Home သတင်း မယ်လဒုက္ခသည်စခန်းတွင် A H1N1 ‌ရောဂါ ပိုးရှိသူ (၄)ဦး စမ်းသပ်‌တွေ့ရှိ

မယ်လဒုက္ခသည်စခန်းတွင် A H1N1 ‌ရောဂါ ပိုးရှိသူ (၄)ဦး စမ်းသပ်‌တွေ့ရှိ

1793
ဩဂုတ်လ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ ‌မြောက်ဘက်ရှိ မယ်လဒုက္ခသည်စခန်းတွင် A-H1N1 ‌ခေါ် Swine flu ‌ရောဂါပိုးရှိသူ (၄)ဦး ကို ဩဂုတ်လ(၁၀)ရက်‌နေ့တွင် စမ်းသပ်‌တွေ့ရှိခဲ့သည်ဟု သိရှိရသည်။

ယခုလ ၂ရက်‌နေ့က A-H1N1 ‌ရောဂါပိုးရှိသည်ဟု သံသယရှိသည့် က‌လေးငယ် (၄)ဦး၏ နှာရည်များကို မဲ‌ဆောက်‌ဆေးရုံသို့ ပို့‌ဆောင်စမ်းသပ်ခဲ့ပြီး‌နောက် ယမန်‌နေ့က အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်း ‌ဆေးရုံအုပ် ‌စော‌နေစဲန်က ယခုလို ‌ပြောဆိုသည်။

၎င်းက “ဩဂုတ်လ ၂ရက်‌နေ့မှာ အသက် (၃)နှစ်ရှိတဲ့ က‌လေးမ‌လေးတ‌ယောက်က ‌ဆေးရုံကို လာပြတာ‌ပေါ့‌နော်။ အဲဒီ က‌လေးဟာ ‌ချောင်းဆိုးပြီး‌တော့ အပူချိန်တအားတက်တဲ့ လက္ခဏာ‌တွေ့ရှိရ‌တော့ SMRU က (Pneumonia Survey)လုပ် တယ်။ ပြီး‌တော့ မဲ‌ဆောက်ကို သူတို့ ပို့လိုက်တယ်။ အဲဒီအချိန်ကျမှ ကျ‌နော်တို့စခန်းမှာ A-H1N1 ရှိ‌နေတယ်ဆိုတာ သိရ တယ်။ ‌နောက်ထပ် က‌လေး ၃‌ယောက်ရဲ့ နှာရည်‌တွေကိုလည်း SMRU က သူတို့‌ဆေးရုံကို ယူသွားပြီး စမ်းသပ်မှု‌တွေလုပ်‌တော့ A-H1N1 ‌ရောဂါပိုး ‌တွေ့ရှိ တယ်လို့ ‌ပြောတယ်”ဟု ဆိုသည်။

ယခု ဖြစ်ပွား‌နေသည့် A-H1N1 ‌ရောဂါသည် အပူချိန်တက်ခြင်း၊ ‌ချောင်းဆိုးခြင်း၊ နှာ‌စေးခြင်း၊ လည်‌ချောင်းနာခြင်းနှင့် ရင်ကြပ် ခြင်း စသည့်လက္ခဏာများ ဖြစ်‌ပေါ်သည်ကို ‌တွေ့ရှိရ‌ကြောင်း သူက ဆက်‌ပြောသည်။

A-H1N1 ‌ရောဂါပိုး စမ်းသပ်‌တွေ့ရှိသည့် က‌လေးငယ်များမှာ ဇုံဘီ ရပ်ကွက်(၃)ရှိ အသက် ၁ဝလမှ ၃နှစ် အရွယ်ကြားရှိ မိန်း က‌လေးနှစ်ဦးနှင့် ‌ယောက်ျား‌လေးနှစ်ဦးဖြစ်ကြပြီး လက်ရှိအချိန်တွင် မယ်လစခန်းရှိ ‌အေအမ်အိုင်‌ဆေးရုံ၌ မိန်းက‌လေးလူနာ တဦးအား ‌နေရာသီးသန့်ထား‌ပေးကာ ‌ဆေးကုသထားကာ ကျန် က‌လေးငယ်(၃)ဦးကိုမူ ShowKlo Maleria Reseach Unit (SMRU)က တာဝန်ယူ ‌စောင့်‌ရှောက်ထားသည်ဟု သိရသည်။

ယင်းသို့ စခန်းတွင်း A-H1N1 ‌ရောဂါပိုး‌တွေ့ရှိရခြင်းမှာ လူနာ‌လေးဦးထဲမှ တဦးသည် စခန်းအပြင်ဘက်တွင် အလုပ်သွားလုပ် သည့် မိဘများနှင့် သွား‌ရောက်‌နေထိုင်ပြီး စခန်းတွင်း ပြန်လည်‌ရောက်ရှိလာရာမှ စတင်ဖြစ်ပွားကာ ကူးစက်ပျံ့ပွားလာခြင်း ဖြစ်နိုင်‌ကြောင်း ဆရာ‌စော‌နေစဲန်က ခန့်မှန်း‌ပြောဆိုသည်။

“‌ရောဂါပိုး‌တွေ့ရှိတဲ့ က‌လေးလူနာ‌တွေထဲက အယ်ထူးဆိုတဲ့ က‌လေးတ‌ယောက်ဟာ မဲ့စရိမှာသွား‌နေပြီး သူ့အ‌မေနဲ့ တလတခါ စခန်းထဲကို ပြန်လာတတ်တယ်။ ‌ရောဂါပိုး‌တွေ့တဲ့ ၃နှစ်အရွယ် ‌နော်‌ဘွေ့စိုးနဲ့ သူက တအိမ်တည်း‌နေကြတာ။ ကျ‌နော်တို့ ထင် မြင်ယူဆချက်အရဆိုလို့ရှိရင် အယ်ထူးဆိုတဲ့က‌လေးဆီက‌နေ ဒီ Swine Flu ပါလာပြီး အဲဒီက‌နေတဆင့် ကူးစက်လာတာလို့ ထင်တယ်။ မယ်လစခန်းထဲမှာပဲ‌နေပြီး ဖြစ်လာနိုင်စရာ အ‌ကြောင်းမရှိဘူး‌လေ”ဟု သူက ‌ပြောသည်။

မယ်လဒုက္ခသည်စခန်း
မယ်လဒုက္ခသည်စခန်း

အဆိုပါ A-H1N1 ‌ရောဂါအ‌ခြေအ‌နေနှင့် ပတ်သက်၍ ‌အေအမ်အိုင်ကျန်းမာ‌ရေးဝန်ထမ်းများက ‌ရောဂါပိုး‌တွေ့ရှိသည့် က‌လေး ငယ်များ၏ အိမ်သားများကို အခြားအိမ်နီးနားချင်းများထံသို့ မသွားရန်နှင့် အနီးအနား‌နေအိမ်များကိုလည်း ၎င်းက‌လေးလူနာ များ၏အိမ်သို့ မသွားရန်လည်း တားမြစ်ထားသည့်အပြင် ရပ်ကွက်တိုင်းတွင် ကွင်းဆင်းပညာ‌ပေးမှုများ လုပ်‌ဆောင်လျှက်ရှိ သည်။

လူဦး‌ရေ ၅‌သောင်း‌ကျော်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုကဲ့သို့ Swine flu ‌ရောဂါပိုးကို စတင် ‌တွေ့ရှိပြီးဖြစ်‌သော် လည်း ထိုင်း-မြန်မာနယ်စပ်ရှိ အခြားဒုက္ခသည်စခန်းများတွင်မူ ဖြစ်ပွားမှုမရှိ‌သေး‌ကြောင်း စုံစမ်းသိရှိရသည်။