိုးတက်တာခြင်းမတူတာက အ‌ခြေအ‌နေ အမျိုးမျိုးရှိပါတယ်၊ တခုက‌တော့ အ‌ရေးကြီးတာက မီဒီယာအဖွဲ့‌ခေါင်း‌ဆောင်မှုက သိပ်အ‌ရေးကြီးတယ်လို့ ကျ‌နော် သုံးသပ်တယ်။ ‌ခေါင်း‌ဆောင်မှု အယ်ဒီတာချုပ်‌တွေ၊ အယ်ဒီတာ‌တွေက ဖွဲ့စည်းပုံ ခိုင်ခိုင်မာမာနဲ့ ဦး‌ဆောင်သွားဖို့ လိုတယ်။ ‌နောက်တခုက တည်ထွင် ကြံဆမှု‌ပေါ့‌နော်၊ ဥပမာ – ကိုယ့်ရဲ့သတင်းအဖွဲ့အစည်းထဲမှာ ပရိဿတ်‌တွေ ကြိုက်လာ‌အောင် အမျိုးမျိုး‌ပေါ့‌နော်၊ ‌ရေဒီယို၊ ဗွီဒီယိုအစီအစဉ်‌တွေ စသဖြင့်‌ပေါ့‌နော်၊ အစီစဉ်အသစ်‌တွေ ထူ‌ထောင် ‌ပေးနိုင်ခြင်းအားဖြင့် ပရိဿတ်‌တွေ အား‌ပေး လာမယ်၊ ပိုက်ဆံ‌ပေးချင်တဲ့လူ‌တွေလည်း အလှူ‌ငွေ‌တွေ‌ပေးလာ တယ်။ ဒီလိုက‌နေ တချို့အဖွဲ့‌တွေက တိုးတက်လာတာ ကျ‌နော်‌တွေ့ရပါတယ်၊ တချို့အဖွဲ့ကျ‌တော့ မတိုးတက်ဘူး လို့ ‌ပြောလို့မရဘူး။ တိုးတက်မှုနှုန်းက နည်းနည်း‌နှေးတာ ‌တွေ့ရတယ်၊ အဲဒီအဖွဲ့ဝင်‌တွေကို ပြန်ကြည့်တဲ့အခါမှာ သူတို့ရဲ့ ‌ခေါင်း‌ဆောင်မှုပိုင်း‌တွေကို အမြဲတမ်းလိုလို‌ပြောင်းလဲတာ ရှိတယ်၊ တ‌ယောက်က ထွက်သွားလိုက်။ တ ‌ယောက်က ဝင်လာလိုက်၊ အစက‌နေ ပြန်လုပ်ရတဲ့ ရုန်းကန်လှုပ်ရှားမှု‌တွေ ကများတယ်၊ အဲလိုမျိုးများတဲ့အခါမှာ သူတို့ရဲ့ တိုးတက်မှုနှုန်း‌တွေ ‌နှေးတာ‌ပေါ့‌နော်၊ ‌နောက်တခုက‌တော့ ‌ဒေသဆိုင်ရာ အ‌ခြေအ‌နေနဲ့လည်း အများကြီး ပတ်သက်တယ်။ တချို့ကျ‌နော်တို့ ဘဂင်္လား‌ဒေ့ရှ်မှာ အ‌ခြေချတဲ့ မီဒီယာအဖွဲ့ဝင်‌တွေ ကျ‌တော့ သူတို့အခြားမီဒီယာ အဖွဲ့နဲ့ အလှမ်း‌ဝေးတယ်။ ‌နေတဲ့‌နေရာက‌တော့ အခက်ခဲအမျိုးမျိုးရှိတယ်၊ လုံခြုံ‌ရေးအခက် အခဲ၊ ရပ်တည်‌ရေးခက် ခဲတဲ့အခါမှာ တိုးတက် သင့်သ‌လောက် မတိုးတက်တာလည်း‌တွေ့ရတယ်၊ တချို့ အိနိ္ဒယမှာရှိတဲ့သတင်းအဖွဲ့လည်း ဒီအတိုင်းပဲ၊ ဘီအဲန်အိုင်က‌နေ သူတို့အခက်အခဲ‌တွေ ‌ကျော်ဖြတ်နိုင်‌အောင် နည်းအမျိုးမျိုးနဲ့ ကူညီ‌ပေးပါတယ်။ ဘီအဲန်အိုင်ရဲ့ တဦးနဲ့တဦး‌ပေါ်မှာ ကူညီမှုအရ အားနည်းတဲ့အဖွဲ့‌တွေကို အဖွဲ့ကြီး ‌တွေက ဝိုင်းပြီး‌တော့ ကူညီ‌ပေး ‌နေတာမျိုး‌တွေ‌ပေါ့‌လေ၊

‌မေး – အခု (၁၃)ကြိမ်‌မြောက် အစည်းအ‌ဝေးပြီး ‌နောက်ပိုင်းမှာ ဘယ်လိုလုပ်ငန်းစဉ်ကို လုပ်‌ဆောင်သွားဖို့ အစီအစဉ်ရှိ‌သေးလဲ၊

‌ဖြေ – ဘီအဲန်အိုင်ကို ပိုမိုကျစ်လစ်ခိုင်မာ‌အောင် ကျ‌နော်တို့ဖွဲ့စည်းချင်တယ်။ အဲဒါ ကျ‌နော်တို့ရည်ရွယ်ချက်ပဲ၊ ဒီလိုဖွဲ့စည်း တာဟာ ဘီအဲန်အိုင် ဖွံ့ဖြိုးတိုးတက်‌ရေးနဲ့ အဖွဲ့ဝင်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လုပ်ငန်းလည်ပတ်‌အောင် ‌ဆောင်ရွက်ဖို့ ကျ‌နော်တို့က (Coordinating Office) ရုံး ရှိဖို့လိုတယ်၊ ရုံးရှိပြီးတဲ့‌နောက်ပိုင်းမှာ ဒီအဖွဲ့ဝင်‌တွေရဲ့ သတင်း‌တွေ၊ ‌နောက် သတင်း‌ဆောင်းပါး‌တွေကို ဒီဦးစီးလုပ်ကိုင်‌နေတဲ့ အယ်ဒီတာ‌တွေ‌ပေါ့‌နော်၊ အယ်ဒီတာ‌တွေက စနစ်တကျနဲ့ ရုံးထိုင်မှ ဖြစ်မယ်လို့ ကျ‌နော်တို့သုံးသပ်မိတယ်၊ ‌နောက်ပြီး‌တော့ ကျ‌နော်တို့ ဝက်ဘ်ဆိုက်ကိုလည်း ဒီထက်ပိုမို‌ကောင်းမွန်‌အောင် ‌နောက်ပြီး‌တော့ (Update) အမြဲတမ်းလုပ်နိုင်‌အောင်လို့ (Webmaster) တို့ ဘာတို့ အမြဲတမ်းသုံးချထားဖို့ရှိပါတယ်။ ‌နောက်ပိုင်း တခြား‌သော (Main Sweat) မီဒီယာအဖွဲ့‌တွေနဲ့ ပိုမိုပြီး ‌တော့ ပူး‌ပေါင်းလုပ်‌ဆောင်နိုင်‌အောင် ဥပမာ- ဗီအို‌အေ တို့ အာရ်အက်‌အေတို့ ဒီဗွီဘီတို့ သူတို့လိုချင်တဲ့ အစီစဉ် ‌တွေကို ကျ‌နော်တို့ ဘီအဲန်အိုင် အဖွဲ့ဝင်က‌နေတဆင့် စနစ်တကျနဲ့ လုပ်‌ဆောင်‌ပေးနိုင်‌အောင် ကျ‌နော်တို့ ကြိုးစား ‌နေပါတယ်။ အဲဒါမှ ကျ‌နော်တို့ ဘီအဲန်အိုင် အ‌ပေါ်မှာ လူ‌တွေက ပိုပြီး‌တော့ ‌လေးစားလာမယ်။ ‌နောက်ပြီး ‌တော့ ကျ‌နော်တို့ရဲ့ ထုတ်လွင့်လိုက်တဲ့ သတင်းအရည်အ‌သွေး‌တွေလည်း သူတို့သိနိုင်တာ ‌ပေါ့‌နော်။ ဘီအဲန်အိုင်မှာ တခု အားသာချက်က‌တော့ ကျ‌နော်တို့က တိုင်းရင်းသားလူမျိုးအားလုံး‌ပေါ့‌နော်၊ အခုဆိုရင် ‌ကေအိုင်စီ အပါအဝင်‌ပေါ့ ‌နော်၊ တိုင်းရင်းသားလူမျိုးအားလုံး စုံညီနည်းပါးရှိပြီး‌ပေါ့‌နော်၊ ဒီလို‌ပေါင်းစည်းထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့ အတွက် ဒီတိုင်းရင်းသား‌ဒေသ‌တွေမှာ ဖြစ်ပျက်‌နေတဲ့ သတင်းအချက်အလက်‌တွေ အားလုံး ကျ‌နော်တို့ ‌ကောက်ယူလို့ ရတယ်၊ ဒါက‌တော့ အားသာချက်ဖြစ်တယ်၊ တချို့‌သော ြ‌ငေည ှတန‌အေ မီဒီယာ ‌တွေက ဒီသတင်းမျိုးကို ‌ကောက်လို့မရတဲ့အတွက် ကျ‌နော်နဲ့ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေပြုလုပ်လာလိမ့်မယ်လို့ ကျ‌နော်ယုံကြည်ပါတယ်။

‌မေး – ဘီအဲန်အိုင်ရဲ့လုပ်ငန်းတိုးတက်မှုအ‌ပေါ် ဘယ်‌လောက်ထိ ‌မျှော်လင့်ထားပါသလဲ၊

‌ဖြေ – ဟုတ်ကဲ့၊ ကျ‌နော်တို့ ‌နောက်‌ခြောက်လ‌လောက်ဆိုရင် ကျ‌နော်တို့ ဒီရုံးလည်ပတ်တဲ့ကိစ္စ‌တွေပြီးမယ်၊ ‌နောက်သက်ဆိုင်ရာ အယ်ဒီတာ‌တွေကို ကျ‌နော်တို့ထားလို့ပြီးမယ်ဆိုရင်‌တော့ ကျ‌နော်တို့‌နောက်‌ခြောက်လ ‌လောက်မှ လုပ်ငန်းပြန်လည် သုံးသပ်မှု‌တွေပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီ‌တော့မှ လုပ်ငန်းဘယ်‌လောက်တိုးတက် လာတယ်၊ ဘာ‌တွေ‌ဆောင်ရွက် ရအုံးမယ်ဆိုတာ ကျ‌နော်တို့ သုံးသပ်ပြီး‌တော့မှ လုပ်ငန်းစဉ် ပြန်ချမှာဖြစ်ပါတယ်။ ‌မျှော်လင့်ချက်က‌တော့ အနာဂတ်မှာဆိုရင် တိုင်းရင်းသားမီဒီယာအဖွဲ့‌တွေက သူတို့ရဲ့လုပ်ငန်း‌တွေကို တိုးတက် ‌အောင်‌ဆောင်ရွက်နိုင်တဲ့နည်းတူ သူတို့က‌နေ စု‌ပေါင်းထားတဲ့ ဘီအဲန်အိုင်ကလည်း ဒီ (Main Swift) မီဒီယာ ထဲမှာ အကျိုးရှိပြီး ထိ‌ရောက်တဲ့ အဖွဲ့တဖွဲ့ဖြစ်ဖို့ ကျ‌နော်တို့ ‌မျှော်လင့်တယ်၊ ‌မျှော်လင့်ထားတဲ့အတိုင်းပဲ ကျ‌နော်တို့ က အဲဒီပန်းတိုင်ကို‌ရောက်ဖို့ ကျ‌နော်တို့က ဆက်လက်ပြီး‌တော့ လှုပ်ရှားသွားမှာဖြစ်ပါတယ်။

‌မေး – ‌နောက်ဆုံးတခု‌ပေါ့‌နော်၊ တိုင်းရင်းသားမီဒီယာအားလုံး စုဖွဲ့ထားတဲ့ ဘီအဲန်အိုင်အ‌နေနဲ့ မြန်မာပြည်ရဲ့ ဒီမိုက‌ရေစီရဖို့ နိုင်ငံ‌ရေး‌ပြောင်းလဲဖို့အတွက် မီဒီယာအားဖြင့် ဘာ‌တွေလုပ်‌ဆောင်သွားဖို့ ရှိသလဲ‌ပေါ့‌နော်၊

‌ဖြေ – မီဒီယာအ‌နေနဲ့ ကျ‌နော်တို့ လုပ်‌ဆောင်နိုင်တဲ့အချက်‌တွေက‌တော့ ဗမာပြည်ထဲမှာ ဖြစ်ပျက်‌နေတဲ့ နိုင်ငံ‌ရေး အ‌ပြောင်းအလဲ ‌တွေကို ကျ‌နော်တို့က အကဲခတ်မယ်၊ ပြည်သူလူထု‌တွေကို ပညာ‌ပေးတဲ့လုပ်ငန်း‌တွေ ကျ‌နော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်၊ မီဒီယာအဖွဲ့အစည်းဖြစ်‌နေတဲ့အညီ ကျ‌နော်တို့က တဖက်တိမ်း‌စောင်းတဲ့အလုပ်မျိုး‌တော့ လုပ်လိုဏ္ဍမရဘူး၊ အဲဒါ‌ကြောင့် ကျ‌နော်တို့က ပြီးခဲ့တဲ့ လူထုဆနခြံယူပွဲကိစဏပဲဖြစ်ဖြစ်။ စစ်အစိုးရ ကျင်းပမဲ့ ‌ရွေး ‌ကောက်ပွဲပဲဖြစ်ဖြစ် အဲဒီကိစဏမျိုး‌တွေမှာ ဒီ‌ရွေး‌ကောက်ပွဲက ဘယ်‌လောက်စစ်မှန်လဲ၊ ဘယ်‌လောက်သန့်ရှင်းလဲ၊ အဲဒါကို ကျ‌နော်တို့ ပြည်သူလူထုကို သတင်းပို့ရမှာဖြစ်ပါတယ်၊ တချိန်ထဲမှာပဲ ကျ‌နော်တို့ တိုင်းရင်းသား‌တွေ‌ပေါ့ ‌နော်၊ နိုင်ငံ‌ရေးအ‌ပြောင်းအလဲမှာ ဘာ‌တွေထူးခြားလဲ။ ဘာ‌တွေ ‌ကောင်းလာလဲ နို့မဟုတ်ရင် အရင်ကအတိုင်းလိုပဲ ကျ‌နော်တို့က ခံစား‌နေရသလားဆိုတဲ့ ကျ‌နော်တို့ရဲ့ ဒီဗမာပြည်မှာ ဖြစ်ပျက်‌နေတဲ့ အ‌ခြေအ‌နေ‌တွေကို သတင်းအ ချက်အလက်‌တွေ စုစည်းတင်ပြနိုင်‌အောင် ကျ‌နော်တို့ ကြိုးစား‌ဆောင်ရွက်သွား မှာဖြစ်ပါတယ်။