Home သတင်း လက်ဖက်‌တောင်သူများ ‌ပြောင်းဖူးနှင့်ဆန်‌ရော စား‌နေရ

လက်ဖက်‌တောင်သူများ ‌ပြောင်းဖူးနှင့်ဆန်‌ရော စား‌နေရ

2063
ဩဂုတ်လ ၃။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ရှမ်းပြည်နယ်‌မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ လက်ဖက်‌တောင်သူများသည် စီးပွား‌ရေး ကြပ်တည်းမှု‌ကြောင့် စားနပ်ရိက္ခာပြတ် လပ်သည့် ပြဿနာများနှင့် ရင်ဆိုင်‌နေရသည်ဟု တအာင်း(ပ‌လောင်)‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ယ‌နေ့ ‌ပြောသည်။

အဆိုပါ လက်ဖက်‌တောင်သူများသည် လက်ဖက်‌ဈေး အဆမတန် ကျဆင်းလာသည့်အ‌ပေါ် ဆန်ဝယ်စားနိုင်ခြင်းမရှိသည် အ တွက် ‌ပြောင်းဖူး၊ သစ်ဥ၊ သစ်ဖု၊ ပိန်းဥ၊ အသီးအရွက်များကို ဆန်နှင့်‌ရော၍ စား‌နေရသည့် အ‌ခြေအ‌နေတွင်ဖြစ်‌နေ‌ကြောင်း တအာင်း‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အ‌ထွေ‌ထွေအ တွင်း‌ရေးမှူး မိုင်း‌အောင်ကိုက ‌ပြောသည်။

“ကျ‌နော်တို့ ပ‌လောင်ပြည်သူ‌တွေဟာ အဓိက ဒီလက်ဖက်လုပ်ငန်းနဲ့ပဲ အသက်ရှင်တယ်။ လက်ဖက်ကို ‌ရောင်းပြီး‌တော့မှ ဒီ ဆန်‌တွေ၊ ဆီ‌တွေ ဝယ်စားရနိုင်တာ‌လေ။ အခုဟာ လက်ဖက်‌ဈေးက တအားကျ‌နေ‌တော့ ထွက်တဲ့လက်ဖက်နဲ့ သူတို့စားဖို့ ‌သောက်ဖို့က မကာနိုင်ဘူးဖြစ်‌နေတယ်။ အဲဒါ‌ကြောင့်မို့လို့ ‌ပြောင်းဖူးတို့၊ ရရာသစ်ဥသစ်ဖုတို့ကို ဆန်နဲ့‌ရောပြီး‌တော့ စား‌နေရ တယ်”ဟု ‌ပြောသည်။

ယင်းသို့ လက်ဖက်‌တောင်သူများ စားနပ်ရိက္ခာ ကြပ်တည်းသည့်ပြဿနာ ရင်ဆိုင်‌နေရသည်မှာ လွန်ခဲ့သည့် ဇူလိုင်လ ဒုတိယ ပတ်မှ စတင်ခြင်းဖြစ်ပြီး နမ့်ဆန်မြို့တွင် ဆန်တအိတ်လျှင် ကျပ်‌ငွေ (၂၅,၀၀၀)‌ကျော် ‌ဈေးရှိ‌သော်လည်း လက်ဖက်‌ခြောက် တပိဿာလျှင် ကျပ်‌ငွေ ၁၀၀ဝကျပ်ခန့်သာ ‌ဈေးရှိ‌သော‌ကြောင့် ပ‌လောင်ပြည်သူများအ‌နေဖြင့် စားဝတ်‌နေ‌ရေး ‌ဖြေရှင်းရခက် ‌နေ‌ကြောင်း သူက ဆက်‌ပြောသည်။

အလားတူ နမ့်ဆန်မြို့နယ် နမ့်လင်းရွာမှ လက်ဖက်‌တောင်သူတဦးက “ဒီနှစ်က လက်ဖက်‌ဈေးက လုံးဝ မ‌ကောင်း‌တော့ ဆန် ကို လုံလုံ‌လောက်‌လောက် မဝယ်စားနိုင်ဘူး။ တချို့မိသားစု‌တွေက မြင်း‌ကျွေးတဲ့ ‌ပြောင်းဖူး‌စေ့ကို ကြိတ်ပြီး‌တော့ ဆန်နဲ့‌ရော ပြီး ချက်စားကြရတယ်။ တချို့မိသားစု‌တွေက ပိန်းဥ၊ ‌ဂေါ်ရခါးသီး၊ ဖရုံသီးတို့နဲ့‌ရောပြီး ချက်စားရတယ်။ ထမင်းသက်သက် စား နိုင်တာက ချမ်းသာတဲ့ မိသားစု‌တွေ‌လောက်ပဲ ကျန်တယ်”ဟု ‌ပြောသည်။

နမ့်ဆန်မြို့နယ်တွင် ‌ပြောင်းဖူး၊ သစ်ဥ၊ ပိန်းဥများကို ဆန်နှင့်‌ရောပြီး ချက်ပြုတ်စား‌သောက်‌နေရ‌သော ပ‌လောင်ပြည်သူ သုံးပုံ (၁)ပုံခန့်ရှိပြီး တခြားမြို့နယ်များတွင် လက်ဖက်အ‌ရောင်းမထွက်‌သော်လည်း တရုတ်ပြည်နှင့် နီးစပ်‌သော‌ကြောင့် စားဝတ်‌နေ ‌ရေး ‌ဖြေရှင်းနိုင်သည်ဟု တအာင်း‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး တွဲဘက်အတွင်း‌ရေးမှူး(၂) မိုင်းအိုက်ဒဲ့က ‌ပြော သည်။

ယခုနှစ် မတ်လ(၁၂)‌နေ့က နအဖစစ်အစိုးရ၏ ကျန်းမာ‌ရေးဝန်ကြီးဌာနက လက်ဖက်တွင် ကျန်းမာ‌ရေးကို ထိခိုက်‌စေနိုင်‌သော ဓါတု‌ဗေဒဆိုး‌ဆေးများ ပါဝင်‌သော‌ကြောင့် စားသုံးရန် မသင့်‌ကြောင်း ‌ကြေညာခဲ့ပြီး‌နောက်ပိုင်းမှစ၍ ပ‌လောင်ပြည်သူများသည် လက်ဖက်အ‌ရောင်းမသွက်‌တော့ဘဲ စားဝတ်‌နေ‌ရေး အကြပ်အတည်းများနှင့် စတင်ရင်ဆိုင်လာခဲ့ရသည်။