Home သတင်း အဖက်ဖက်မှ အခွန်‌ဆောင်ရ‌သော‌ကြောင့် မြဝတီမြို့ရှိ ပြည့်တန်ဆာများ ငြီးတွား‌နေ

အဖက်ဖက်မှ အခွန်‌ဆောင်ရ‌သော‌ကြောင့် မြဝတီမြို့ရှိ ပြည့်တန်ဆာများ ငြီးတွား‌နေ

2190
ဩဂုတ်လ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

စားဝတ်‌နေ‌ရေးအခက်အခဲ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ မှာ ပြည့်တန်ဆာအလုပ်နှင့် အသက်‌မွေး‌နေကြသည့် အမျိုးသမီးများကို သက် ဆိုင်ရာ အာဏာပိုင်များက အဆမတန် ‌ငွေညှစ်‌နေ‌သော ‌ကြောင့် အဆင်မ ‌ပြေဖြစ်‌နေ ကြရသည်ဟု ၎င်းတို့ အသိုင်းဝိုင်းနှင့် နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရသည်။

ပြည့်တန်ဆာအလုပ် လုပ်ကိုင်သူ အမျိုးသမီးတ‌ယောက်သည် မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးတင့်လူကို လစဉ် ၁၀,၀၀ဝ ကျပ် ‌ပေးရသည့်အပြင် တခြားသက် ဆိုင်ရာ အာဏာပိုင်များကိုလည်း ‌ပေးရ‌သေး‌ကြောင်း အမည်မ‌ဖော်လိုသည့် မြဝ တီမြို့က ပြည့်တန်ဆာ တ‌ယောက်က‌ပြောသည်။

ပြည့်တန်ဆာရုံနှင့် နီးစပ်သူတဦးက “ မြို့နယ်မှူးက အဲဒီရုံ‌တွေမှာ ရှိတဲ့ ပြည့်တန်ဆာမ တ‌ယောက်ကို (၁)‌သောင်း စီ သူ့တပည့်‌တွေကို လိုက်‌ကောက် ခိုင်းတယ်။ သူတို့ (ပြည့်တန်ဆာမများ)‌တွေက နယ်ထိန်းလာလည်း ‌ပေးရ တယ်။ မူးယစ်က လာလည်း ‌ပေးရတယ်။ စသုံးလုံးလာလည်း ‌ပေးရတယ်။ စယဖကို လည်း လစဉ်အခွန်တင် ရတယ်။ ဒီမြို့နယ်မှူး‌ကောက်တဲ့ဟာကျ‌တော့ အပိုဆု ဖြစ်‌နေတာ‌ပေါ့။ ခန့်မှန်းကြည့်‌ပေါ့ တလကို ၁‌သောင်း၊ ၁‌သောင်း‌ပေးရတယ်ဆို ‌တော့” ဟု ‌ပြောသည်။

သတ်မှတ်ထားသည့်အတိုင်း မ‌ပေးနိုင်ပါက အပိတ်ခံရမည် ဖြစ်‌ကြောင်း အာဏာပိုင်များက မကြာခဏ သတိ ‌ပေး‌နေ‌ကြောင်းလည်း သိရသည်။

အဆိုပါ အမျိုးသမီးအများစုမှာ ပြည်တွင်းတွင် အဆင်မ‌ပြေမှုမျိုးစုံ၊ ဒုက္ခမျိုးစုံ ကြုံခဲ့ရသည့်အတွက် ‌နောက်ဆုံးတွင် နယ်စပ်‌ဒေသကို ထွက်လာကာ ပြည့်တန်ဆာအလုပ် လုပ်ကိုင်ပြီး မိသားစုကိုပြန်လည် ‌ထောက်ပံ့ ‌နေကြသူများ ဖြစ်ကြပါသည်။

ဧရာဝတီတိုင်း ‌ဒေးဒရဲမြို့နယ်က ‌ရောက်လာပြီးး မြဝတီ ပြည်တန်ဆာခန်း တခုတွင် အလုပ်လုပ်‌နေသူ အမျိုးသမီး တဦးက “ပြီးခဲ့နှစ်က နာဂစ်မုန်တိုင်း ထိတဲ့ဒဏ်ခံရတယ်။ ကျမဒီမှာ‌ရောက်‌တော့ နာမည် ‌ပြောင်းထားတယ်။ အစ်မ က‌တော့ ရန်ကုန်မှာ‌နေပါတယ်။ ကျမအ‌မေနဲ့ ‌မောင်‌လေးက‌တော့ နာဂစ်မှာ ပါသွားတယ်။ အ‌ဖေ‌တော့ ရှိတယ်။ လယ်လည်းမရှိ‌တော့ဘူး။ ခြံလည်း မရှိ ‌တော့ဘူး။ အဆက်အသွယ်တ ‌ယောက်နဲ့ ဒီမှာလာလုပ်တာ။ ဒီမှာလာ လုပ်တာ အ‌ဖေ့ကို ‌ငွေပို့နိုင်တယ်‌ပေါ့‌နော်။ အ‌ဖေ့ကို လာလုပ်‌ကျွေးသ‌ဘောနဲ့ ကျမလာလုပ် တာ ဖြစ်တယ် ” ဟု ‌ပြောသည်။

မြို့နယ်ရဲမှူးကြီးအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များအ‌နေဖြင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး လုပ်ကိုင်ရှာ‌ဖွေ စား‌သောက်‌နေရသည့် အဆိုပါ မရှိဆင်းရဲသား အမျိုးသမီးများကို သားသမီးချင်းကိုယ်ချင်းစာပြီး အတင်းအဓမ္မ အာဏာသုံးပြီး ‌ငွေမ‌တောင်းသင့်‌ကြောင်း ယင်းမြဝတီမြို့ခံက ‌ပြောသည်။

မြဝတီမြို့ရှိ ပြည်တန်ဆာရုံ ‌ပေါင်း (၅၀)နီးပါးရှိပြီး အများစုမှာ မြန်မာ့တပ်မ‌တော် အရာရှိ‌ဟောင်းများနှင့် တိုးတက် ‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)အရာရှိကြီးများ ပိုင်ဆိုင်ကြပြီး ရုံတရုံလျှင် ပြည့်တန်ဆာ အနည်း ဆုံး ၁ဝ ဦး ခန့်ရှိ‌ကြောင်း သိရသည်။