Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များ၏စကားလက်‌ဆောင် (ဇွန်လိုင် -၂၀၀၉)

လူငယ်များ၏စကားလက်‌ဆောင် (ဇွန်လိုင် -၂၀၀၉)

2290

အမည် – ‌စော‌ထောင်း‌ထော့စူ ၂၃နှစ်
ပညာအရည်အချင်း – အထက်တန်းလွန်အဆင့်
‌နေရပ် – ဖားပြ‌ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်

ကျ‌နော်က ‌မောင်နှမ ၄ ‌ယောက်မှာ ဒုတိယ‌မြောက်သားဖြစ်တယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် တွဲဖက် အထက ဖားပြ‌ကျောင်းက‌နေ ခလယ်တံခွန်တိုင်၊ တွဲဖက်အထက၊ ပြီး‌တော့ ကြာအင်းဆိပ်ကြီးမြို့မှာ ဆယ်တန်း‌အောင်တယ်၊ ဆယ်တန်းမ‌အောင်ခင် ၂၀၀၁ ခုနှစ်က ‌ကေအဲန်ယူ တပ်မဟာ(၆)ရဲ့အထူး တပ်ရင်းမှာ တပ်သားအဖြစ် ဝင်‌ရောက်ခဲ့တယ်။ အသက်လည်းငယ်‌သေး‌တော့ ‌ခေါင်း‌ဆောင်‌တွေက ပညာဆက်သင်ဖို့ တိုက်တွန်းတယ်၊ ၂၀၀၂ခုနှစ်မှာ အထက်တန်း‌အောင်ပြီး ထီးနယ်ချီးရွာ မူလတန်း ‌ကျောင်းမှာ တနှစ် ‌ကျောင်းဆရာလုပ်တယ်၊ ပြီး‌တော့ နို့ဖိုးဒုက္ခသည်စခန်းက ကရင်စီးပွား‌ရေးနဲ့ ဖွံ့ဖြိုး တိုးတက်‌ရေးသင်တန်း‌ကျောင်း(‌ကေအီးဒီစီ)မှာ ၂နှစ် ‌ကျောင်းတက်တယ်၊ ကျ‌နော့်ရဲ့ တပ်ရင်းမှာပဲ ပြန်‌နေတယ်။ အ‌ခြေခံစစ်သင်တန်းနဲ့ နိုင်ငံ‌ရေးသင်တန်း‌တွေ တက် တယ်၊ ဗဟိုက ဖွင့်လှစ်တဲ့ ဗိုလ် သင်တန်းကို လာတက်ရင်း သင်တန်းမပြီးခင် လွန်ခဲ့တဲ့ ဇွန်လမှာ ဒီ‌ကေဘီ‌အေနဲ့ နအဖတပ်‌တွေက တပ်မဟာ(၇)ကို လာတိုက်‌တော့ အဲဒီတိုက်ပွဲမှာ ကျ‌နော်ဒဏ်ရာရခဲ့တယ်။

ကျ‌နော်က ငယ်ငယ်ကတည်းက စစ်သားလုပ်ချင်တာ၊ ကရင်လူထု‌တွေအတွက် မားမားမတ်မတ်ရပ်တည် ‌ပေးတဲ့ စစ်သား‌ကောင်း။ စစ်ဗိုလ်တ‌ယောက် ဖြစ်ချင်တာ ကျ‌နော့်ရဲ့ ရည်ရွယ်ချက်ပါ၊ နအဖ တပ်‌တွေက ကျ‌နော်တို့ ရွာသူ ရွာသား‌တွေကို နှိပ်စက်တာ‌တွေ၊ ‌ပေါ်တာ‌ခေါ်တာ ငယ်ငယ်ကတည်းက ‌တွေ့ရမြင်ရ ‌တော့ စိတ်ထဲမှာမ‌ကောင်း ဘူး။ ကျ‌နော်ကိုယ်တိုင်လည်း ‌ပေါ်တာထမ်းခဲ့ဖူးတယ်။ ကျ‌နော်တို့လူမျိုး‌တွေ အဖိနှိပ်ခံရတဲ့ဘဝက လွတ်‌မြောက် ‌အောင်လုပ်ဖို့ ဆုံးဖြတ်ပြီး ကရင့်‌တော်လှန်‌ရေးထဲကို ဝင်လာတာပါ။ ဒါဟာ ကျ‌နော်တို့ရဲ့တာဝန်ဖြစ်တယ်။ ကျ‌နော် အခု မျက်လုံးတဖက်၊ လက်တဖက် ဆုံးရှူံသွားခဲ့‌ပေမယ့် လုံးဝ စိတ်ဓာတ်မကျဘူး။ အားလည်းမငယ်ဘူး၊ ပိုလို့ ‌တောင် စိတ်ဓာတ်ပြင်းလာပါတယ်။

ကျ‌နော့်အမျိုးသားအတွက် အများကြီး လုပ်‌ဆောင်ရဦးမယ်ဆို‌တော့ အရင်ကထက် ပိုကြိုးစားသွားမယ်။

ကရင့်‌တော်လှန်‌ရေးဟာ နှစ်‌တွေကြာလာ‌ပေမယ့် စစ်မှန်တဲ့ ‌တော်လှန်‌ရေးလို့ ကျ‌နော်ယုံကြည်တယ်။ ကျ‌နော်တို့ အမျိုးသား‌ရေးအတွက် လက်ဆင့်ကမ်း လုပ်‌ဆောင်ရမယ့်တာဝန်‌တွေက ကျ‌နော်တို့လူငယ် ‌တွေရဲ့ လက်ထဲမှာ ရှိတယ်။ အဲဒါ‌ကြောင့် ပြည်တွင်းပြည်ပမှာရှိတဲ့ လူငယ်‌တွေအားလုံး အခုချိန်မှာ မျက်စိ ဖွင့် နားစွင့်ပြီး ကိုယ်လုပ်နိုင် တဲ့ ရှု‌ထောင့်နဲ့ လက်တွဲလုပ်‌ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။ ‌တော်လှန်‌ရေး အလုပ်ဟာ လက်နက်ကိုင်မှ လုပ်တာ မဟုတ်ပါဘူး။ မီဒီယာဘက်မှာပဲဖြစ်ဖြစ်၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး အပြင် အခြားရှု‌ထောင့်နဲ့လည်း လုပ်နိုင်တာ‌တွေ အများကြီးပါ။ ကျ‌နော်တို့ကရင်‌တွေဟာ နိုင်ငံ‌ရေးနိုးကြားမှုအားနည်းပြီး ယုံကြည်လွယ်တဲ့အတွက် သူများဖြိုခွဲတိုင်း မကွဲသင့်ဘဲ ကွဲသွားတယ်။ ဒီ‌ကေဘီ‌အေ၊ ငြိမ်းချမ်း‌ရေးအဖွဲ့‌တွေကို အပြစ်မဆိုချင်‌ပေမဲ့ သူတို့ရဲ့လုပ်ရပ်‌တွေကို ရပ်တန့်သင့်ပြီ။ မကြာခင်မှာ နအဖ စစ်အစိုးရ တပ်တံဆိပ်၊ ‌ကျွေးတဲ့လစာနဲ့စားပြီး ခိုင်းတိုင်းလိုက်လုပ်ရဖို့ သူတို့ တပ်အသွင်‌ပြောင်းရ‌တော့ မယ်။ သူတို့လုပ်ခဲ့သမျှ လူထု‌တွေ ဘာမှမခံစားရတဲ့အပြင် ပိုပြီးဒုက္ခ‌ရောက်တယ်။ ဒါ‌ကြောင့် အ‌ခြေအ‌နေ အရပ်ရပ်ကို သုံးသပ်ပြီး လက်နက်‌ပြောင်း ပြန်လှည့်ဖို့ အချိန်တန်ပြီလို့‌ပြောချင်တယ်။


‌နော်မူမူဝင်း ၂၂နှစ်
ဝါသနာ ‌ဆေးဆရာမ
ပညာ ဆယ်တန်း‌အောင်

ကျမက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်။ မြစ်ကျိုး‌ကျေးရွာကပါ၊ ‌မွေးချင်း‌မောင်နှမ (၅)‌ယောက်မှာ ကျမက အကြီး ဆုံးသမီးပါ၊ မိဘ‌တွေက‌တော့ ရွာမှာပဲ၊ ရွာရဲ့ မူလတန်း‌ကျောင်းမှာ ‌လေးတန်းအထိ ‌ကျောင်းတက် ခဲ့ပြီး ‌ကျောင်း စရိတ်က တနှစ်ထက်တနှစ် ပိုမိုမြင့်မားလာတဲ့အခါကျ‌တော့ ‌ကျောင်းဆက်တက်ဖို့ ရွာက‌နေ ထိုင်း-မြန်မာနယ်စပ် မဲ‌ခေါင်ခါ့ကရင်ဒုက္ခသည်စခန်းကို ၂၀၀၁ခုနှစ်မှာ ‌ရောက်လာပါတယ်၊ ရွာမှာက ပညာ‌ရေး သိပ်မ‌ကောင်းဘူး၊ ‌ကျောင်းဆရာ။ ဆရာမ‌တွေဆို ရင်လည်း ပညာ‌ရေးနိမ့်ကျတယ်၊ သူတို့က ‌စေတနာရှိလို့ တတ်သ‌လောက်၊ မှတ်သ‌လောက်နဲ့ ‌ကျောင်းသား‌တွေကို စာသင်‌ပေးတာ။ ဒါ‌ကြောင့် ပညာ‌ရေးဟာ ထင်သ‌လောက် မထိ‌ရောက်ဘူး ‌ပေါ့‌နော်။ ဒုက္ခသည်စခန်းမှာ ‌ကျောင်းတက်တဲ့အခါကျ‌တော့ စားဝတ်‌နေ‌ရေးဆို ရင်လည်း မြန်မာပြည်မှာ‌နေတုန်း ကလို သိပ်မပူပန်ရဘူး၊ ‌ကျောင်းသူ‌ကျောင်း သား‌တွေအတွက် အဓိက လိုအပ်တဲ့ ‌ကျောင်းသုံးပစ္စည်း စာအုပ်၊ ခဲတံနဲ့ ‌ဖောင်တိန်‌တွေကအစရတယ်။

မဲ‌ခေါင်ခါးစခန်းက‌နေ မယ်လအူးစခန်းကို‌ပြောင်းပြီး ၂၀၀၇ ခုနှစ်မှာ ကျမ ဆယ်တန်း‌အောင်တယ်၊ မိဘ‌တွေက ကျမကို ‌ဆေးဆရာမ ဖြစ်‌စေချင်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ရွာမှာက ‌ရောဂါဖြစ်တဲ့သူ များပြီး ‌ဆေးဆရာ။ ဆရာမ‌တွေ ‌တော်‌တော်နည်းတယ်။ မြို့အထိလည်း အကုန်ကျခံပြီးသွား မကုနိုင်ကြ ဘူး‌လေ၊ ‌နောက်တခုက ‌ဆေးဝါး‌တွေ ‌ဈေးအရမ်းကြီးတဲ့အခါကျ‌တော့ ရွာမှာ ‌ဆေးကုတဲ့ ဆရာ။ ဆရာမ ‌တွေကလည်း တွက်‌ခြေမကိုက်‌တော့ဘဲ အခြားအသက်‌မွေးဝမ်း ‌ကျောင်းအလုပ်တခုခုကို‌ပြောင်းလုပ်သွား ကြတယ်၊ ကျမတိုဏ္ဍရွာမှာ ကျန်းမာ‌ရေးဆိုင်ရာ ပညာ‌ပေးမှု‌တွေကလည်း အရမ်းအား နည်း‌သေးတယ် ‌လေ၊ ကျမအ‌နေနဲ့ ‌တော့ ဒီ‌ဆေးသင်တန်းပြီးရင် ရွာမှာပဲ အလုပ်ပြန်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ရွာမှာ ‌ဆေးခန်းဖွင့်နိုင်တဲ့အထိ လည်း ‌မျှော်မှန်းထားပါတယ်၊ ဖြစ်မဖြစ်ဆိုတာက တပိုင်း‌ပေါ့။ ကျမရဲ့ရွာကို ကျန်း မာ‌ရေးပိုင်းက‌နေ တတ်နိုင်တဲ့ ဘက်က အ‌ကောင်းဆုံး လုပ်‌ဆောင်သွားချင်တယ်၊ ဒါ‌ကြောင့် ‌ဆေး သင်တန်းတက်ဖို့ စိတ်အားထက်သန်တာ လည်းဖြစ်တယ်။

အခု ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်း‌ရေးလည်း မရှိ‌သေးတဲ့အခါကျ‌တော့ ကိုယ့်အမျိုးသားအတွက် အကျိုး ရှိမယ့်ဟာ တခုခုကို လုပ်ရမှာပဲ၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်း ‌ရေးရဖို့ဆိုရင် ကျမတို့လူငယ်‌တွေ လူကြီး‌တွေနဲ့ ပူးတွဲအလုပ်လုပ်ရမှာ ဖြစ်တယ်။ ကိုယ်‌မျှော်မှန်းထားတဲ့ ပန်းတိုင်‌ရောက်ဖို့အတွက် အပြန်အလှန် နားလည် မှုရှိရှိနဲ့ တက်ညီလက်ညီ ချီတက်ကြစို့လို့ ကျမ‌ပြောချင်ပါတယ်။